နက္ခတ္တဗေဒသုံး ဒြပ်ညိုလုံး (အင်္ဂလိပ်: brown dwarf) ဆိုသည်မှာ နျူကလီးယား ပေါင်းစည်းမှု ကင်းစင်အောင် ဒြပ်ထုပမာဏ မသေးငယ်သဖြင့် "ဂြိုဟ်"လည်း မမည်သော၊ ၎င်း နျူကလီးယပ်စ် (အက်တမ့်ဗဟိုဆန်)များ ပေါင်းစည်းမှု ဆက်တိုက် ဖြစ်လောက်အောင်လည်း ဒြပ်စုဝေးမိမှု မကြီးမားသဖြင့် "ကြယ်" လည်း မြောက်သော ဂြိုဟ်မမည် ကြယ်မမြောက် များ ဖြစ်လေ၏။

ဒြပ်ညိုလုံး (Brown Dwarf) တစ်မျိုးကို သရုပ်ဖော်ပြပုံ။
ထုထည်များ နှိုင်းယှဉ်ပြပုံ။ ဒြပ်ညိုလုံး (brown dwarf) အများစုသည် ကြာသပတေးဂြိုဟ် (ဂျူပီတာ)ထက် ထုထည်အရွယ်အစားအားဖြင့်မူ အနည်းငယ် (15–20% ခန့် [၁]) သာ ပိုကြီးသော်လည်း ဒြပ်ထုပမာဏအားဖြင့်မူ အဆ ၈၀ ဝန်းကျင်ခန့်ပင် (ပိုသိပ်သည်းစွာ) ရှိ၏။ ဂျူပီတာ၏ အချင်းက ကမ္ဘာဂြိုဟ်အချင်း၏ ၁၁ ဆခန့်၊ နေလုံးကြယ်အချင်း၏ ၁၀ပုံ-၁ပုံခန့် ရှိကြောင်း ဤပုံ၌ အကြမ်းဖျင်း တွေ့နိုင်၏။

အကိုးအကား

ပြင်ဆင်ရန်
  1. "On the Radii of Brown Dwarfs Measured with AKARI Near-infrared Spectroscopy" (2013). The Astrophysical Journal 767 (1): 77. doi:10.1088/0004-637X/767/1/77. Bibcode2013ApJ...767...77S. “We find that the brown dwarf radius ranges between 0.64–1.13 RJ with an average radius of 0.83 RJ.