အရှင်ထမ္ဘာရောပကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဓမ္မဒဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဓမ္မဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါတွင် ဖြစ်၏။ အရှင်ထမ္ဘာရောပကထေရ် သည် ထိုမြတ်စွာဘုရား၏ စေတီတော်တွင် တံခွန်တိုင်ကို စိုက်ထူကာ ပူဇော်ခဲ့၏။ ထို့နောက် လှေကားပြုလုပ်ကာ ပုထိုးစေတီတော်ပေါ်သို့ တက်၏။ မြတ်လေးပန်းကို ယူ၍ ပုထိုးတော်ကို လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ကုသိုလ်ကောင်းမှု ပြုခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် “ထူပသီခ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ထမ္ဘာရောပကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဆတ္တဝဂ်၊ ထမ္ဘာရောပကတ္ထေရအပဒါန်