ပင်မမီနူးကို ဖွင့်ရန်


နအူရူးနိုင်ငံ၏ တရားဝင်အမည်မှာ နအူရူးသမ္မတနိုင်ငံ ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း မိုက်ခရိုနီးရှားတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယခင်က ပလဲဆင့် အိုင်းလန်းဟု သိရှိကြသည်။ အနီးဆုံး အိမ်နီးချင်း ဒေသမှာ ကီရီဘတ်စ်နိုင်ငံမှ ဘာနာဘာကျွန်းဖြစ်ပြီး အရှေ့ဘက် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အကွာတွင် ရှိသည်။ နအူရူးသည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော ကျွန်းနိုင်ငံဖြစ်ပြီး ၂၁ စတုရန်းကီလိုမီတာ (၈.၁ စတုရန်းမိုင်) မျှ သာ ရှိသည်။ လူဦးရေ ၉၂၆၅ ဦး ရှိပြီး ဗာတီကန် စီးတီး ပြီးလျှင် ဒုတိယမြောက် လူဦးရေ အနည်းဆုံးနိုင်ငံ ဖြစ်သည်။

နအူရူး သမ္မတနိုင်ငံ
နအူရူးနိုင်ငံ၏ အလံတော်
နအူရူးနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: ဘုရားသခင်၏ ဆန္ဒသည် ပထမ
နိုင်ငံတော် သီချင်း: Song of Nauru
နအူရူးနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ရာယန်မြို့
ရုံးသုံး ဘာသာစကားများ နအူရူးအင်္ဂလိပ်
အမျိုးအစား သမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
မားကက်စ် စတီဖင်
တည်ထောင်
• လွတ်လပ်ရေး ကြေငြာခြင်း
(ဩစတြေးလျ၊ နယူးဇီလန် နှင့် ဗြိတိသျှ အုပ်ချုပ်ရေးမှ)
ဇန်နဝါရီ ၃၁၊ ၁၉၆၈
ဧရိယာ
• စုစုပေါင်း
၂၁ km² (၈.၁ sq mi) (အဆင့်: ၂၃၉)
• ရေထု (%)
၀.၅၇
လူဦးရေ
• ခန့်မှန်း
၉,၃၂၂(၂၀၁၀) (အဆင့် - ၂၁၆)
• သိပ်သည်းမှု
၄၄၁/km² (၁၂၃၃.၃/sq mi) (အဆင့် - ၂၃)
GDP (PPP) ခန့်မှန်း
• Per capita
US $၂,၅၀၀
ငွေကြေး ဩစတြေးလျဒေါ်လာ
တယ်လီဖုန်းကုဒ် +၆၇၄
Internet TLD .nr