တိပိဋကတ်စုံကျောက်စာရုံတော်ကြီး

တိပိဋကတ်စုံကျောက်စာရုံတော်ကြီးကို မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မမြောက်ဒိုင်နယ် ပုဏ္ဏားကုန်းရပ်ကွက်အတွင်းရှိ မြေ (၁.၆၈၉)ဧကရှိသော ရတနာဂီရိတောင်တော်ဦးနေရာတွင် မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၀၈-ခုတွင် အလှူဒါယိကာ တွင်းရိုးတွင်းစားသူဌေးကြီး ဦးသာကံ + အလှူဒါယိကာမ ဒေါ်ခင်သင်(ခ)ဒေါ်ခင်လေး တို့မှ မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များ ကာလရှည်ကြာစွာ မပျောက်မပျက် တည့်တံ့‌စိမ့်သောငှာ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံ တရားဒေသတော်များကို ကျောက်စာချပ်များတွင် ရေးထွင်း၍ တည်ထားပူဇော်ခဲ့သည်။

တိပိဋကတ်စုံကျောက်စာရုံတော်ကြီး
ကျောက်စာရုံ
တိပိဋကတ်စုံကျောက်စာရုံတော်ကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တိပိဋကတ်စုံကျောက်စာရုံတော်ကြီး
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာရေနံချောင်းမြို့မကွေးတိုင်းဒေသကြီး
ကိုဩဒိနိတ်20°28′0.462″N 94°52′16.67″E / 20.46679500°N 94.8712972°E / 20.46679500; 94.8712972ကိုဩဒိနိတ်: 20°28′0.462″N 94°52′16.67″E / 20.46679500°N 94.8712972°E / 20.46679500; 94.8712972
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူတွင်းရိုးတွင်းစားသူဌေးကြီး ဦးသာကံ + ဒေါ်ခင်သင်(ခ)ဒေါ်ခင်လေး
ပြီးစီးမြန်မာသက္ကရာဇ် ၁၂၈၇

တည်ထားပုံ

ပြင်ဆင်ရန်

တိပိဋကတ်စုံကျောက်စာရုံတော်ကြီးကို ရတနာဂီရိတောင်တော်၏အထက်ဆုံးနေရာတွင် ဝိနည်းပိဋကတ်တစ်တိုက်၊ ဒုတိယတောင်တော်အလယ်တွင် အဘိဓမ္မာပိဋကတ်တိုက် နှစ်တိုက်နှင့် အောက်ဆုံးတောင်ခြေရင်းတွင် သုတ္တန်ပိဋကတ်တိုက် နှစ်တိုက် စုစုပေါင်း ပိဋကတ်တိုက် ငါးတိုက်တိတိ အထက်၊ အလယ်၊ အောက် အစဉ်အတိုင်း တောင်တော်ကြီးတွင် တည်ထားပူဇော်ခဲ့သည်။

တည်ထားပုံမှာ စေတီပုံ(ဝါ)တြိဂံပုံ၊ အပေါ်ဆုံးနေရာ၌ ဝိနည်းပိဋကတ်တော်တိုက်အား ကျောက်အချပ်ရေ ၁၁၄-ချပ်ဖြင့် တည်ထားပူဇော်ထားပြီး အလယ်တွင် အဘိဓမ္မာ ပိဋကတ်တိုက်တော်နှစ်တိုက်အား လက်ဝဲ၊လက်ယာယှဉ်၍တည်ထားပူဇော်ပြီး လက်ဝဲတိုက်၌ ပိဋကတ်ကျောက်စာချပ်ရေ ၁၀၁-ချပ်၊ လက်ယာတိုက်၌ ပိဋကတ်ကျောက်ချပ်ရေ ၁၁၂-ချပ်တည်ထားပူဇော်ပြီး တောင်ခြေ၌ သုတ္တန်ပဋိကတ်နှစ်တိုက် အားလည်း လက်ဝဲ၊ လက်ယာယှဉ်၍ တည်ထားပူဇော်ထားပြီး လက်ဝဲဘက်၌ ပိဋကတ်ကျောက်စာ(၆၀)ချပ် ၊လက်ယာဘက်၌ ပိဋကတ်ကျောက်စာ(၆၄)ချပ်၊ စုစုပေါင်း ပိဋကတ်တိုက် ငါးတိုက်တွင် သုတ်ဝိနည်း၊ အဘိဓမ္မာပိဋကတ်ကျောက်ချပ်ရေ စုစုပေါင်း ၄၅၁-ချပ်အားပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာရေးထွင်းပူဇော်ခဲ့သည်။

တည်ဆောက်မှုကာလကြာမြင့်ချိန်

ပြင်ဆင်ရန်

ပထမဆုံး ဝိနည်းပိဋကတ်တိုက် ဘိက္ခုပါမောက် ပါဠိတော်ကျောက်ချပ်အား ၁၂၇၄-ခု၊တန်ဆောင်မုန်းလပြည့်ကျော်(၁၄)ရက် ရေးကူးပြီးသည်ဟုပါရှိပြီး သုတ္တန်ပိဋကတ်တိုက် အရှေ့ဘက်တိုက်ပါဠိကျောက်စာ ဒဿကင်္ဂုတ္တရကျောက်စာကို ၁၂၈၇-ခုနှစ် ရေးထိုးပြီးသည်ဟု တွေ့ရသည်။

ရေနံချောင်းမြို့ ပိဋကတ်သုံးပုံ ဓမ္မစေတီကျောက်စာတော်များ တည်ထားကိုးကွယ်မှုသည် တည်ဆောက်ရေးလုပ်ငန်းများ စတင်သည့် ခုနှစ်မှစ၍ရေတွက်သော် ဆောက်လုပ်ရေးသက်တမ်းသည် ၁၇နှစ်ကြာပြီး ယခုအခါ သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော်ပြီ ဖြစ်သည်။