ဒုတိယအင်္ဂလိပ်မြန်မာစစ်

ဒုတိယအင်္ဂလိပ်မြန်မာစစ် သည် ၁၈၅၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃ ခုနှစ် ပုဂံမင်းလက်ထက်တွင် ပြီးဆုံးသည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ
Second Anglo-Burmese War
ရက်စွဲ၅ ဧပြီ ၁၈၅၂ - ၂၀ ဇန်နဝါရီ ၁၈၅၃
နေရာမြန်မာပြည်အောက်ပိုင်း
ရလဒ် ဗြိတိသျှစစ်နိုင်
စစ်ရင်ဆိုင်သည့် နိုင်ငံများ

 ဗြိတိသျှအင်ပါယာ

Flag of the Alaungpaya Dynasty of Myanmar.svg မြန်မာ
တပ်မှူးများနှင့် ခေါင်းဆောင်များ
Lieutenant-General Sir Henry Godwin မဟာဗန္ဓုလ၏ သားတော်

စစ်ဖြစ်ရသည့်အကြောင်းရင်းပြင်ဆင်

အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။