နယ်ပယ် (ဇီဝဗေဒ)
ဇီဝမျိုးရိုးခွဲခြားခြင်းအတွက် သတ်မှတ်ပေးထားသော အဆင့် အမည်နာမ
ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် နယ်ပယ် (အင်္ဂလိပ်: Domain /dəˈmeɪn/ သို့မဟုတ် /doʊˈmeɪn/ သို့မဟုတ် မြန်မာ: ဒိုမိန်း)(လက်တင်။ regio[၁]) သည် Carl Woeseနှင့် ပညာရှင်တစ်စုတို့ ဖန်တီးထားသော သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ်တွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ဤအဆင့်ကို ဆူပါကင်းဒမ်း (superkingdom)၊ ရဲလ်မ် (realm) သို့မဟုတ် အဲမ်ပိုင်ယာ (empire)ဟုလည်း ခေါ်ကြသေးသည်။
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ သက်ရှိ (Life) အုပ်စုအောက်တွင် နယ်ပယ် (domain)များရှိပြီး၊ ၎င်းတို့ကို အခြားအုပ်စုငယ်များသို့ ထပ်ဆင့်ခွဲထားသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။

ဇီဝမျိုးရိုးခွဲခြားခြင်းဆိုင်ရာ အဓိကအဆင့်များ၊ နယ်ပယ်(Domain)၊ လောက(kingdom)၊ မျိုးပေါင်းစု(phylum)၊ မျိုးပေါင်း(class)၊ မျိုးစဉ်(order)၊ မျိုးရင်း(family)၊ မျိုးစု(genus)၊ မျိုးစိတ်(species)။ မြေခွေးနီ၏ ဇီဝမျိုးရိုးခွဲပုံအဆင့်များကို ဤပုံတွင် နမူနာအနေဖြင့် ယှဉ်ကြည့်နိုင်ရန် ပြထားသည်။
နယ်ပယ်၏ ဝိသေသလက္ခဏာများပြင်ဆင်
အာရ်အဲန်အေ(RNA) မျိုးရိုးဗီဇ(gene)ကွဲပြားမှုအပေါ်မှတစ်ဆင့် မှန်းဆထားသော ဘက်တီးရီးယား (Bacteria)၊ အာခီးယာ (Archaea)၊ ယူကဲရီးယုတ်တာ (Eukaryota)ဟု ခေါ်သော အဓိကအကိုင်း ၃-ကိုင်းပါ မြစ်တွယ်သစ်ပင်ကိုင်းဖြာသရုပ်ပြပုံ (rooted tree diagram) |
ကိုးကားပြင်ဆင်
- ↑ "Towards a natural system of organisms: proposal for the domains Archaea, Bacteria, and Eucarya" (1990). Proc Natl Acad Sci USA 87 (12): 4576–9. doi: . PMID 2112744. PMC:54159. Bibcode: 1990PNAS...87.4576W. Retrieved on 11 February 2010. Archived 27 June 2008 at the Wayback Machine.