တူလောနဒ္ဓသိက္ခာပုဒ်
အမှု—ညောင်စောင်းအင်းပျဉ်ကို လဲဝါဂွမ်းတို့ဖြင့် အပေါ်က ဖွဲ့ထားမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
ဆဗ္ဗဂ္ဂီရဟန်းများ
ပြင်ဆင်ရန်ဆဗ္ဗဂ္ဂီရဟန်းတို့သည် အင်းပျဉ် ညောင်စောင်းတို့ကို လဲတို့ဖြင့် ဖွဲ့ကြက်၍ (ညောင်စောင်း ပေါ်၌ လဲဝါတို့ကို ဖြန့်ခင်း၍ အပေါ်က အထည်တခုခုကို လွှမ်းဖုံးပြီး) ထားကြကုန်၏၊ ကျောင်းစဉ်လှည့်၍ ကြည့်ရှု့သော လူတို့သည် ထိုညောင်စောင်း အင်းပျဉ် ခုဋင် ထိုင်ခုံတို့ကို မြင်၍ “ကာမဂုဏ် ခံစားသော လူများ၏ ခုဋင် ထိုင်ခုံကို လဲ ဝါဂွမ်း မှို့တို့ဖြင့် ဖွဲ့ကြက်ထားကြသလို ရဟန်းတော်များက ဘာကြောင့် ခုဋင် ထိုင်ခုံတို့ကို လဲ ဝါဂွမ်းတို့ဖြင့် ဖွဲ့ကြက်ထားကြရသလဲ”ဟု ကဲ့ရဲ့ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု မဉ္စံ ဝါ ပီဌံ ဝါ တူလောနဒ္ဓံ ကာရာပေယျ, ဥဒ္ဒါလနကံ ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင် ရဟန်းသည် ညောင်စောင်းကို၎င်း အင်းပျဉ်ကို၎င်း လဲ ဖုံမွေ့ရာ အခင်းရှိသည်ကို ပြုစေအံ့၊ ထိုရဟန်းမှာ လဲကို ထုတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။[၁]
မှတ်ချက်
ပြင်ဆင်ရန်ဤသိက္ခာပုဒ်တော်သည် ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲရာ၌ကား ဥစ္စာသယန မဟာသယနသိက္ခာပုဒ်တွင် မဟာသယန(မြတ်သောနေရာ)၌ ပါဝင်သောကြောင့် ရဟန်းသာမဏေ ဥပုသ်သည် အားလုံးပင် လဲ ဝါ ရှင်မွေ့လွန်း အဆာသွတ်ထားသော ဖုံအခင်း မွေ့ရာများ၌ မထိုင်မအိပ်ကောင်း၊ ထိုကဲ့သို့ အခင်းများကို တရား ပလ္လင်ပေါ်၌သော်မှလည်း မထိုင်ကောင်း၊ နေထိုင်သုံးစွဲလျှင် ဒုက္ကဋ်အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်၏။ ဥပုသ်သည်များ ဥစ္စာသယ မဟာသယနသိက္ခာပုဒ်ပျက်၏ သူတပါးထံမှ ရရှိလျှင် ထိုလဲ ဝါအဆာကို ထုတ်ပစ်၍ သုံးစွဲရသည်၊ “လဲ”ဟူရာ၌ သစ်ပင်အမျိုးမျိုးမှ ဖြစ်သောလဲ, နွယ်ပင်မှဖြစ်သောလဲ, မြက်အမျိုးမျိုးမှ ဖြစ်သောလဲ အားဖြင့် လဲ ၃-မျိုး ရှိသည်၊ ယခုအခါ ရှင်မွေလွန်းများသည် မြက်မျိုးတည်း၊ [၁]