ထွန်းထွန်းဦး (တရားသူကြီး)
ဦးထွန်းထွန်းဦး (တရားသူကြီး) (၁၉၆၃ ဖွား) သည် လက်ရှိ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဖြစ်သည်။[၁]
ထွန်းထွန်းဦး | |
---|---|
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၂ မတ် ၂၀၂၃ | |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
သမ္မတ |
|
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဒေါ်သန်းသန်းအေး |
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး | |
တာဝန်သက်တမ်း ၁၄ ဇူလိုင် ၂၀၂၁ – ၁၂ မတ် ၂၀၂၃ | |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၃ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
အလုပ်အကိုင် | တရားသူကြီး |
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်၁၉၈၄ ခုနှစ် တွင် LL.B ဥပဒေဘွဲ့ရပြီးနောက် ၃နှစ်အကြာ ဦးထွန်းထွန်းဦး သည် တရားရေးဌာန သို့ စတင်ဝင်ရောက်ခဲ့သည်။စတင်ဝင်ရောက်ချိန်သူသည် တရားရေးအရာရှိ အဆင့်(၄) ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအသီးသီးတွင် တရားသူကြီးအဖြစ် ၃၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူး ဖြစ်သည်။ [၂]
တရားလွှတ်တော်တရားသူကြီးဘဝ
ပြင်ဆင်ရန်ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးထွန်းထွန်းဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင်ခန့်အပ်သည်။[၃] ပြည်နယ်တရားသူကြီးချုပ် ဒေါ် သန်းသန်းအေး ပင်စင် ယူသွား၍ ထိုနေရာသို့ အစားထိုးဝင်ရောက်သည်။ ၂၀၂၃ မတ်လ ၁၃ရက်တွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်သည်။
မိသားစုဘဝ
ပြင်ဆင်ရန်သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁၃ မတ် ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးများ။ ကယားပြည်နယ်တရားလွှတ်တော်။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများ။ ကယားပြည်နယ်တရားလွှတ်တော်ရုံး ၂၀၂၁ တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။