အောင်နိုင်ဦး
ဦးအောင်နိုင်ဦး (၁၉၆၁ ဖွား) သည် ဝန်ကြီးဌာန(၅)ခုတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခံရသူဖြစ်သည်။ သူသည် စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ၂၀၀၀ပြည့်နှစ်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲခဲ့ကာ အဓိကကျသော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၄][၅]
ဦးအောင်နိုင်ဦး | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၅ မေ ၂၀၂၄ – ၂၇ မေ ၂၀၂၄ [၂] | |
ယခင်လူ | ဦးအောင်ကျော်ဟိုး |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၂၄ – ၅ မေ ၂၀၂၄ [၃] | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးကိုကိုလှိုင် |
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၂၅ စက်တင်ဘာ ၂၀၂၃ – ၈ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
သမ္မတ | မြင့်ဆွေ (ယာယီ) |
ယခင်လူ | ဒေါက်တာပွင့်ဆန်း |
ဆက်ခံသူ | ဦးထွန်းအုံ |
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
သမ္မတ | မြင့်ဆွေ (ယာယီ) |
ယခင်လူ | ဦးသောင်းထွန်း |
ဆက်ခံသူ | ဒေါက်တာကံဇော် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၁ |
နိုင်ငံသား | မြန်မာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
အမှုထမ်းကာလ | ၁၉၈၁-၂၀၀၀ |
တာဝန်ထမ်းဆောင်မှု
ပြင်ဆင်ရန်အောင်နိုင်ဦးသည် ဝိဇ္ဇာဘွဲ့ရ ဖြစ်သည်။ [၆] မြန်မာတပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၇] ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အကြားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မြန်မာ့စိုက်ပျိုးရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနတွင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [၈] ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးဌာနများရုံးရှိ ဌာနာများတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ ၂၀၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၂ မှ ၂၀၁၉ ခုနှစ်အကြာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ယင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ဝန်ကြီးဘဝ
ပြင်ဆင်ရန်တပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု တွင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။[၉] [၅] ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် တာဝန်ပေးခံရပြီး ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဝန်ကြီးအဖြစ်မှ အနားယူခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်ဦးအောင်နိုင်ဦးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးနှစ်ယောက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၁၆) ပြန်တမ်းစာစောင်။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈ / ၂၀၂၄။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄ ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၅ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ Tatmadaw names new govt officials (2021-02-01)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Aung Naing Oo။
- ↑ U Aung Naing Oo။ 10 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ U Aung Naing Oo leaves DICA for a new role (2019-04-03)။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s Health Minister Resigns After Military Takeover (in en-US) (2021-02-01)။