ဓမ္မဘေရီဆရာတော် ဦးဝီရိယ (တောင်စွန်း) သည် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပြီး နယ်လှည့် ဓမ္မကထိက၊ စာရေးဆရာလည်း ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

၁၃၀၇ ခုနှစ်တွင် မကွေးတိုင်းနတ်မောက်မြို့၊ ဥယျာဉ်တောင်ရွာ၌ ခမည်းတော် ဦးပု၊ မယ်တော် ဒေါ်မင်းစိန် တို့မှ ဖွားမြင်သည်။ ၁၃၁၉ ခုနှစ်တွင် ရှင်သာမဏေပြုပြီး ၁၃၂၃ ခုနှစ်၌ မန္တလေးတိုင်းအမရပူရမြို့ တူမောင်းတိုက်ကျောင်းကို ပညာသင် ရောက်ရှိခဲ့သည်။

ပညာရေး ပြင်ဆင်ရန်

၁၃၂၅ ခုနှစ်တွင် ပထမငယ်တန်းကို တနိုင်ငံလုံး တတိယဖြင့် အောင်မြင်ခဲ့သည်။

၁၃၂၆ ခုနှစ်မှစ၍ တူမောင်းကျောင်းတိုက်တွင် သာမဏေဘဝဖြင့် စာလိုက်ရင်း စာချတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

ရရှိခဲ့သော ဘွဲ့များ ပြင်ဆင်ရန်

၁၃၃၂ ခုနှစ်တွင် သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ ကို ရရှိခဲ့သည်။ ၁၃၄၂ ခုနှစ် တိပိဋက ရွေးချယ်ရေးစာမေးပွဲ၌ ပိဋကတစ်ပုံဆောင် ဒီဃဘာဏကဘွဲ့ကို ရရှိခဲ့သည်။ ၁၃၄၃ ခုနှစ်တွင် ဒီဃနိကာယအဂ္ဂဓမ္မာစရိယဘွဲ့ကို တစ်နိုင်ငံလုံး ဒုတိယဖြင့် အောင်မြင်ခဲ့သည်။

ဓမ္မစာပေ ပို့ချခြင်း ပြင်ဆင်ရန်

၁၃၄၂ မှ စ၍ အမရပူရမြို့နယ် တူမောင်းတိုက်၊ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက် ပရိယတ္တိစာသင်တိုက်တို့တွင် နှစ်စဉ် တစ်နှစ် (၂) ကြိမ် ပို့ချခဲ့သည်။

၁၃၆၈ ခုနှစ်မှစ၍ မှော်ဘီမြို့၊ ဓမ္မဒူတဇေတဝန်တောရ၊ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် အဘိဓမ္မာနေ့ဝါနှင့် ပဋ္ဌာန်းညဝါ တို့ကို ယခုတိုင် ပို့ချဆဲ ဖြစ်သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

၂၀၀၀ ခုနှစ်မှစ၍ စာရေးဆရာကြီး မောင်မဲ၊ ကံထွန်းသစ်၊ ရဝေနွယ် (အင်းမ) တို့၏ တိုက်တွန်းချက်အရ မြတ်သတိဝါဒီ၊ ဓမ္မရိပ်၊ ဓမ္မဗျူဟာ၊ အတွေးသစ်၊ အလင်းတန်း၊ ရွှေမန္တလေးတို့တွင် မထေရ်မြတ်တို့၏ စကားဝိုင်းနှင့် ဓမ္မရေးရာစာပေများ ရေးသားခဲ့ပြီး၊ အခါအားလျော်စွာ တရားဓမ္မဟောကြားခြင်း၊ ယဉ်ကျေးလိမ္မာ ကလေးသင်တန်းများ ပို့ချခြင်း စသော လောကရေး၊ ဓမ္မရေးအလုပ်များကို စွမ်းနိုင်သမျှ လုပ်ဆောင်လျက် ရှိသည်။

လုံးချင်းစာအုပ်များအဖြစ် မထေရ်မြတ်တို့စကားဝိုင်း၊ ကြောက်တတ်ရင် ရှေ့တိုး၊ လျှောက်တတ်ရင်လမ်း၊ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်၊ အောင်ပွဲဆင်မယ့် ခြေလှမ်းများ၊ ဖောင်ဖျက်တိုက်ပွဲ၊ ရှင်ရာဟုလာရတဲ့ အမွေများ၊ တရားဦး၊ ယောက်ျားမြတ်တို့ အမှတ်လက္ခဏာ၊ ဘုန်းရယ်ကံရယ်ကုသိုလ်ရယ် စသည့် စာအုပ်ကြီးငယ် (၁၇) အုပ်တို့ ထွက်ရှိပြီး ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်