တပ်ကုန်းမြို့နယ်

မြန်မာနိုင်ငံ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ မြို့နယ်

တပ်ကုန်းမြို့နယ် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တပ်ကုန်းမြို့နယ်ရှိ လူဦးရေမှာ ၂၁၆,၉၅၀ ယောက်[၁] ဖြစ်သည်။

တပ်ကုန်းမြို့နယ်
Tatkon Township
မြို့နယ်
တပ်ကုန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တပ်ကုန်းမြို့နယ်
တပ်ကုန်းမြို့နယ်
ကိုဩဒိနိတ်: 20°7′N 96°13′E / 20.117°N 96.217°E / 20.117; 96.217
နိုင်ငံ မြန်မာ
နယ်မြေနေပြည်တော် ပြည်ထောင်စုနယ်မြေ
မြို့တော်တပ်ကုန်းမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၁၆,၉၅၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

တပ်ကုန်းမြို့အား ပြည်ထဲရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာနခွဲ၏ (၅-၇-၆၀)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇၃)ဖြင့် တရားဝင် မြို့နယ်အဖြစ် အသိအမှတ် ပြုခဲ့သည်။ သို့ရာတွင် ၁၉၅၇-ခု၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး ဦးဘဆွေ ကြွရောက်၍ မြို့နယ်ဖွင့်ပွဲ ကျင်းပခဲ့သည်။ ပထမဆုံး မြို့ပိုင်မှာ ဦးထွန်းမောင် ဖြစ်ပြီး ၁၃၁၃-ခု၊ နတ်တော်လဆန်း (၉)ရက်နေ့တွင် တာဝန်ထမ်းဆောင်သည်။ [၂]



ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 23, 2015 တွင် ပြန်စစ်ပြီး
  2. ဆင်ကျုံးဆရာတော် ရေးသားပြုစုသည့်၊ ရမည်းသင်းခရိုင်သမိုင်းနှင့် ရမည်းသင်း ရာဇဝင်၊ ဒုကြိမ်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀၊ စာ-၁၄