စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (အင်္ဂလိပ်: Unity and Democracy Party of Kachin State; အတိုကောက် UDPKS သို့မဟုတ် စဒက) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၂၀၁၀ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။[၂] ပါတီဝင်အရေအတွက် ၃၀,၀၀၀ ခန့်ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝိုင်းမော်မိုးမောက်ဗန်းမော်ဖားကန့် စသည့် ကချင်ပြည်နယ်ရှိ မြို့ရှစ်မြို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁]

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်
အင်္ဂလိပ် အမည်Unity and Democracy Party of Kachin State
နာယကဦးခက်ထိန်နန်
တည်ထောင်ခြင်း၂ ဩဂုတ် ၂၀၁၀ (၂၀၁၀-၀၈-၀၂)
ဖျက်သိမ်းခြင်း၇ ဇွန် ၂၀၁၉
ဆက်ခံကချင်ပြည်နယ်ပြည်သူ့ပါတီ
ဌာနချုပ်မြစ်ကြီးနားမြို့ကချင်ပြည်နယ်
အဖွဲ့ဝင်၃၀,၀၀၀[၁]
နိုင်ငံရေး သဘောတရားကချင်လူမျိုး အခွင့်အရေး
ဖက်ဒရယ်ပြည်ထောင်စုစနစ်
အရောင်အစိမ်း
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၁ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ဖျက်သိမ်းခြင်း ပြင်ဆင်ရန်

၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)။ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. Myanmar Times > Elections 2015 > Parties > UDPKS။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2015 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၀ ဇွန် ၂၀၁၉)။ 25 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။