သာမဏေ
ဗုဒ္ဓဘာသာတွင် သာသနာ့ဝန်ထမ်း ပုဂ္ဂိုလ်
သာမဏေ သို့မဟုတ် ကိုရင် ဆိုသည်မှာ သင်္ကန်းဝတ်လျက် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်းစသော ဆယ်ပါးသော ကျင့်ဝတ်တို့ကို ရှောင်ကြဉ်ခြင်းဖြင့် လိုက်နာစောင့်ထိန်းသူကို ဆိုလိုသည်။ ဆယ်ပါးသော သီလ၊ လိင် ဆယ်ပါး၊ ဒဏ် ဆယ် ပါး၊ ခန္ဓကဝတ် ၁၄ ပုဒ်နှင့် သေခိယ ၇၅ ပုဒ် များကို စောင့်ထိန်းကြရသည်။ ထို့ကြောင့် ကိုရင် များသည် ရဟန်းများ နှင့် တန်းတူ မဖြစ်လင့်ကစား၊ သာမည လူများထက် အဆများစွာ သိက္ခာပုဒ်များကို စောင့်ထိန်းရခြင်းကြောင့် သာလွန်မြင့်မြတ်သည်ဟု ဆိုနိုင်ပြီး၊ ၈ ပါး သီလ နှင် ကိုးပါး သီလ သာ စောင့်ထိန်းရသော ယောဂီ၊ သီလရှင်များ ထက် အဆင့်အတန်း ပိုမြင့်ပါသည်။သာမဏေ သို့မဟုတ် ကိုရင် များသည် အသက် ၂၀ ထိဝတ်၍ရပါသည်။
ကိုးကားပြင်ဆင်
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |