ဒဏ္ဍာရီသည် ရိုးရာအစဉ်လာယုံကြည်မှု အမျိုးအစားဖြစ်၍ ပြောရိုးစဉ်ဆက်ရှိသော ဇာတ်လမ်းများ (သို့) ပုံပြင်များပါဝင်သည်။ အခြေတကျတည်ရှိပြီးဖြစ်သော ဇာတ်လမ်းပုံပြင်များ (သို့) ဇာစ်မြစ် ဒဏ္ဍာရီများကဲ့သို့သော အကြောင်းအရာများသည် လူမှုအဖွဲ့အစည်းတစ်ရပ်၌ အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်သည်။ ဒဏ္ဍာရီများတွင်ပါဝင်သော ဇာတ်ကောင်များမှာ နတ်ဘုရားများ (gods)၊ နတ်နှင့်လူ ပေါင်းဖက်မှုမှ ဆင်းသက်လာကြသော နတ်လူများ (demigod - နတ်တစ်ပိုင်း လူတစ်ပိုင်း) (သို့) လူစွမ်းအားရှင်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ရံဖန်ရံခါ၌ တစ်စုံတစ်ဦးသည် တစ်ခုခု၊ တစ်ဖွဲ့ဖွဲ့၏ ခေါင်းဆောင်များပင်ဖြစ်လင့်ကစား ပုံမှန်နေ့စဉ်လှုပ်ရှားကြသော လူသားများနှင့်ပတ်သက်သော ဇာတ်လမ်းပုံပြင်များကို ဒဏ္ဍာရီနှင့်မတူသော ရာဇဝင်ပုံပြင် (legend) များထဲ့သို့ ထည့်သွင်းကြသည်။

ဒဏ္ဍာရီများကို အုပ်ချုပ်သူများ၊ ဘာသာရေးခေါင်းဆောင်များက မကြာခဏဆိုသလို မှန်ကန်ကြောင်းထောက်ခံအတည်ပြုကြကာ ထိုဒဏ္ဍာရီများသည် ဘာသာတရား၊ ယုံကြည်သက်ဝင်မှုများနှင့် နီးနီးကပ်ကပ် ပတ်သက်ဆက်နွယ်ကြသည်။ တကယ်တမ်းအနေဖြင့် လူမှုအဖွဲ့အစည်းများစွာသည် ၎င်းတို့၏ ဒဏ္ဍာရီများ၊ ရာဇဝင်များ၊ သမိုင်း စသည်တို့ကို အုပ်စုများဖွဲ့ ခွဲခြားကြ၍ အဆိုပါ ဒဏ္ဍာရီများ၊ ရာဇဝင်များကို အလွန်ဝေးကွာသော အတိတ်တစ်ချိန်မှ မှန်ကန်သောအကြောင်းအရာများဖြစ်ကြသည်ဟု ယူဆကြ၏။ အထူးသဖြင့် ဒဏ္ဍာရီများဖန်တီးခြင်းသည် ရှေးကမ္ဘာဦးကာလများ၌ ဖြစ်ပေါ်ခဲ့ကြသည်။ အခြားဒဏ္ဍာရီများကလည်း စံနမူနာများ၊ ဓလေ့ထုံးတမ်းများ၊ တားမြစ်ချက်များ မည်သို့မည်ပုံအခြေတည်၍ မှန်ကန်ကြသည်ဟု ရှင်းလင်းပြသကြသည်။ ဒဏ္ဍာရီပြောရိုးစဉ်များနှင့် ရိုးရာဓလေ့ကျင့်ဝတ်များအကြား ရှုပ်ထွေးသော ဆက်နွယ်မှုများလည်းရှိကြသည်။

ဆက်လက်ဖတ်ရှုရန် ...