နရသိင်္ဃ ဥဇနာ (၁၁၉၀ ဆယ်စုနှစ် – ၁၂၃၅) သည် ပုဂံပြည်တွင် ၁၂၃၁ ခုနှစ်မှ ၁၂၃၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင် ဖြစ်သည်။ ဂေါ်ဒင် လုစ်နှင့် ဒေါက်တာသန်းထွန်းတို့က နရသိင်္ဃ ဥဇနာ ကို ၁၂၃၁ မှ ၁၂၃၅ အတွင်း ဘုရင်အဖြစ် သတ်မှတ်ထားကြသော်လည်း ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင်ကဲ့သို့သော အခြားသမိုင်းပညာရှင်များက လက်မခံကြပေ။[][][]

နရသိင်္ဃ ဥဇနာ
ပုဂံဘုရင် (အငြင်းပွားဖွယ်ရာ)
မြန်မာ ဘုရင် (အငြင်းပွားဖွယ်ရာ)
နန်းသက်၁၂၃၁? – ၁၂၃၅
ရှေ့မင်းဆက်ထီးလိုမင်းလို
ဆက်ခံသူကျစွာမင်း
မွေးဖွား၁၁၉၇ အတွင်း သို့ မတိုင်မီ
ပုဂံ
ကွယ်လွန်ဇူလိုင် ၁၂၃၅
ပုဂံ
ကြင်ရာတော်ရှင်စော
စောမင်းဝိုင်း
သားသမီးများဥဇနာ[]
စံအိမ်ပုဂံ
ခမည်းတော်ထီးလိုမင်းလို
မယ်တော်အိမ်တော်သည်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် နရသိင်္ဃ ဥဇနာ အား အိမ်ရှေ့မင်းအဖြစ် ဖော်ပြထားပြီး အခြားတစ်ခုတွင် ဘုရင်အဖြစ် ဖော်ပြထားသည်။ ကျောက်စာနှစ်ချပ်စလုံးတွင် ထီးနန်းသက်ကို ဖော်ပြထားခြင်း မရှိသော်လည်း ယင်းတို့မှာ ၁၂၃၀ သို့ ၁၂၃၁ ခုနှစ်ခန့် ဖြစ်သည်ဟု ဂေါ်ဒင်လုစ်က သတ်မှတ်ခဲ့သည်။ လုစ်နှင့် ဒေါက်တာသန်းထွန်းတို့မှာ နရသိင်္ဃ ဥဇနာ အား ဘုရင်အဖြစ် လက်ခံထားသည်။[] ဒေါက်တာထင်အောင်သည် လုစ်က အဆိုပြုထားသော နန်းသက်ရက်စွဲများကို လက်မခံဘဲ မည်သည့်ရာဇဝင်ကျမ်းများတွင်မှ နရသိင်္ဃ ဥဇနာအား ဘုရင်အဖြစ် ဖော်ပြထားခြင်းမရှိသည်ကို ထောက်ပြငြင်းဆိုခဲ့သည်။ ဒေါက်တာထင်အောင်အလိုအရ နရသိင်္ဃ ဥဇနာ သည် ထီးနန်းဆက်ခံသူအဖြစ် လအနည်းငယ်သာ ဖြစ်နိုင်ခဲ့သည်ဟု ဆိုသည်။[] မိုက်ကယ်အောင်သွင်ကလည်း နရသိင်္ဃ ဥဇနာ အား ဘုရင်အဖြစ် မသတ်မှတ်ခဲ့ပေ။[note ၁]

မှတ်စုများ

ပြင်ဆင်ရန်
  1. See (Aung-Thwin and Aung-Thwin 2012: 99) and (Aung-Thwin 1985: 22).
  1. သန်းထွန်း ၁၉၆၄၊ စာ ၁၃၄
  2. ၂.၀ ၂.၁ ထင်အောင် ၁၉၇၀၊ စာ ၄၃
  3. ၃.၀ ၃.၁ သန်းထွန်း ၁၉၆၄၊ စာ ၁၃၁-၁၃၂
  4. အောင်သွင် ၂၀၁၂၊ စာ ၉၉

ကျမ်းပြုစာရင်း

ပြင်ဆင်ရန်
  • အောင်သွင်၊ မိုက်ကယ် (1985)။ Pagan: The Origins of Modern Burma။ Honolulu: University of Hawai'i Press။ ISBN 0-8248-0960-2
  • အောင်သွင်၊ မိုက်ကယ်; မေထရီအောင်သွင် (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9
  • ထင်အောင်၊ မောင် (1970)။ Burmese History before 1287: A Defence of the Chronicles။ Oxford: The Asoka Society။
  • သန်းထွန်း (1964)။ Studies in Burmese History1။ Yangon: Maha Dagon။
နရသိင်္ဃ ဥဇနာ
မွေးဖွား ၁၁၉၀ ဆယ်စုနှစ် ကွယ်လွန် ၁၂၃၅
Regnal titles
ယခင်က
ထီးလိုမင်းလို
မြန်မာ ဘုရင်
1231?–1235
ဆက်ခံသူ
ကျစွာမင်း
Royal titles
ယခင်က
ထီးလိုမင်းလို
မြန်မာ့ထီးနန်း ဆက်ခံသူ
? – ၁၂၃၁?
ဆက်ခံသူ
ကျစွာမင်း