စစ်အကူလက်ရုံးဝန်ထမ်း ဟူသော ဝေါဟာရသည် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ တိုက်ခိုက်ရေးအဖွဲ့၏ တိုက်စွမ်းရည် ကောင်းမွန်စေရန်အတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အသုံးပြုရသည့် ရေရှည်တည်တံ့ခိုင်မြဲသော ဝန်ဆောင်မှုများ ပံ့ပိုးပေးသည့် အဖွဲ့အစည်းများကို ရည်ညွှန်းလေသည်။

တိုက်ခိုက်ရေး။ ပင်မတိုက်ပွဲဝင် တိုက်ခိုက်ရေး အဖွဲ့။

စစ်လက်ရုံး။ ပစ်ခတ်မှု စွမ်းအားဖြင့် တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံး။ ပစ်ခတ်မှုမဟုတ်သော အခြား တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံးဝန်ထမ်း။ တိုက်ပွဲဝင် တပ်ဖွဲ့ မဟုတ်သော အခြားအုပ်ချုပ်မှုကိစ္စများ ပံ့ပိုးပေးသော အဖွဲ့။

ယူနိုက်တက်ကင်းဒမ်း တပ်မတော် ပြင်ဆင်ရန်

 
အိုဗာလော့ဒ် စစ်ဆင်ရေး။ တော်ဝင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များမှ ဒဏ်ရာရ စစ်သည်တစ်ဦးအား ခွဲစိတ်ကုသဆောင်တဲမှ သယ်ဆောင်လာစဉ်(၁၉၄၄ ခု ဇွန် ၂၀)။

ယူနိုက်တက်ကင်းဒမ်း တပ်မတော် တွင် ပါဝင်သော သီးခြားတပ်ဖွဲ့များ ဖြစ်သည့်

  • တော်ဝင် တပ်မတော်(ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့
  • တော်ဝင် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့
  • တော်ဝင် ဆေးဝန်ထမ်းတပ်ဖွဲ့

တို့သည် စစ်အကူလက်ရုံးဝန်ထမ်း တွင် ပါဝင်သည်။[၁]

အမေရိကန်ပြည်ထောင်စု တပ်မတော် ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု တပ်မတော်၏ စစ်အကူလက်ရုံးဝန်ထမ်း အခန်းကဏ္ဍပိုင်းမှာ (CSS) ဟုခေါ်သော ဌာနသည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်၌ရှိသော စစ်ရေးဌာနခွဲ၊ တပ်မဟာ၊ တပ်ရင်း များ နှင့် အခြားစစ်ရေးဖွဲ့စည်းပုံပါ တပ်ဖွဲ့များအား ၎င်း၌သတ်မှတ်ပေးထားသော စစ်အကူလက်ရုံးဝန်ထမ်း အခန်းကဏ္ဍဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးပေးသည်။ အမေရိကန်ပြည်ထောင်စု၌ စစ်အကူလက်ရုံးဝန်ထမ်း ဟူသောအသုံးအနှုန်းသည် “ရေရှည်တည်တံ့ခိုင်မြဲရေး” ဟူသော အဓိပ္ပာယ်နှင့် သွေဖည်နေလေသည်။[၂]

မြန်မာ့တပ်မတော် ပြင်ဆင်ရန်

မြန်မာ့တပ်မတော် ၌ ပါဝင်သော အောက်ပါတပ်ဖွဲ့များသည် ၎င်းတို့၏ အထူးပြုထားသော စစ်ဆင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးသော အခန်းကဏ္ဍအရ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့များ ဖြစ်လေသည် -[ကိုးကားချက်လိုသည်]

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Army 2020: Defining the Future of the British ArmyGov.uk (5 July 2012)။
  2. Headquarters, Department of the Army (27 February 2008)။ FM 3–0, Operations (PDF)။ Washington, DC: GPOISBN 9781437901290OCLC 780900309။ 2 December 2012 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး31 August 2013 တွင် ပြန်စစ်ပြီး