တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)

English လက်ထက် နိုင်ငံတော် အကြီးအကဲ၏ နေပြည်တော် ဘက်စုံဖွံ့ဖြိုး တိုးတက်မှု တစ်ရပ်ဖြစ်သော ခေတ်မှီ တိရစ္ဆာန် ဥယျာဉ် တစ်ခု တည်ထောင် ထားရှိရေး လမ်းညွှန်မှာကြား ချက်နှင့် အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် နေပြည်တော်အတွင်း ခေတ်မှီတိရစ္ဆာန် ဥယျာဉ် ပေါ်ထွန်းလာရေး ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးမှ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တည်ဆောက်ရာတွင် လက်ခံ ကျင့်သုံးလျက်ရှိသော အောက်ဖော်ပြပါ အခြေခံမူ (၅) ချက်ပါ အတိုင်း ထည့်သွင်း ပုံဖော် ဆောင်ရွက်ရန် လမ်းညွှန်မှု ပြုခဲ့ပြီး ဆောင်ရွက်ခဲ့သည်-

  1. လှောင်အိမ်စနစ် (cage type)
  2. ကျုံးအတားအဆီးစနစ် (moat type)
  3. စင်္ကြန်အမြင့်လျှောက်လမ်းစနစ် (walk type)
  4. စည်းရိုးအတားအဆီး စနစ် (fence type )
  5. ငှက်လှောင်ရုံ (Aviary )
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)
တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) ရှိ သစ်ကုလားအုပ်ခြံ

တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) အား ၂၀၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၆.၃.၂၀၀၈) ရက်နေ့တွင် ဖွင့်ပွဲ ပြုလုပ်၍ (၁.၄.၂၀၀၈) ရက်နေ့တွင် အခကြေးငွေဖြင့် ဖွင့်လှစ် ပြသခဲ့သည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သည် ရန်ကုန် / မန္တလေး ကားလမ်း အရှေ့ဘက် ရေဆင်းဆည်အနီး၊ နေပြည်တော် / ပျဉ်းမနား၊ နေပြည်တော် / တပ်ကုန်း ကားလမ်း အရှေ့ဘက် ရေဆင်းဆည် အနီး၊ နေပြည်တော် / ပျဉ်းမနား၊ နေပြည်တော် /တပ်ကုန်း ကားလမ်းဘေး မိုင်တိုင် အမှတ် (၂၅၆/၂) နှင့် (၂၅၇/၀) အကြား ခန့်မှန်း မြေပုံအညွှန်း (Q-724096) တစ်ဝိုက် ဇေယျာသီရိမြို့နယ်၊ မြေဧရိယာ (၄၁၆.၈၉) ဧက ကျယ်ဝန်းပါသည်။ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) တွင် နို့တိုက်သတ္တဝါ (၃၄) မျိုး၊ ကောင်ရေ (၃၀၄)ကောင်၊ ကျေးငှက် (၄၄) မျိုး၊ ကောင်ရေ (၂၆၅) ကောင်၊ တွားသွားသတ္တဝါ (၁၁)မျိုး၊ ကောင်ရေ (၆၅)ကောင်၊ စုစုပေါင်း (၈၉)မျိုး၊ ကောင်ရေ (၆၃၄) ကောင် တို့အား မွေးမြူ ထိန်းသိမ်း စောင့်ရှောက် ပြသလျက် ရှိသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အတွင်း ငါးပြတိုက် ( AQUARIUM ) အား တည်ဆောက် ထားရှိပြီး ပြည်ပငါး (၂၆)မျိုး (၁၁၀၀)ကောင် ၊ ပြည်တွင်း ငါး (၁၈)မျိုး (၃၀၀၀) ကောင် ၊ စုစုပေါင်း ငါး (၄၄) မျိုး ၊ ၄၁၀၀ ကောင် တို့အား ငါးကန် (၅၁) ကန်ဖြင့် ပြသထားလျက် ရှိသည်။ ထို့အပြင် ကလေးကစားကွင်းအား ပြည်ပမှ ကလေးကစားကွင်း ပစ္စည်းအသစ် (၃) မျိုးအား မှာယူ တည်ဆောက်ထားသည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အား ပြည်သူများ အပန်းဖြေ အနားယူရန် နှင့် ဗဟုသုတ ရှာမှီးနိုင်ရန် ကျောင်းသား / ကျောင်းသူများ သတ္တဗေဒ နှင့် ရုက္ခဗေဒ ဆိုင်ရာ ပညာ ရှာမှီးရာတွင် အထောက်အကူဖြစ်စေရန် ၊ တောရိုင်းတိရစ္ဆာန် ကျေးငှက်များ ထိန်းသိမ်းကာကွယ်ရေး အတွက် ပြည်သူလူထုအား စည်းရုံးပညာပေးရန် ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက် ရန်နှင့် ရှားပါးသော တိရစ္ဆာန် ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန် အတွက် သားပေါက် မျိုးပွားရန် ဟူသော ရည်ရွယ်ချက် ဖြင့် ဖွင့်လှစ်ပြသခဲ့သည်။