ဦးတင်လှိုင် (၁၅ မေ ၁၉၃၇–၂၃ ဇွန် ၂၀၁၉) သည် မြန်မာအမျိုးသားအဆိုတော်တစ်ဦး ဖြစ်သည်။ ဂန္ထဝင်သီချင်းများကို သီဆိုခဲ့သူ ဖြစ်သည်။ အလွမ်းအဆွေးသီချင်းများ သီဆိုလေ့ရှိသူ ဖြစ်သည်။[၁]

ဦးတင်လှိုင်ကို ၁၉၃၇ ခုနှစ် မေလ ၁၅ (မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် နယုန်လဆန်း ၇) ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂] ၁၉၅၆ ခုနှစ်တွင် စန္ဒယားဘိုကြီးအဖွဲ့ဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။[၂]

ဘဝနိဂုံး ပြင်ဆင်ရန်

ဦးတင်လှိုင်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ အသက် (၈၃) နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် စမ်းချောင်းမြို့နယ်၊ ဆာကူရာဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ၂၅ ရက်နေ့တွင် ထိန်ပင်သုဿာန်၌ သင်္ဂြိုဟ်ပြီး အရိုးပြာကို မွေးရပ်ဇာတိဖြစ်သည့် ရေနံချောင်းတွင် ဂူသွင်းမည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ဇွဲဉာဏ် (၂၄ ဇွန် ၂၀၁၉)။ ဂန္ထဝင်အဆိုတော်ကြီး (ဦး)တင်လှိုင် ကွယ်လွန်။ 24 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ နှင်းနှင်းအောင် (၂၃ ဇွန် ၂၀၁၉)။ ဂန္ထဝင် ရေဒီယိုအဆိုတော်ကြီး ဦးတင်လှိုင် ကွယ်လွန်မြန်မာတိုင်း(မ်)။ 24 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။