ဒရယ်

နို့တိုက်သတ္တဝါ မျိုးစိတ်များ
Indian hog deer
Indian hog deer in Phu Khieo Wildlife Sanctuary, Thailand
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Cervidae
မျိုးရင်းသေး: Cervinae
မျိုးစု: Axis
မျိုးစိတ်:
A. porcinus
ဒွိနာမ
Axis porcinus
(Zimmermann, 1780)

ဒရယ်သည် စားမြုံ့ပြန်တတ်သည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ဒရယ်သည် ကိုယ်လုံးကိုယ်ထည်အသွင်သဏ္ဌာန်အားဖြင့် သမင်နှင့်ဆင် သည်။ ကိုယ်ထည်လုံးပြီး မွဲညစ်ညစ်မီးခိုးရောင် ရှိသည်။ ဒရယ်၏ဦးချိုသည် သမင်တို့ကဲ့သို့ ရှည်လျားခြင်းမရှိဘဲ အတန်ငယ်တိုသည်။ ဒရယ်ဖို အများစုသည် နှစ်စဉ် ချိုများ ကျွတ်ကာ အသစ်ပြန်ပေါက်လေ့ရှိသည်။ ဒရယ်သည် အသီးအရွက်စားသော သတ္တဝါဖြစ်ပြီး တောတွင်းတွင် အခြားအသားစား သတ္တဝါများ၏ အစာအဖြစ် ကိုက်သတ်စားသောက်ခြင်းကို ခံကြရသည်။ ဒရယ်သည် များသောအားဖြင့် အုပ်ဖွဲ့ ပြီး နေလေ့ရှိသည်။ ဒရယ်ကို အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်မြန်မာလာအိုကမ္ဘောဒီးယားဗီယက်နမ်ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် တွေ့ရသည်။ “ဒရယ်သားသည် အေး၏။ ကြေခဲ၏။ ချိုဆိမ့်၏။ ဝမ်းချုပ်၏။ ဝစေတတ်၏။ အားကိုဖြစ်စေတတ်၏။ လေသည်း ခြေကိုနိုင်၏။ သလိပ်ကို စဉ်းငယ်ပျက်စေတတ်၏”ဟု ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြပါရှိသည်။ []

  1. Timmins, R.J. (2015). "Axis porcinus". IUCN Red List of Threatened Species 2015. IUCN. 
  2. မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