တင်မိုး (၁၉ နိုဝင်ဘာ ၁၉၃၃ – ၂၂ ဇန်နဝါရီ ၂၀ဝ၇) သည် မြန်မာနိုင်ငံသား ကဗျာဆရာတစ်ဦး ဖြစ်သည်။

တင်မိုး
မွေးဖွားဘဂျမ်း
(၁၉၃၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၉)နိုဝင်ဘာ ၁၉၊ ၁၉၃၃
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာ
ကွယ်လွန်ဇန်နဝါရီ ၂၂၊ ၂၀၀၇(၂၀၀၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၂) (အသက် ၇၃)
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့
အလုပ်အကိုင်မြန်မာစာသင် ဆရာ
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ
ပညာရေးဘီအေဘွဲ့
စာပေအမျိုးအစားကဗျာ
ရရှိသည့်ဆုများစာဗေဗိမာန်ဆု၊ အမျိုးသားစာပေဆု၊ စာပေယဉ်ကျေးမှု အထိမ်းအမှတ်ဆု (Prince Laus Award)
အိမ်ထောင်ဖက်ဒေါ်မြင့်မြင့်စန်း
သားသမီးမမိုးမိုးစံ၊ မမိုးမိုးအေး၊ မမိုးမိုးနှင်း၊ မမိုးချိုသင်း၊ မောင်ဉာဏ်မိုးစန်း
မိဘဦးဘအို + ဒေါ်စံထယ်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

မြင်းခြံခရိုင်တောင်သာမြို့နယ်ကန်မြဲရွာတွင် ၁၉၃၃-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၌ အဖ ဦးဘအို (စက်ချုပ်)၊ အမိ ဒေါ်စံထယ်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဘဂျမ်းဖြစ်ပြီး၊ မွေးချင်း ၃ ဦးတွင် ဒုတိယဖြစ်၏။ ဇဂျမ်းတိုင်းရင်းမြန်မာ အလယ်တန်းကျောင်း၊ ကန်မြဲ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရကျောင်း၊ ပခုက္ကူ ဆရာဦးခင်မောင်ကြီး ကျူရှင်ကျောင်း၊ ရေစကြိုအစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ကန်မြဲရွာ လူငယ်စာကြည့်တိုက် တည်ထောင်သူနှင့် အတွင်းရေးမှူး၊ ရေစကြိုကျောင်းသားသမဂ္ဂ ဉာဏဗလမှူး၊ ရေစကြိုကလောင်ရှင်အသင်းတည်ထောင်သူနှင့် အတွင်းရေးမှူးစသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ကန်မြဲစာကြည့်တိုက်တွင် အရုဏ်ဦး ၅ ရက် တစ်ကြိမ်ထုတ် လက်ရေး သတင်းစာကို ထုတ်ခဲ့ပြီး ရေစကြိုအစိုးရ အထက်တန်းကျောင်းတွင် ဒေါင်းနီ နံရံကပ်လက်ရေးစာစောင်ကို ထုတ်ဝေခဲ့သည်။

၁၉၅၀ ခုနှစ် သီတင်းကျွတ်အထူးထုတ် ဗဟိုရ်စည်သတင်းစာတွင် ဝါကျွတ်သဘင်ကဗျာကို 'ကန်မြဲသက်နှင်း' အမည်ဖြင့် စရေးသည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်မဂ္ဂဇင်း (၁၉၅၁) တွင် 'ကန်မြဲနန်းမြင့်နွယ်' ကလောင်အမည်ဖြင့် လယ်ထဲက တေးသံချို စသောကဗျာများ ရေးခဲ့သည်။ ၁၉၅၅ ခုနှစ်၌ လူထုဂျာနယ်တွင် 'ကိုရင်ဂျမ်း' အမည်စသုံးပြီး 'စန်းရောင်' အမည်ဖြင့်လည်း ကဗျာများရေးခဲ့သည်။

ဒသမတန်းစာမေးပွဲ (၁၉၅၇) တွင် မြန်မာစာဂုဏ်ထူးဖြင့်အောင်မြင်ပြီး တက္ကသိုလ်ပညာသင်ရန် မရေမရာဖြစ်နေချိန်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ၏ ညွှန်ကြားချက်အရ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခက မန္တလေးတက္ကသိုလ်၌ လာရောက်သင်ကြားဖို့ အကြောင်းကြားခေါ်ယူခဲ့သည်။ ထို့ကြောင့် မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။

