ကယားပြည်နယ် တရားလွှတ်တော်
ကယားပြည်နယ်တရားလွှတ်တော် သည် ကယားပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။
ကယားပြည်နယ်တရားလွှတ်တော် High Court of the Kayah State | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | မင်းစုရပ်ကွက်၊ လွိုင်ကော်-ရှားတောလမ်း၊ လွိုင်ကော်မြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၃ |
ဝက်ဘ်ဆိုဒ် | kayah.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဦးထွန်းထွန်းဦး |
စတင်တာဝန်ထမ်းဆောင် | ၁၃ မတ် ၂၀၂၃ |
သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကယားပြည်နယ်တရားရုံးကို ကယားပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
တည်နေရာ
ပြင်ဆင်ရန်ကယားပြည်နယ်တရားလွှတ်တော်သည် လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ လွိုင်ကော်-ရှားတောလမ်းနှင့် သမိန်ထောလမ်းထောင့်တွင် တည်ရှိသည်။
တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ)
ပြင်ဆင်ရန်- ဦးတင်ဝင်း(၃၀-၃-၂၀၁၁ မှ ၂၈-၂-၂၀၁၂ )
- ဦးကျော်လင်းမောင်(၂၉ -၂-၂၀၁၂ မှ ၁၄-၇-၂၀၂၁)
- ဒေါ် သန်းသန်းအေး(၁၄-၇-၂၀၂၁ မှ ၁၂-၃-၂၀၂၃)
- ဦးထွန်းထွန်းဦး(၁၂-၃-၂၀၂၃ မှ လက်ရှိ)
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်ကယားပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]
ခရိုင်တရားရုံးများ
ပြင်ဆင်ရန်- လွိုင်ကော်ခရိုင်တရားရုံး
- ဘောလခဲခရိုင်တရားရုံး
မြို့နယ်တရားရုံးများ
ပြင်ဆင်ရန်- လွိုင်ကော်မြို့နယ်တရားရုံး
- ဒီးမော့ဆိုမြို့နယ်တရားရုံး
- ဖရူဆိုမြို့နယ်တရားရုံး
- ရှားတောမြို့နယ်တရားရုံး
- ဘောလခဲမြို့နယ်တရားရုံး
- ဖားဆောင်းမြို့နယ်တရားရုံး
- မယ်စဲ့မြို့နယ်တရားရုံး
တရားသူကြီးများ
ပြင်ဆင်ရန်၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ကယားပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။