နေမျိုးဇင်သည် မြန်မာနိုင်ငံသား တပ်မတော်အရာရှိဟောင်းနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ၁၉၇၅-ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့တွင် အဖ ဦးငွေဇင် နှင့် အမိဒေါ်ခင်သီတို့မှ အမှတ်(၇၄/၁)၊ ကမာလမ်း၊ ရေနံ့သာရပ်ကွက်၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့၌ မွေးဖွားသည်။ မိဘများမှာ မြိတ်ဇာတိဖြစ်သည်။ သူ၏ အဖေမှာ မြန်မာ့ရေနံလုပ်ငန်းမှ ရုံးစာရေးကြီး ဖြစ်သည်။ မွေးချင်းညီအစ်ကို ငါးယောက် ရှိသည့်အနက် တတိယမြောက် သားဖြစ်သည်။ မကွေး၊ မင်းဘူး၊ ချောက် စသည့်မြို့များသို့ တာဝန်ကျရာ ပြောင်းရွှေ့နေထိုင်ရသည်။

စစ်မှုထမ်းခြင်း ပြင်ဆင်ရန်

၁၉၉၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၃၉) ။ အောင်ဇေယျတပ်ခွဲ မှ တက်ရောက်ပြီး ၁၉၉၈ ခုနှစ် ဧပြီ(၁၀) တွင် ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဆင့်ဖြင့် တပ်မတော်တွင် ခန့်အပ်ခံရသည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၂၉၄၄၄၊ ဗိုလ်ကြီးနေမျိုးဇင်သည် စကခ(၆) ပျဉ်းမနား လက်အောက်ခံ ခမရ(၁၉) ဆွာမြို့တွင် တပ်ခွဲမှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ ကရင်ပြည် ကယားပြည်နယ်စစ်ဆင်ရေးပါဝင်ဖူးသည်။၂၀၀၅-ခုနှစ်၊ မေလတွင် အမှတ်(၂၆၂) တပ်မတော်တပ်ထိန်းတပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးမြို့တွင် တပ်ထိန်းအရာရှိ တာဝန် ထမ်းဆောင်စဉ် စစ်အာဏာရှင်စနစ် ကို မလိုလားသောကြောင့် မြန်မာ့တပ်မတော်မှ ဗိုလ်ကြီးအဆင့်နှင့် အပြီးတိုင် မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သည်။ ထို့နောက် စင်္ကာပူ နိုင်ငံ PSAသို့ ကွန်တိန်နာကား မောင်းရန် ထွက်ခွာခဲ့သည်။[၁]

နိုင်ငံရေး လှုပ်ရှားမှု ပြင်ဆင်ရန်

၂၀၀၅ ခုနှစ်မှစပြီး နိုင်ငံရေးလှုပ်ရှားမှုများ အင်တာနက်ဘလော့ရေးသားခြင်းများ DVB radio မှ အပတ်စဉ် အသံလွှင့်အစီအစဉ်တွင် မျိုးချစ်တပ်မတော်အရာရှိဟောင်းတစ်ဦး အဖြစ် တပ်မတော်သားများအတွက် အသံလွှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှု ကာလတွင် အလုပ်မှနုတ်ထွက်ပြီး စင်ကာပူမှ မြန်မာပြည်သို့ ပြန်ခဲ့သည်။ ထိုမှစပြီး နိုင်ငံရေးလှုပ်ရှားမှု များကြောင့် စစ်အာဏာရှင်များက မကြာခဏ ဖမ်းဆီးထောင်ချခံရသည်။ အရပ်သားအစိုးရ လက်ထက် ၂၀၁၉ ခုနှစ်အတွင်း စစ်တပ်အားဝေဖန်မှုဖြင့် နေမျိုးဇင်ကို ထောင်ဒဏ် ၄ နှစ်‌ချမှတ်ထားသည်။

မိသားစု ပြင်ဆင်ရန်

လက်ရှိ ‌2024 ခုနှစ်တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး‌ ကောင်စီ မှ ခန့်အပ်သော ဘက်ပြောင်း‌ရေးအစီအမံ စီမံအုပ်ချုပ်ရေး‌ကော်မတီ ( Adminis‌trative Committee for Righteous Military Personnel) တွင် ညွှန်ကြား‌ရေး အဖြစ် လွတ်လပ်ပြီး‌သောကရင်နီပြည်နယ် မြို့တခုတွင်နေထိုင်ပြီး စစ်အာဏာရှင်တော်လှန်ရေး တာဝန်များ ထမ်း‌ောင်လျက်ရှိသည်။



ကိုးကား

  1. THE REAL LIVES REAL STORIES မနက်ဖြန်များဆီ၊ ရဲမွန်ထော၊ နှာ-၁၂/၂၃