ဒေသကွပ်ကဲမှုစစ်ဌာနချုပ်

သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ ကွပ်ကဲမှုစစ်ဌာနချုပ်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (အတိုကောက် ဒကစ) ဆိုသည်မှာ တိုင်းစစ်ဌာနချုပ် တစ်ခု၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး ၎င်းတိုင်းစစ်ဌာနချုပ်မှ အလှမ်းဝေးသော ဝေးလံခေါင်ဖျားသည့် နယ်မြေဒေသ၌ တိုင်းစစ်ဌာနချုပ် ကိုယ်စား ၎င်းနယ်မြေဒေသ၏ ကာကွယ်ရေး၊ လုံခြုံရေး နှင့် စစ်ဆင်ရေးကိစ္စရပ်များအား ကွပ်ကဲရန်၊ နယ်မြေအတွင်း၌ရှိသော လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်များ နှင့် တွဲဖက်ထားသည့် အကူလက်ရုံး/ ဝန်ထမ်းတပ်များ အားလုံး၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများအား စစ်ဆေးခြင်း၊ လမ်းညွှန်ပေးခြင်း နှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့အပြင် တိုင်းစစ်ဌာနချုပ်မှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ထုတ်ပြန်ခြင်း စသည့် ကွပ်ကဲမှုပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်များအား ထမ်းဆောင်ရသော "တိုင်းစစ်ဌာနချုပ် အလတ်စား" ဖြစ်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၏ အမြင့်ဆုံး ရာထူးတာဝန်မှာ ဒေသကွပ်ကဲရေးမှူး (အတိုကောက် ဒကစမှူး) ဖြစ်ပြီး အဆင့်မှာ “ ဗိုလ်မှူးချုပ် ” ဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် သည် တိုင်းစစ်ဌာနချုပ် အလတ်စား ဖြစ်ပြီး အခြေချ စစ်ဗျူဟာအဖွဲ့ သည် တိုင်းစစ်ဌာနချုပ် အငယ်စား ဖြစ်သည်။ ”

စစ်ဘက်အုပ်ချုပ်ရေးတာဝန် ပြင်ဆင်ရန်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး ဖွဲ့စည်းပုံသည် တိုင်းစစ်ဌာနချုပ်ရုံး ဖွဲ့စည်းပုံအတိုင်း ဌာနများခွဲ၍ ဖွဲ့စည်းထားသည်။ ထို့ကြောင့် ၎င်း၏ ကွပ်ကဲမှုအောက်တွင်ရှိသော လက်အောက်ခံတပ်များနှင့် အခြား လက်ရုံး/ ဝန်ထမ်းတပ်များသည် အုပ်ချုပ်ရေးယန္တရားဖြစ်သော ဦး/ ရေး/ ထောက် လုပ်ငန်းများအား တိုင်းစစ်ဌာနချုပ်သို့ တိုက်ရိုက် အစီရင်ခံခြင်း၊ တင်ပြခြင်းနှင့် တောင်းခံခြင်းများ ပြုလုပ်စရာမလိုဘဲ ဒကစ သို့ အစီရင်ခံခြင်း၊ တင်ပြခြင်းနှင့် တောင်းခံခြင်းများ ပြုလုပ်နိုင်သဖြင့် အုပ်ချုပ်ရေးပိုင်း၌ ပိုမိုလျင်မြန်ထိရောက်စေသည်။ ထို့ပြင် ဒကစ များအား စစ်ဘက်တရားစီရင်ခွင့် အာဏာ ကိုပါ အပ်နှင်းထားသည်။

အရပ်ဘက်အုပ်ချုပ်ရေးတာဝန် ပြင်ဆင်ရန်

ဒကစများအား စစ်ဘက်အုပ်ချုပ်ရေးသာမက အရပ်ဘက်အုပ်ချုပ်ရေးပိုင်း၌ ဝင်ရောက်ကူညီပေးနိုင်ရန်အထိလည်း ရည်ရွယ်ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဒကစ များသည် စစ်ဘက်အုပ်ချုပ်ရေးအပြင် ၎င်းတို့အခြေစိုက်ရာနေရာဒေသ၏ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကိုပါ ဝင်ရောက်ဆောင်ရွက်ရလေ့ရှိသည်။ ထို့ပြင် စစ်အုပ်ချုပ်ရေးကြေညာထားသော ဒေသများ၌ ဒကစ သည် တရားစီရင်ခွင့်အာဏာပါ ရရှိလေသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခု၏ ယေဘူယျ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး ပြင်ဆင်ရန်