၁၉၅၇ - ၆၇ - အထက်တန်းပြဆရာအဖြစ် အမှုထမ်း။ ၁၉၅၇ ခုနှစ်မှစ၍ မန္တလေးပွဲကုန်းကျောင်း၊ မန္တလေး ဆေးတက္ကသိုလ်ကျောင်း (၁၉၅၈ - ၁၉၅၉)၊ မြင်းခြံ အောင်တက္ကသိုလ်ကျောင်း(၁၉၅၉ - ၁၉၆၀)ရန်ကုန်ဗီအီးအေ အလွတ်ပညာသင်ကျောင်း (၁၉၆၀ - ၁၉၆၁)၊ မန္တလေး နေပြည်တော်အထက်တန်းကျောင်း (၁၉၆၂ - ၁၉၆၇) နှင့် အမှတ်(၁၇) အထက တို့၌ အထက်တန်းဆရာအဖြစ် အမှုထမ်းခဲ့ပြီး မြန်မာစာသင်ကြားပို့ချခဲ့သည်။ ၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ မန္တလေးတက္ကသိုလ် ကလောင်အသင်း ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းတွင် အခိုးခံရသော ကာရံကလေးများ ကဗျာမှအစပြု၍ 'တင်မိုး' အမည်ယူခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်းက ထုတ်ဝေသည့် ပထမဆုံးလုံးချင်းကဗျာစာအုပ် ‘ဖန်မီးအိမ်’ သည် တင်မိုး၏ ပထမဆုံးလုံးချင်းကဗျာစာအုပ်ဖြစ်ပြီး ထိုနှစ်အတွက် စာပေဗိမာန်ဆုကို ရရှိသည်။ ၁၉၆၀ - ၆၁ ခုနှစ်အတွက် မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ‘လှေတစင်းနှင့် သီချင်းသည်’ ကဗျာစာအုပ်ထွက်သည်။ ၁၉၆၃ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ဆရာမဒေါ်မြင့်မြင့်စန်းနှင့် လက်ထပ်သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ အမှုဆောင်အဖြစ် ၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ (၁၉၆၄) တွင် ‘မြန်မာကဗျာနှင့် အလားအလာ’ စာတမ်း တင်သွင်း ဖတ်ကြားသည်။ ၁၉၆၅ ခုနှစ်တွင် ‘အမေ့ကျောင်း’ ကဗျာစာအုပ်ထွက်သည်။

‘ပန်းဈေးခင်း’ ကဗျာစာအုပ် (၁၉၆၇) နှင့် ‘ပိတောက်မှသရဖီသို့’ ထွက်သည်။ ‘မိုးဦးပန်းအစမ်းစာ’ စာအုပ်တွင် ပါဝင်ရေးသားသည်။ ၁၉၆၇ - ၆၈ ခုနှစ်များတွင် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် စာပြုလက်ထောက်အယ်ဒီတာ ဖြစ်သည်။ ၁၉၆၉ ခုနှစ် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲတွင် ‘ကဗျာလမ်း’ စာတမ်းဖတ်ကြားသည်။ ‘စိမ်းလန်းသောအိပ်မက်’ (၁၉၆၉)၊ ‘နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း’ (၁၉၇၃)၊ ‘ပုဂံကျောင်းကခေါင်းလောင်းသံ’ (၁၉၇၇) ကဗျာစာအုပ်များထွက်သည်။ ‘ထီးကလေးနဲ့မနီ’ ကလေးကဗျာစာအုပ်သည် ၁၉၇၀ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသည်။ ၁၉၇၁ ခုနှစ်တွင် ‘ပျိုးခင်းတေးသံ’ ကလေးကဗျာစာအုပ်ထွက်သည်။ ၁၉၇၂ ခုနှစ်တွင် ‘ခုနှစ်စဉ်ကြယ်’ စာပေယဉ်ကျေးမှုဆောင်းပါးစု စာအုပ်ထွက်သည်။

၁၉၆၆ - ၆၇ - လူထု သတင်းစာ ကဗျာအယ်ဒီတာ။

၁၉၆၆ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်းဖတ်ပွဲ တွင် ယနေ့ဗမာစာပေ စာတမ်းကို မောင်စွမ်းရည်နှင့် တွဲဖက်တင်။

၁၉၆၇ - ပန်းဈေးခင်း ကဗျာစာအုပ်ထွက် ပိတောက်မှသရဖီသို့ ထွက်။ မိုးဦးပန်းအစမ်းစား စာအုပ်တွင် ပါဝင်ရေးသား။

၁၉၆၇ - ၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြု လက်ထောက်အယ်ဒီတာ။

၁၉၆၉ - အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာတမ်း ဖတ်ပွဲတွင် ကဗျာလမ်း စာတမ်းဖတ်ကြား။

၁၉၆၉ - စိမ်းလန်းသောအိပ်မက် ကဗျာစာအုပ်ထွက်။

၁၉၇၀ - ထီးကလေးနဲ့မနီ ကလေးကဗျာစာအုပ်ထွက် (ထိုနှစ်အတွက် အမျိုးသားစာပေဆု)။

၁၉၇၁ - ပျိုးခင်းတေးသံ ကလေးကဗျာစာအုပ်ထွက်။

၁၉၇၂ - ခုနှစ်စဉ်ကြယ် (စာပေယဉ်ကျေးမှုဆောင်းပါးစု) စာအုပ်ထွက်။

၁၉၇၃ - နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ကဗျာစာအုပ်ထွက်။

၁၉၇၇ - ပုဂံကျောင်းက ခေါင်းလောင်းသံ ကဗျာစာအုပ်ထွက်။

၁၉၈၈ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင်များအဖွဲ့တွင် ပါဝင်ဆောင်ရွက်။

