မောင်ဒီ (ဒေါက်တာ)

(ဒီ၊ မောင်(ဒေါက်တာ) မှ ပြန်ညွှန်းထားသည်)

ဒေါက်တာမောင်ဒီကို ၁၉၃၂-ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘုတ်တောကျေးရွာတွင် မွေးဖွားခဲ့သည်။ ဖခင် ဦးပုံနှင့် မိခင်ဒေါ်ကြိုင်တို့ ဖြစ်သည်။

ဒေါက်တာမောင်ဒီသည် ၁၉၄၉-ခုနှစ်တွင် မန္တလေးမြို့၊ စိန်ပီတာ အင်္ဂလိပ်အထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၉-ခုနှစ် မန္တလေးတက္ကသိုလ် ကောလိပ်ကျောင်း၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ကျင်းပသော စာမေးပွဲများ ဖြေဆိုပြီး B.Sc ဘွဲ့ကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အထူးအဆင့် (Credit)ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၅၃ မှ ၁၉၅၄ ထိ ရန်ကုန်ဓာတုဗေဒဌာနနှင့် မန္တလေးတက္ကသိုလ် ဓာတုဗေဒဌာနတို့တွင် သရုပ်ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာမောင်ဒီသည် နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် ပညာသင်ဆုကို ရရှိ၍ ၁၉၅၄ မှ ၁၉၅၈ ခုနှစ်ထိ လန်ဒန်တက္ကသိုလ် ရူပဓာတု

ဗေဒ အထူးပြု Ph.D ဘွဲ့ကို ရရှိခဲ့သည်။ ထို့ပြင် အင်ပီရီးယယ် ကောလိပ်မှ ဘွဲ့လွန် ဒီပလိုမာ DIC ဘွဲ့ကိုရရှိခဲ့သည်။

၁၉၅၈-ခုတွင် မြန်မာပြည်ကို ပြန်လာပြီး မန္တလေးတက္ကသိုလ်၊ ဓာတုဗေဒဌာန၌ လ/ထ ကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၉-ခုနှစ်တွင် ကထိကဖြစ်လာပြီး ဆက်လက် အမှုထမ်းသည်။ ၁၉၇၁ မှ ၁၉၇၂-ခုထိ မကွေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၂ မှ ၁၉၇၇-ခုထိ မော်လမြိုင် ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ မှ ၁၉၈၃-ခုနှစ်ထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ မှ ၁၉၈၈ ထိ ပညာရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည်။

တက္ကသိုလ် ပညာပဒေသာ ဂျာနယ်၊ တက္ကသိုလ် မဂ္ဂဇင်းများနှင့် မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်များတွင် စာတမ်း ဆောင်းပါးများ ရေးသားခဲ့သည်။ ဒု-ပညာရေးဝန်ကြီး တာဝန်မှ အငြိမ်းစားယူခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ဓာတုဗေဒဌာန ပါရဂူဘွဲ့လမ်းညွှန် ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်၎င်း၊ ဓာတုဗေဒသင်ကြားရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဒု-ပညာရေးဝန်ကြီး(ငြိမ်း) ဒေါက်တာမောင်ဒီ အသက် (၈၂) နှစ်သည် ၉.၁၁. ၂ဝ၁၄ ရက်နေ့ နံနက် (၁၁း၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ SSC ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဒေါက်တာမောင်ဒီ ၏ သုတရသ စာစု စာအုပ်မှ