နိဝရဏတရားငါးပါး
နီဝရဏတရား ဟူသည် နိဗ္ဗာန်ကို ပိတ်ပင်ဖုံးကွယ်၍ ကန့်သတ်တတ်သောတရားများကို ဆိုလိုသည်။
နီဝရဏတရားငါးပါး
ပြင်ဆင်ရန်- ကာမစ္ဆန္ဒနီဝရဏ = လိုချင်တပ်မက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။ အာရုံငါးပါး အဆင်း အသံ အနံ့ အရသာ အထိအတွေ့ စတဲ့ အာရုံတွေကိုလိုခြင်တပ်မက်ခြင်းများ။
- ဗျာပါဒနီဝရဏ = ဒေါသအမျက်ထွက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။မကျေနပ်မှု ဒေါသထွက်ခြင်း၊ စိုးရိမ်ကြောင့်ကြမှု ဗျာပါဒ။
- ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။ အလုပ်ကိုစမလုပ်ခြင်း၊ လမ်းခုလပ်၌ ရပ်တန့်ခြင်း။
- ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
- ဝိစိကိစ္ဆာနီဝရဏ = သံသယရှိခြင်း၊ ယုံမှားခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
ဘုရားရှင်က သိင်္ဂါရဝပုဏ္ဏားအား ဥပမာပေးရှင်းပြပုံ
ပြင်ဆင်ရန်- ကာမစ္ဆန္ဒနီဝရဏ = ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ
- ဗျာပါဒနီဝရဏ = ဆူနေသောရေနွေးအိုးထဲမှရေ
- ထိနမိဒ္ဓနီဝရဏ = မှော်ဖတ်၊ မှော်ရိပ်
- ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = သစ်ပင်ရိပ်၊ လေတိုက်၍ရေပြင်မငြိမ်
- ဝိစိကိစ္ဆာနီဝရဏ = အနယ်ဖတ်များကျ
ဘုရားရှင်က အဇာတသတ်မင်းကြီးအား ဥပမာပေးရှင်းပြပုံ
ပြင်ဆင်ရန်- ကာမစ္ဆန္ဒနီဝရဏ = ကြွေးတင်နေသောသူ
- ဗျာပါဒနီဝရဏ = သည်းခြေရောဂါရှိနေသောသူ
- ထိနမိဒ္ဓနီဝရဏ = ထောင်ကျနေသာသူ
- ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = ကျွန်
- ဝိစိကိစ္ဆာနီဝရဏ = လမ်းခွဆုံရောက်နေသောသူ