တကျော့ နှစ်ကျော့ တေးကိုသီ (သီချင်း)
တကျော့ နှစ်ကျော့ တေးကိုသီသည် ၁၉၇၁ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် မြန်မာရုပ်ရှင် တကျော့ နှစ်ကျော့ တေးကိုသီ၏ ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်သည်။ ထိုရုပ်ရှင်၏ အဆုံးသတ်တွင် တေးသံရှင် တင်တင်မြမှ သီဆိုထားသည်။
ဂီတလုလင်မောင်ကိုကိုမှ ရေးစပ်ပေးထားသည်။ သီချင်း၏ အစပိုင်းကို ဆရာကြီးမင်းသုဝဏ်၏ ပန်းသည်ကဗျာ၏ ပထမ (၂)ပိုဒ်ကို ယူ၍ ရေးစပ်ထားသည်။[၁]နောက်ပိုင်းတွင် တေးသံရှင်များမှ ပြန်လည်သီဆိုခဲ့ကြပြီး လူကြိုက်များနေဆဲ ဇာတ်ဝင်တေးဖြစ်သည်။[၂]
၂၀၁၉ခုနှစ်တွင် The Voice Myanmar အဆိုပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် ပြိုင်ပွဲဝင်တစ်ဦးသည် ဤသီချင်းဖြင့် ယှဉ်ပြိုင်ခဲ့သည်။ သီချင်း၏ မူလပုံစံနှင့် ကွဲထွက်ပြီး အဓိပ္ပာယ်လွဲမှားစွာ သီဆိုခဲ့သည်ဟုဆိုကာ ဝေဖန်ခြင်း ခံခဲ့ရသည်။[၃]
မူရင်းအဆိုရှင် တင်တင်မြသည် ၂၀၂၀ပြည့်နှစ်တွင် ပြုလုပ်သည့်မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အစီအစဉ်များတွင် ဤသီချင်းအား ပြန်လည်သီဆိုခဲ့သည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ "မမေ့နိုင်သော ကဗျာတေးတစ်ပုဒ်"။ 25 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 September 2021။
- ↑ "ယနေ့ခေတ်တိုင်အောင် ရေပန်းစားနေဆဲဖြစ်သည့် နှောင်းခေတ်ဇာတ်ဝင်တေးသီချင်းများ"။
- ↑ ""တစ်ကျော့နှစ်ကျော့ တေးကိုသီ"သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူးလို့ ဟေဇယ် ပြော "။
- ↑ "အဆိုတော်ကြီး တင်တင်မြ သီဆိုသည့် “တကျော့နှစ်ကျော့တေးကိုသီ”ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)"။