၁၉၈၉ - အမေ့သားစကားတိုးတိုးပြောလှည့်ပါ ကဗျာ။ ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းသို့ ကဗျာများ ရေးခဲ့။

၁၉၉၁ - နဒီငါးသွယ် စာအုပ် (ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) မောင်ခိုင်မာ၊ ခင်ဝင်းသစ် တို့နှင့် ပူးတွဲရေး) ထွက်ရှိ။

၁၉၉၁ - ၉၅ - ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ်ဘဝတွင် ထိန်းသိမ်းခံရ။

၁၉၉၇ - ကံကော်ရိပ်မှအိပ်မက်များ ကဗျာစာအုပ်ထွက်။ မပန်းဖြူရဲ့အမေ့ကျောင်း ကဗျာတိတ်ခွေထွက်။

၁၉၉၈ - စက်တင်ဘာလတွင် ကန္တာရနှစ်များ ကဗျာစာအုပ်ထွက်။

၁၉၉၉ - ဩဂုတ် ၁၁ တွင် သမီးမိုးမိုးနှင်း နေထိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက်နေထိုင်။ အာအက်ဖ် အေ၊ ဗွီအိုအေအသံလွှင့်ဌာနများတွင် စာရေးသားခြင်း အသံလွှင့်ခြင်းများ ပြုလုပ်ခဲ့။

၂၀ဝ၀ - ပြည့်နှစ် ဗုဒ္ဓနှင့်တွေ့ဆုံခြင်း ကဗျာစာအုပ်ထွက်။

၂၀ဝ၄ - (၁၉၉၉-၂၀ဝ၄) တင်မိုးကဗျာပေါင်းချုပ်ထွက်။ တင်မိုးနှင့် ၁၂-လရာသီခံစားမှု အသံစီဒီထွက်။ နယ်သာလံမှ စာပေယဉ်ကျေးမှု အထိမ်းအမှတ်ဆု(Prince Laus Award) ချီးမြင့်ခံရ။ မိုးမခရေဒီယိုနှင့် မီဒီယာတွင် အမှုဆောင်လူကြီး။

၂၀ဝ၅ - အညာလမ်းမှတမာလမ်း ကဗျာစာအုပ်ထွက်။

၂၀ဝ၇ - ဇန္နဝါရီ ၂၂ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိမြို့မှာ ကွယ်လွန်။ သားသမီး (၅)ဦးထွန်းကားခဲ့ (၁) မမိုးမိုးစံ (၂) မမိုးမိုးအေး (၃) မမိုးမိုးနှင်း (၄) မမိုးချိုသင်း (၅) မောင်ဉာဏ်မိုးစန်း (၁၉၉၉-တွင်ကွယ်လွန်)။

ထုတ်ဝေခဲ့သော စာအုပ်များ ပြင်ဆင်ရန်

စကားပြေစာအုပ်များ ပြင်ဆင်ရန်

  1. ကိုရင်ဂျမ်း အစမ်းစာ
  2. ပိတောက်မှသရဖီသို့
  3. ခုနှစ်စဉ်ကြယ်
  4. ကံကော်မြိုင်စာတမ်း (စုပေါင်း)
  5. မိုးဦးပန်းအစမ်းစာ (စုပေါင်း)
  6. စပယ်ကုံးစာစီစာကုံး (ကက်နက်ဘစိန်-အင်္ဂလိပ်ပြန်)
  7. ပန်းလက်ဆောင်
  8. အရူးတျောက်

ကဗျာစာအုပ်များ ပြင်ဆင်ရန်

  1. ဖန်မီးအိမ်
  2. လှေတစင်းနှင့် သီချင်းသည်
  3. ပန်းဈေးခင်း
  4. စိမ်းလန်းသော အိပ်မက်
  5. နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း
  6. ပုဂံကျောင်းကခေါင်းလောင်းသံ
  7. ကံ့ကော်ရိပ်မှ အိပ်မက်များ
  8. ကန္တာရနှစ်များ
  9. နဒီငါးသွယ် (စုပေါင်း)
  10. ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
  11. အညာလမ်းမှ တမာလမ်း
  12. တင်မိုးကဗျာပေါင်းချုပ် (၉၉-၂၀ဝ၄)

ကလေးကဗျာစာအုပ် ပြင်ဆင်ရန်

  1. ထီးကလေးနဲ့ မနီ
  2. ပျိုးခင်းတေးသံ
  3. ပူစီ
  4. အမေ့ကျောင်း
  5. ကလေးကဗျာပန်းဥယျာဉ် (၁၉၉၈)

ကိုးကား ပြင်ဆင်ရန်

ချစ်သမီးလေးမမိုးအေးသို့ ဆိုသည့်ပေးစာသုတရသစကားပြေကိုလည်းရေးခဲ့သည်။ ယခုထိုပေးစာသည်Grade7တွင်သင်နေရပြီ ဖြစ်သည်။