ဒကစရုံးတွင် အောက်ပါအတိုင်း လုပ်ငန်းအလိုက် ဌာနများ ခွဲ၍ ဖွဲ့စည်းထားသည် -

  • ဒေသကွပ်ကဲရေးမှူးရုံး
    1. ကိုယ်ရေးအရာရှိရုံး။
    2. ရုံးအဖွဲ့။
  • ဒုတိယ ဒေသကွပ်ကဲရေးမှူးရုံး
    1. ကိုယ်ရေးအရာရှိရုံး။
    2. ရုံးအဖွဲ့။
  • စစ်ဦးစီးမှူး(ပထမတန်း)၊ (ဦး / ရေး / ထောက်) ရုံး
    1. စစ်ဦးစီးမှူး(ဒုတိယတန်း)
      1. စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဆင်ရေး / ပြည်သူ့စစ်) ရုံး။
      2. စစ်ဦးစီးမှူး(တတိယတန်း)၊ (တာဝန် / လေ့ကျင့်ရေး) ရုံး။
      3. စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဘက်ရေးရာလုံခြုံရေး) ရုံး။
    2. ဦးစီးအရာရှိ(ဒုတိယတန်း) - (စစ်ရေးဌာန)
      1. ဦးစီးအရာရှိ(တတိယတန်း)၊ (အင်အား / စစ်ဥပဒေ) ရုံး။
      2. ဦးစီးအရာရှိ(တတိယတန်း)၊ (လစာ / ဆုကြေး) ရုံး။
      3. ဦးစီးအရာရှိ(တတိယတန်း)၊ (ငွေစာရင်း / မှတ်တမ်း) ရုံး။
    3. ဦးစီးအရာရှိ(ဒုတိယတန်း) - (စစ်ထောက်ဌာန)
      1. ဦးစီးအရာရှိ(တတိယတန်း)၊ (စစ်ဝတ် / ရိက္ခာ) ရုံး။
      2. ဦးစီးအရာရှိ(တတိယတန်း)၊ (စက်သုံးဆီ / အဆောက်အဦ) ရုံး။
      3. ဦးစီးအရာရှိ(တတိယတန်း)၊ (ဖြည့်တင်း / ထိန်းသိမ်း) ရုံး။
  • အုပ်ချုပ်ရေး တပ်ခွဲရုံး
    1. အုပ်ချုပ်မှုရုံး။
    2. လုံခြုံရေး တပ်စု။
    3. မော်တော်ယာဉ် တပ်စု။

လက်အောက်ခံ ခြေလျင်/ ခြေမြန်တပ်များ ပြင်ဆင်ရန်

  • ခြေလျင်တပ်ရင်း (သို့) ခြေမြန်တပ်ရင်း (၄ ~ ၈)ရင်း

ကွပ်ကဲမှုအောက် အကူလက်ရုံး/ ဝန်ထမ်း တပ်များ ပြင်ဆင်ရန်

  • အမြောက် တပ်ခွဲ - (၁)ခွဲ
  • သံချပ်ကာ တပ်ခွဲ - (၁)ခွဲ
  • စစ်ဆေးရုံ (ကုတင်-၁၀၀) - (၁)ရုံ
  • ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ - (၁)ခွဲ
  • စစ်လက်နက်ပစ္စည်း တပ်ခွဲ - (၁)ခွဲ
  • လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ခွဲ - (၁)ခွဲ
  • စစ်မြေပြင် အင်ဂျင်နီယာ တပ်စု - (၁)စု
  • ဆက်သွယ်ရေး တပ်စု - (၁)စု
  • ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်စု - (၁)စု
  • တပ်ထိန်း တပ်ဆွယ် - (၁)ဆွယ်

ဖွဲ့စည်းထားပြီးသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ ပြင်ဆင်ရန်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ နှင့် တည်နေရာများ
စဉ် တံဆိပ် ဒကစ တည်နေရာ တိုင်းစစ်ဌာနချုပ်
၁။   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)

ဒကစ(ကလေး)

စစ်ကိုင်းတိုင်းဒေသကြီး

ကလေးမြို့

နမခ
၂။   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)

ဒကစ(စစ်တွေ)

ရခိုင်ပြည်နယ်

စစ်တွေမြို့

နပခ
၃။   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)

ဒကစ(တနိုင်း)

ကချင်ပြည်နယ်

တနိုင်းမြို့

မပခ
၄။   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)

ဒကစ(ပြည်)

ပဲခူးတိုင်းဒေသကြီး

ပြည်မြို့

တပခ
၅။   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)(ကျရှူံး)

ဒကစ(လောက်ကိုင်) (ကျရှူံး)

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

လောက်ကိုင်မြို့

ရမခ
၆။   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)

ဒကစ(လွိုင်ကော်)

ကယားပြည်နယ်

လွိုင်ကော်မြို့

ရပခ

ကိုးကား ပြင်ဆင်ရန်

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်