တရုတ်-မြန်မာ ရထားလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံကို ဆက်သွယ်ပေးသည့် ရထားလမ်းစီမံကိန်းဖြစ်ကာ ပန်-အာရှ မီးရထားမှဖောက်လုပ်နေသည့်စီမံကိန်း၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ စတင်ကာ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့နှင့် ရန်ကုန်မြို့အထိ စုစုပေါင်းအရှည် ၁,၉၂၀ ကီလိုမီတာခန့်ရှိမည်ဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ( ဟောင်ကောင်ဒေါ်လာ ၁၅.၆ ဘီလီယံ) သုံးစွဲမည်ဖြစ်ပြီး ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ ကီလိုမီတာ ၁၂၁၅ ရှည်လျားသည့် မီးရထားလမ်း ဖောက်လုပ်မည်ဖြစ်သည်။ တရုတ်မီးရထားမှ နှစ်(၅၀)ကြာ လည်ပတ်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် Deutsche Presse-Agentur နှင့် ဧရာဝတီတို့မှ အစီရင်ခံစာများ အရ မြန်မာနိုင်ငံရှိ အချို့သော နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများက ယခု မီးရထားလမ်းသည် ဒေသတွင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေမည်ကို စိုးရိမ်ကန့်ကွက်မှုများရှိခဲ့သည်။ [၁]

ရထားလမ်းပိုင်းများ [၁] ပြင်ဆင်ရန်

အခြား ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ 緬居民反對 中緬鐵路擱置[လင့်ခ်သေ],蘋果日報 2014-07-23。တမ်းပလိတ်:Zh-hk
  2. "မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကို မြန်မာ-တရုတ်အစိုးရချင်း Framework Agreement ရေးထိုးနိုင်ရန် ပြင်ဆင်နေ"။