ဒေါ်ဒွဲဘူသည် မြန်မာနိုင်ငံသား ကချင်လူမျိုး ရှေ့နေနှင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင်အဖွဲ့ဝင်အဖြစ် ဒေါ်ဒွဲဘူအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် ခန့်အပ်ခဲ့သည်။[၁]

ဒေါ်ဒွဲဘူ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကချင်ပြည်နယ်ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ(၁)
တာဝန်သက်တမ်း
၄ မေ ၂၀၂၀ – ၁၄ ဇူလိုင် ၂၀၂၂
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
မဲဆန္ဒနယ်အင်ဂျန်းယန်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၆ မတ် ၁၉၆၂&#၁၆၀;(၁၉၆၂-၀၃-၂၆) (အသက် ၆၂)
မြစ်ကြီးနားမြို့ကချင်ပြည်နယ်
နိုင်ငံရေးပါတီကချင်ပြည်နယ်ပြည်သူ့ပါတီ
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက)
မိခင်ခေါန်လွမ်း
ဖခင်အင်ဘရန်နော်
ပညာရေးLL.B ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • ရှေ့နေ

ကိုယ်ရေးအကျဉ်းနှင့်ပညာရေး ပြင်ဆင်ရန်

ကချင်ပြည်နယ် မြစ်ကြီးနားတွင် မွေးဖွားခဲ့သည်။ အထက(၃) မြစ်ကြီးနားမှတဆင့် ဆယ်တန်းအောင်မြင်ခဲ့ကာ ၁၉၈၂ တွင် ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာန သို့တက်ရောက်ပညာသင်ကြားသည်။ဥပဒေပညာဘွဲ့ ရရှိပြီးနောက် ၁၉၈၈ မှစပြီး အလုပ်သင်ရှေ့နေ၊အထက်တန်းရှေ့နေ ယင်းနောက် တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင်း နိုင်ငံရေးလောကထဲ ဝင်ရောက်လာသည်။[၂] ထိုစဉ်က စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြု၍ အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံအရွေးချယ်ခံခြင်း[၃]အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားပြုပြီး ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခြင်းများဆောင်ရွက်ခဲ့သည်[၄]။ ရွေးကောက်ပွဲ ၂ခုစလုံးတွင် ယှဉ်ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းအား အနိုင်မရဘဲ ရှုံးနိမ့်သည်။

တာဝန်ထမ်းဆောင်ခဲ့မှုများ ပြင်ဆင်ရန်

ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လွှတ်တော်ဆိုင်ရာကော်မတီများဖြစ်သော ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၁-၂၀၁၂)၊တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် အတွင်းရေးမှူး(၂၀၁၂-၂၀၁၆)၊တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ချမ်းရေးကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)[၅]၊ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)အဖြစ်တာဝန်ထမ်းဆောင်သည်[၆]။ ၂၀၁၆ နောက်ပိုင်းတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်သည်။၂၀၁၀ နောက်ပိုင်းဖွဲ့စည်းတည်ထောင်ခဲ့သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) တွင် တွဲဘက် အတွင်းရေးမှူးအဖြစ်လည်းကောင်း[၇]၊ ၂၀၂၀နောက်ပိုင်းပေါ်ပေါက်လာသော ကချင်ပါတီများပေါင်းစည်းထားသည့် ကချင်ပြည်သူ့ပါတီတွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ်လည်းကောင်း[၈] တာဝန်များထမ်းဆောင်ကာ ၂၀၂၂ ဇူလိုင် ၁၄ရက်တွင် ပါတီတာဝန်များမှ နှုတ်ထွက်ခဲ့သည်။[၉]

နိုင်ငံတော်ကောင်စီဝင်အဖြစ်တာဝန်ပေးခံရခြင်း ပြင်ဆင်ရန်

၂၀၂၃ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရသည်။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တဖွဲ့တည်းကျန်လည်း ငြိမ်းချမ်းရေး မရဘူးလို့ ပြောလို့ရတယ်ဧရာဝတီသတင်းဌာန (၂၆ ဇူလိုင် ၂၀၁၂)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ‘ကချင်ပြည်နယ်မှာနေတဲ့လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ’Myanmar Now (၈ စက်တင်ဘာ ၂၀၁၅)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကချင်ပြည်နယ်)Eleven Media Group (၂၃ အောက်တိုဘာ ၂၀၂၀)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. တရားဥပဒေရေးရာ ကော်မတီဝင်များ မိတ်ဆက်ပွဲ ပြုလုပ်DVB (၉ ဩဂုတ် ၂၀၁၂)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ကချင်အမတ် ဒေါ်ဒွဲဘူရဲ့ ငြိမ်းချမ်းရေးအမြင်VOA Burmese (၄ စက်တင်ဘာ ၂၀၁၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ၏ မူဝါဒ သဘောထားMizzima Burmese (၂၁ စက်တင်ဘာ ၂၀၁၅)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ဆက်သွယ်မေးမြန်းခြင်းEleven Media Group (၆ ဇူလိုင် ၂၀၂၀)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. စစ်ကောင်စီဝင်ဖြစ်လာသောဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆိုလူထုနွေဦး (၅ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်းCINCDS Myanmar (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။