အရှင်တမ္ဗပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပိယဒဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပိယဒဿီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ တမ္ဗပုပ္ဖိယထေရ် သည် မကောင်းသောအမှုကို ပြုလုပ်မိသဖြင့် တောသို့ ထွက်ပြေးရလေ၏။ ထို့နောက် အပွင့်ပွင့်သော အပင်တွင် နီသောပန်းကိုယူကာ ပိယဒဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်တွင် ကြဲဖြန့်ကာ ပူဇော်ခဲ့၏။ ထို့နောက်တွင် ထိုအပင်ရင်းတွင် ထက်ဝယ်ဖွဲ့ခွေနေကာ ဗောဓိဉာဏ်ကို ဆင်ခြင်၏။ ထို့နောက် ဗောဓိပင်ကို ရှိခိုး၏။ ထို့နောက်တွင် ထန်းဆင့်ပင် ပမာဏနက်သည့် တောင်ချောက်ထဲသို့ လိမ့်ကျခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ကိုးဆယ့်တစ်ကမ္ဘာထက်တွင် နီသောပန်းကို လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် သုံးခုမြောက်ကမ္ဘာထက်တွင်လည်း “သုသညတ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တမ္ဗပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်