တင်ဝင်း၊ မ (ဒေါက်တာ)
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
အလင်္ကာကျော်စွာ စည်သူ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) | |
---|---|
မွေးဖွား | တင်ဝင်း ၁၉၄၀ (အသက် ၈၄–၈၅) ဆင်ဖြူကျွန်းမြို့မင်းဘူးခရိုင်မကွေးတိုင်း |
အလုပ်အကိုင် | ပါမောက္ခ |
နိုင်ငံလူမျိုး | မြန်မာ |
လူမျိုး | ဗမာ |
ပညာရေး | ပါရဂူ (စာပြနည်းပညာ) |
ရရှိသည့်ဆုများ |
အမျိုးသားစာပေတစ်သက်တာစာပေဆု စည်သူဘွဲ့ (2025) |
မိဘ | ဦးဘဌေး + ဒေါ်ရင်ရင် |
ကိုယ်ရေးရာဇဝင်အကျဉ်း
ပြင်ဆင်ရန်၁၉၄၀-ခုနှစ်တွင် မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ အဖ-ဦးဘဌေး၊ အမိ-ဒေါ်ရင်ရင်တို့က မွေးဖွားသည်။ အမည်ရင်း ဒေါ်တင်ဝင်းဖြစ်သည်။
၁၉၅၆ - ရေနံချောင်းမြို့ အ့ထ့က(၁)မှ တက္ကသိုလ်ဝင်တန်းအောင်။
၁၉၅၈ - မကွေးဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သည်။
၁၉၆၁ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိ။ ဆိုဗီယက်ပြည်ထောင်စုသို့ ပညာသင်သွားရောက်ခဲ့။
၁၉၆၃ - ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ ပညာရေး ဝိဇ္ဇာဘွဲ့ရရှိသည်။ ရေနံချောင်းမြို့၊ အ့ထ့က(၁)တွင် အထက်တန်းပြ ဆရာမအဖြစ်တာဝန်ထမ်းဆောင်။
၁၉၆၈ - ပညာတန်ဆောင် မဂ္ဂဇင်းတွင် ပညာရေးဆိုင်ရာ ဆောင်းပါးများ စတင်ရေးသား။
၁၉၇၀ - ပြည့်တွင်စာပြနည်းပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့။ ပညာရေးတက္ကသိုလ် သင်ပြနည်းပညာ ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိ။ လက်ရှိရာထူးမှာ ပါမောက္ခဖြစ်သည်။
၁၉၉၄ - မြည်းတစ်ကောင်နှင့်မတင်ဝင်း စာအုပ်ထွက်။
၁၉၉၅ - ရာဇဝင်ထဲမှ မိန်းမသား စာအုပ်ထွက်။ သမီးကိုပြောဖြစ်သောပုံပြင်များ စာအုပ်ထွက်။
၁၉၉၆ - လွတ်လပ်ပေါ့ပါးသော စိတ်ထားရှိပါစေ စာအုပ်ထွက်။
၁၉၉၇ - နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ စာအုပ်ထွက်။
၁၉၉၈ - ငယ်ငယ်ကကြားဖူးခဲ့သော မိန်းမများအကြောင်း။ သားနှင့်မိဘ စသောစာအုပ်များထွက်။
၁၉၉၉ - စစ်သူကြီးများနှင့် စစ်ဘုရင်များ၊ ဇာတိနှင့်အစဉ်အလာ၊ ဒါလေးကိုဖတ်ကြည့်ပါဦး၊ ဘုံအနှမ်းမှ လူဆန်းများ၊ မေမေပြောတဲ့ ရှေးရှေးစကား၊ မှတ်သားမိသောစကားများ၊ ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်၊ မင်းကျန်စစ်ကိုချစ်တဲ့သူများ စသော စာအုပ်များထွက်။
၂၀ဝ၀ - ကြီးပွားထူးချွန်သူနှင့်အလုပ်၊ ကြယ်စင်ပွင့်လင်းသောစိတ်ထားဖြင့်၊ စကားနှင်းပွင့်များ၊ ပညာလိုလျှင် ပျိုမျစ်တယ်၊ မပျက်စီးအောင် ဒါတွေရှောင်၊ လူငယ်များနှင့်စကားပြောခြင်း၊ လောကကိုဆရာတင်၍၊ အတွေး ပါသောဇာတ်ကြောင်းများ၊ အတွေးမိုးစက်များ၊ အလှရတနာသိုက်ဖွင့်လိုက်စမ်းပါ၊ အောင်မြင်ခြင်း-ပျော်ရွှင်ခြင်း နှင့် မိသားစု၊သမိုင်းစဉ်တွင်နေရာယူခြင်း စသောစာအုပ်များထွက်။
၂၀ဝ၁ - ကိုယ်ပဲလူကြီး-ကိုယ်ပဲခလေး၊ ကြည်ညိုဖွယ်ရာမာတာများ၊ ထက်မြက်ထူးချွန်သူတို့၏နုတ်ထွက် စကားများ၊ပုလဲတစ်လုံးရွဲတစ်လုံး၊ ပံ့သကူအတွေးများ၊ ရေကြည်ချမ်းမြ၊ လက်ဆင့်ကမ်းရတနာ၊ သမီးအလိမ္မာ မရုစာ၊ အောင်စိတ်နှင့်လူ စသောစာအုပ်များထွက်။ ကုန်းဘောင်ကိုဆန်၍စာအုပ်ထွက်(အမျိုးသားစာပေဆုနိုင်ငံ ရေး-စာပေဆုရ)။ ထင်ရှားသောကမ္ဘာ့သုခမိန်များ စာအုပ်ထွက်။
၂၀ဝ၂ - ပုံပြင်ကြိုက်သူ ဝင်စားသူ၊ ပြောစရာမကျန်အောင် အမှန်တွေကို အကုန်ပြောပြမယ်၊ သားလိမ္မာလှ သုဝဏ္ဏ၊ အမေ့ရဲ့ စကားပုံရိပ်များ၊ အလုပ်ဆိုတာ အင်အားပါ၊ အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စသော စာအုပ် များထွက်။
၂၀ဝ၃ - အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ(အမျိုးသားစာပေ နိုင်ငံရေး-ဆုရ)။ စာပေများ ဆက်လက်ရေးသားပြုစုလျက်ရှိ။
ထင်ရှားသောစာအုပ်အချို့
ပြင်ဆင်ရန်- ရာဇဝင်ထဲက မိန်းမသား
- စစ်သူကြီးများနှင့်စစ်ဘုရင်များ
- ဇာတိနှင့်အစဉ်အလာ
- ထင်ရှားသောကမ္ဘာ့သုခမိန်များ
- နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ
- ညောင်ရမ်းမင်းဆက်(၁၁)ဆက်
- ကုန်းဘောင်ကိုဆန်၍
- မင်းကျန်စစ်ကိုချစ်တဲ့သူများ
- သမိုင်းစဉ်တွင်နေရာယူခြင်း
- အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ
ရရှိခဲ့သော ဆုတံဆိပ်များ
ပြင်ဆင်ရန်၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ကို စတင်ရရှိခဲ့သည်။ ထို့ပြင် အမျိုးသားစာပေဆုကို ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသော နယ်ချဲ့များ စာအုပ်ဖြစ် နိုင်ငံရေးစာပေဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မင်းယောက်ျားတို့၏ စကားရာဇဝင် စာအုပ်ဖြင် စာပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) အရ စည်သူဘွဲ့ အပ်နှင်းခြင်းခံရသည်။