တပ်မတော် ဆေးတပ်ဖွဲ့
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
တပ်မတော် ဆေးတပ်ဖွဲ့ (Myanmar Army Medical Corps) သည် တပ်မတော် (ကြည်း) ရှိ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ ဖြစ်ပြီး တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တာဝန်ရှိသူများ ဖြစ်သည်။ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး၏ လက်အောက်တွင် ရှိသည်။
တပ်မတော်(ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ | |
---|---|
လှုပ်ရှားချိန် | ၁ အောက်တိုဘာ ၁၉၄၇ | – လက်ရှိ
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | စစ်အကူလက်ရုံးဝန်ထမ်း |
အခန်းကဏ္ဍ |
|
တပ် အရွယ်အစား | ၂၀,၀၀၀ |
ဆောင်ပုဒ် | ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန် |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဗမာ့လွတ်လပ်ရေးတပ်မတော်သည် လွတ်လပ်ရေးအတွက် စစ်ကြောင်း သုံးကြောင်းဖြင့် ဝင်ရောက်ခဲ့စဉ် ထားဝယ်မြို့တွင် စစ်မဖြစ်မီက ရှိခဲ့သော သူနာပြုတပ်ဖွဲ့သည် ထားဝယ်စစ်ကြောင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့ကာ ရန်ကုန်မြို့သို့ ၁၉၄၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကြပြီး အရာရှိတစ်ဦးနှင့် သူနာပြုရဲဘော် ၂၀ ခန့်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ဆေးရုံကြီးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ တပ်ခွဲမှူး၊ တပ်စုမှူး အရာရှိနှင့် တပ်စုနှစ်ခုခန့် သူနာပြုတပ်ဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးစီသော ရန်ကုန်မှ အထက်ဗမာပြည် ချီတက်တိုက်ခိုက်ရေးတပ်များ၏ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ခဲ့သည်။[၂]
ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ်တွင် တပ်မတော်စစ်ဆေးရုံများကို ဖွင့်လှစ်ခဲ့ရာ စစ်ဝန်ကြီးရုံး၊ ဆေးဘက်ဌာန၊ ရန်ကုန် စစ်ဆေးရုံ၊ မန္တလေးစစ်ဆေးရုံ၊ ပျဉ်းမနား စစ်ဆေးရုံ၊ ပဲခူးစစ်ဆေးရုံနှင့် အနောက်တိုင်းစစ်ဌာနချုပ် ဖြစ်သော အောင်လံ၊ ပြလို့စခန်းဆေးရုံတို့ကို အပါအဝင်ဖြစ်သည်။ စစ်ဝန်ကြီးဆေးရုံ၊ ဆေးဘက်ဌာန စတင်ဖွင့်လှစ်စဉ်က ခေတ္တဆေးမှူးချုပ်မှာ ဗိုလ်ကြီး မောင်မောင် ဖြစ်သည်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ဗိုလ်မှူး မောင်မောင်ကြီးက ဗိုလ်ကြီးမောင်မောင်ထံမှ ဆေးမှူးချုပ်တာဝန်ကို လွှဲပြောင်း လက်ခံခဲ့သည်။[၂]
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဆေးတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ဗဟိုဆေးတပ် (မင်္ဂလာဒုံ)၊ တပ်မတော်ဆေးရုံကြီး (မင်္ဂလာဒုံ)၊ အမှတ် (၁) အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀) မေမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) မိတ္ထီလာ၊ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) ရန်ကုန်၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) ပြည်မြို့၊ အမှတ် (၁) ရှေ့တန်းအခြေချစစ်ဆေးရုံ (ခုတင်-၇၅) ဗထူး၊ အမှတ် (၁) စစ်မြေပြင်ဆေးရုံ (ခုတင်-၁၀၀) လားရှိုး၊ အမှတ် (၂) နယ်လှည့်ခွဲစိတ်နှင့် ဓာတ်မှန်ရိုက်တပ် (မင်္ဂလာဒုံ)၊ အမှတ် (၁) နယ်လှည့်ဆေးတပ်ရင်း၊ အမှတ် (၁၃၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၂၃၂) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၃၃၃) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၄၃၄) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၅၃၅) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၁) ငှက်ဖျားနှင့် ကျန်းမာရေးတပ် (မှော်ဘီ)၊ အမှတ် (၁) အခြေချဆေးသိုလှောင်ရေးတပ်၊ အမှတ် (၁) ရှေ့တန်းအခြေချ ဆေးသိုလှောင်ရေးတပ်၊ ကျောက်ကပ်တုတပ် (မင်္ဂလာဒုံ)၊ အမှတ် (၂) နာလန်ထစခန်း (ခုတင်-၂၀၀)၊ ခြေတုလက်တု အလုပ်ရုံ၊ အမှတ် (၁) အဆုတ်ရောဂါတိုက်ဖျက်ရေးနှင့် နယ်လှည့်ဓာတ်မှန်ရိုက်တပ်၊ သွားဆေးကုဌာနတို့ အပါအဝင် တပ်မတော်ဆေးတပ်ဖွဲ့သည် တပ်ပေါင်း ၂၃ တပ်ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၂]
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- တပ်မတော် ဆေးသုတေသနတပ်၊ နေပြည်တော်
- တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၊ မှော်ဘီ
- အမှတ်(၁) စစ်မြေပြင်ဆေးတပ်ရင်း၊ မန္တလေး
- အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း၊ တောင်ကြီး
- အမှတ်(၃) စစ်မြေပြင်ဆေးတပ်ရင်း၊ တောင်ငူ
- အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်း၊ ပုသိမ်
- အမှတ်(၅) စစ်မြေပြင်ဆေးတပ်ရင်း၊ မော်လမြိုင်
- အမှတ်(၆) စစ်မြေပြင်ဆေးတပ်ရင်း၊ မှော်ဘီ
- အမှတ်(၇) စစ်မြေပြင်ဆေးတပ်ရင်း၊ မုံရွာ
- အမှတ်(၈) စစ်မြေပြင်ဆေးတပ်ရင်း၊ စစ်တွေ
- အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန်
- အမှတ်(၁၀) စစ်မြေပြင်ဆေးတပ်ရင်း၊ လားရှိုး
- အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ ဗန်းမော်
- အမှတ်(၁၂) စစ်မြေပြင်ဆေးတပ်ရင်း ၊ကျိုင်းတုံ
- အမှတ်(၁၃) စစ်မြေပြင်ဆေးတပ်ရင်း၊ မြိတ်
- အမှတ်(၁၄) စစ်မြေပြင်ဆေးတပ်ရင်း၊ တိုက်ကြီး
- ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်၊ နေပြည်တော်
(တစ်နိုင်ငံလုံးအနေဖြင့် စစ်မြေပြင် ဆေးတပ်ရင်း ၁၄ ခုကို ဖြန့်ကျက်နေရာချထားသည်။ စစ်မြေပြင်ဆေးတပ်ရင်းတစ်ခုစီတွင် စစ်မြေပြင်ဆေးတပ်ဖွဲ့ သုံးဖွဲ့၊ စစ်မြေပြင်ဆေးရုံ ၃ ခုနှင့် အထူးတပ်ဖွဲ့ တစ်ခုစီ ပါဝင်သည်။)
ကိုးကား
ပြင်ဆင်ရန်- ↑ မြဝတီ Webportal (၂၂-၁၀-၂၀၂၂)။ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု။ မြဝတီစာပေတိုက်။ ၀၅-၀၆-၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ညောင်ဦးဖီး (၀၉-၀၅-၂၀၂၂)။ တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲမှသည် တပ်မတော်ဆေးတပ်ဖွဲ့၏ ဂုဏ်ကိုထွန်းလင်းတောက်ပစေလျက် …… (in မြန်မာဘာသာ)။ Myanmar Digital News။ ၁၉-၀၅-၂၀၂၃ တွင် ပြန်စစ်ပြီး။