ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) (အတိုကောက် ဒကစ(စစ်တွေ)) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အခြေစိုက်သည်။ ဒကစ(စစ်တွေ)၏ အဓိကတာဝန်မှာ နပခ နှင့်အလှမ်းဝေးသော စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ၎င်းနယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဆန်းထေးမောင် ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) | |
---|---|
ဒကစ(စစ်တွေ) | |
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ဒေသကွပ်ကဲမှုစစ်ဌာနချုပ် |
အစိတ်အပိုင်း | အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် |
စစ်ဌာနချုပ် အခြေစိုက် | စစ်တွေမြို့၊ စစ်တွေခရိုင်၊ ရခိုင်ပြည်နယ် |
အုပ်ချုပ်သူများ | |
ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးချုပ် ဆန်းထေးမောင် |
ဒုတိယ ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးကြီး |
အဆောင်အယောင်များ | |
အလံတော် |
သမိုင်း
ပြင်ဆင်ရန်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့်အလှမ်းဝေးသော စစ်ရေးတွင် မဟာဗျူဟာအရ အရေးပါသည့် စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများကို ထိန်းချုပ်နိုင်ရန် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လက်အောက်ခံ တပ်ရင်း (၅) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်များ၊ စကခ(၉)၊ စကခ(၁၅) နှင့် ၎င်းတို့၏ လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ကြီးကြပ်ကွပ်ကဲရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
ပြင်ဆင်ရန်ဒကစရုံးတွင် အောက်ပါအတိုင်း လုပ်ငန်းအလိုက် ဌာနများ ခွဲ၍ ဖွဲ့စည်းထားသည် -
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး
ပြင်ဆင်ရန်- ကိုယ်ရေးအရာရှိရုံး။
- ရုံးအဖွဲ့။
ဒုတိယ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး
ပြင်ဆင်ရန်- ကိုယ်ရေးအရာရှိရုံး။
- ရုံးအဖွဲ့။
စစ်ဦးစီးမှူး(ပထမတန်း)ရုံး
ပြင်ဆင်ရန်- စစ်ဦးစီးမှူး(ဒုတိယတန်း)ရုံး
- စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဆင်ရေး / ပြည်သူ့စစ်) ရုံး။
- စစ်ဦးစီးမှူး(တတိယတန်း)၊ (တာဝန် / လေ့ကျင့်ရေး) ရုံး။
- စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဘက်ရေးရာလုံခြုံရေး) ရုံး။
- ဦးစီးအရာရှိ(ဒုတိယတန်း)-(စစ်ရေးဌာန)ရုံး
- ဦးစီးအရာရှိ(တတိယတန်း)၊ (အင်အား / စစ်ဥပဒေ) ရုံး။
- ဦးစီးအရာရှိ(တတိယတန်း)၊ (လစာ / ဆုကြေး) ရုံး။
- ဦးစီးအရာရှိ(တတိယတန်း)၊ (ငွေစာရင်း / မှတ်တမ်း) ရုံး။
- ဦးစီးအရာရှိ(ဒုတိယတန်း)-(စစ်ထောက်ဌာန)ရုံး
- ဦးစီးအရာရှိ(တတိယတန်း)၊ (စစ်ဝတ် / ရိက္ခာ) ရုံး။
- ဦးစီးအရာရှိ(တတိယတန်း)၊ (စက်သုံးဆီ / အဆောက်အဦ) ရုံး။
- ဦးစီးအရာရှိ(တတိယတန်း)၊ (ဖြည့်တင်း / ထိန်းသိမ်း) ရုံး။
အုပ်ချုပ်ရေး တပ်ခွဲရုံး
ပြင်ဆင်ရန်- အုပ်ချုပ်မှုရုံး။
- လုံခြုံရေး တပ်စု။
- မော်တော်ယာဉ် တပ်စု။
လက်အောက်ခံ ခြေလျင်/ ခြေမြန်တပ်များ
ပြင်ဆင်ရန်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
- အမှတ်(၂၀) ခြေလျင်တပ်ရင်း (စစ်တွေ)
- အမှတ်(၂၃၂) ခြေလျင်တပ်ရင်း (စစ်တွေ)
- အမှတ်(၂၇၀) ခြေလျင်တပ်ရင်း (စစ်တွေ)
- အမှတ်(၃၄၄) ခြေမြန်တပ်ရင်း (စစ်တွေ)
ကွပ်ကဲမှုအောက် အကူလက်ရုံး/ ဝန်ထမ်း တပ်များ
ပြင်ဆင်ရန်ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
- အမြောက် တပ်ခွဲ - (၁)ခွဲ (အမှတ်(၃၇၃)အမြောက်တပ်ရင်း)
- သံချပ်ကာ တပ်ခွဲ - (၁)ခွဲ
- စစ်ဆေးရုံ (ကုတင်-၁၀၀) - (၁)ရုံ
- ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ - (၁)ခွဲ
- စစ်လက်နက်ပစ္စည်း တပ်ခွဲ - (၁)ခွဲ
- လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ခွဲ - (၁)ခွဲ
- စစ်မြေပြင် အင်ဂျင်နီယာ တပ်စု - (၁)စု
- ဆက်သွယ်ရေး တပ်စု - (၁)စု
- ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်စု - (၁)စု
- တပ်ထိန်း တပ်ဆွယ် - (၁)ဆွယ်
ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ
ပြင်ဆင်ရန်ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |