တအောင်း(ပလောင်)အမျိုးသားပါတီ
(တအောင်း (ပလောင်) အမျိုးသားပါတီ မှ ပြန်ညွှန်းထားသည်)
တအောင်း (ပလောင်) အမျိုးသားပါတီ (အင်္ဂလိပ်: Ta-Ang (Palaung) National Party; အတိုကောက် TNP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂] ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုမူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။[၃] ပါတီဝင်အရေအတွက် ၁၅၅၇၇ ဦးရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၁]
တအောင်း(ပလောင်) အမျိုးသားပါတီ | |
---|---|
အင်္ဂလိပ် အမည် | Ta-Ang (Palaung) National Party |
နာယက | ဦးအိုက်မုန်း |
အထွေထွေ အတွင်းရေးမှူး | ဦးထွန်းကျော် |
တည်ထောင်ခြင်း | ၂၄ မေ ၂၀၁၀ |
ဌာနချုပ် | ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မင်္ဂလာရပ်၊ နမ့်ဆန်မြို့၊ ရှမ်းပြည်နယ် |
အဖွဲ့ဝင် | ၁၅,၅၇၇[၁] |
နိုင်ငံရေး သဘောတရား | တအောင်း(ပလောင်)လူမျိုး အခွင့်အရေး |
အရောင် | အပြာ၊ အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၂ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၃ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၇ / ၈၈၀
|
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Ta-Arng (Palaung) National Party။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Times > Election 2015 > Parties > Ta'Arng National Party။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Now - Resources: Ta'ang National Party။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |