တအောင်း(ပလောင်)အမျိုးသားပါတီ

တအောင်း (ပလောင်) အမျိုးသားပါတီ (အင်္ဂလိပ်: Ta-Ang (Palaung) National Party; အတိုကောက် TNP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[] ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုမူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။[] ပါတီဝင်အရေအတွက် ၁၅၅၇၇ ဦးရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[]

တအောင်း(ပလောင်) အမျိုးသားပါတီ
အင်္ဂလိပ် အမည်Ta-Ang (Palaung) National Party
နာယကဦးအိုက်မုန်း
အထွေထွေ အတွင်းရေးမှူးဦးထွန်းကျော်
တည်ထောင်ခြင်း၂၄ မေ ၂၀၁၀ (၂၀၁၀-၀၅-၂၄)
ဌာနချုပ်ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မင်္ဂလာရပ်၊ နမ့်ဆန်မြို့ရှမ်းပြည်နယ်
အဖွဲ့ဝင်၁၅,၅၇၇[]
နိုင်ငံရေး သဘောတရားတအောင်း(ပလောင်)လူမျိုး အခွင့်အရေး
အရောင်အပြာ၊ အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၂ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၃ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၇ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ
  1. ၁.၀ ၁.၁ Ta-Arng (Palaung) National Party။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. Myanmar Times > Election 2015 > Parties > Ta'Arng National Party။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
  3. Myanmar Now - Resources: Ta'ang National Party။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။