သန်းသန်းအေး
ဒေါ်သန်းသန်းအေး (၁၉၅၈ ဖွား) သည် အငြိမ်းစားတရားလွှတ်တော်တရားသူကြီးချုပ်တစ်ဦးဖြစ်သည်။ သူမသည် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။[၃]
သန်းသန်းအေး | |
---|---|
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် | |
တာဝန်သက်တမ်း ၁၄ ဇူလိုင် ၂၀၂၁ – ၁၂ မတ် ၂၀၂၃ | |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
သမ္မတ |
|
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဦးကျော်လင်းမောင်(၂၉.၂.၂၀၁၂-၁၄.၇.၂၀၂၁)[၁] |
ဆက်ခံသူ | ဦးထွန်းထွန်းဦး(၁၃.၃.၂၀၂၃-လက်ရှိ) [၂] |
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၁၄ ဇူလိုင် ၂၀၂၁ | |
ခန့်အပ်သူ | ဦးသိန်းစိန် |
သမ္မတ |
|
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၈ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
ပညာရေး | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | တရားသူကြီး |
ပညာရေး
ပြင်ဆင်ရန်ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေ(LL.B)ဘွဲ့ကို ၁၉၈၂ ခုနှစ်တွင် ရရှိခဲ့သည်။
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်တရားရေးဝန်ထမ်းအဆင့်(၄)ရာထူးမှရန်ကုန်တိုင်းဒေသကြီးတွဲဖက်တိုင်းတရားသူကြီးရာထူးထိ တရားရေးဌာနတွင် (၂၆)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။[၄]
တရားလွှတ်တော်တရားသူကြီးဘဝ
ပြင်ဆင်ရန်သူမကို သမ္မတဦးသိန်းစိန် က ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် ၂၀၁၁ မတ်လ ၃၀ တွင် ခန့်အပ်ခဲ့သည်။ထိုတာဝန်ကို ၁၀နှစ်ကျော်အထိ ဆက်တိုက်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ တွင် အသက် ၆၅ နှစ်ပြည့်၍ အငြိမ်းစားယူသည်။[၅][၆]
မိသားစုဘဝ
ပြင်ဆင်ရန်၎င်းသည် အိမ်ထောင်မရှိပါ။
ကိုးကား
ပြင်ဆင်ရန်- ↑ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများ။ ကယားပြည်နယ်တရားလွှတ်တော်ရုံး ၂၀၂၁ တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁၃ မတ် ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးများ။ ကယားပြည်နယ်တရားလွှတ်တော်။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်တရားလွှတ်တော်မှကြီးမှူးဖွင့်လှစ်သောတရားရုံးဝန်ထမ်းများအရည်သွေး မြှင့်သင်တန်းအမှတ်စဉ်၂/၂၀၂၂သင်တန်းဆင်းပွဲအခမ်းအနား။ ကယားပြည်နယ်တရားလွှတ်တော်ရုံး (၃ ဒီဇင်ဘာ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ လွိုင်ကော်မြို့၌ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ။ ကယားပြည်နယ်ခရိုင်ပြန်ဆက် (၃ မတ် ၂၀၂၃)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ လွိုင်ကော်မြို့၌ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း။ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး (၂၈ ဇူလိုင် ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။