တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)

ဗိုလ်သင်တန်းကျောင်းအား ၁၉၄၆ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် ပြင်ဦးလွင်မြို့၌စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁)မှ(၁၆)ထိ နှင့် အရာရှိငယ်သင်တန်းအမှတ်စဉ်(၁)မှ(၁၁)ထိဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ ခုနှစ် ဇွန်လ တွင် ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ခဲပြီး ဗိုလ်လောင်းသင်တန်း(၁၇)မှ (၂၈)ထိ၊ အရာရှိငယ်သင်တန်းအမှတ်စဉ်(၁၂)မှ (၂၀)ထိ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မှော်ဘီမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)မှ (၈၂)ထိ၊ အရာရှိငယ်သင်တန်းအမှတ်စဉ်(၂၁)မှ (၃၉)ထိ၊ အလုပ်သင်ဗိုလ်လောင်းအမှတ်စဉ် (၁)မှ (၁၉)ထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ဗထူးတပ်မြို့သို့ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈၃)မှ (၁၂၄)ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၁၂ရက်တွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)
တည်နေရာ
ဗထူးတပ်မြို့ရှမ်းပြည်နယ်
 မြန်မာ
သတင်းအချက်အလက်
အမျိုးအစားဗိုလ်သင်တန်းကျောင်း
ဆောင်ပုဒ်နောင်တစ်ခေတ်၏ စစ်ခေါင်းဆောင်
တည်ထောင်၁၉၄၈; ၇၆ နှစ် အကြာက (၁၉၄၈)
အာဏာပိုင်ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်
ဘာသာစကားမြန်မာဘာသာ
Affiliation တပ်မတော်

ရည်ရွယ်ချက် ပြင်ဆင်ရန်

တပ်မတော်(ကြည်း)တွင် အရည်အသွေးပြည့်ဝသော အရာရှိများဖြစ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုအားကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်အတွက် မွေးထုတ်ပေးရန်။

ကိုးကား ပြင်ဆင်ရန်