နှိုင်းရသီအိုရီများ၏ အချိန် နှင့် အာကာသ တိုင်းကြောင်းများ (dimensions) တို့ကို ကိုင်တွယ်ပုံအတိုင်း တွက်ချက်သည့် ရူပဗေဒကဏ္ဍများကို နှိုင်းရ ရူပဗေဒ (relativistic physics) ဟု ခေါ်နိုင်သည်။ မြန်လွန်းသော အလျင်များနှင့် ကြီးလွန်းသော ဒြပ်များကို ကိုင်တွယ်လျက် နျူတန်ပျိုး ရူပဗေဒ ဖြင့် တွက်ချက်၍ အဖြေမှန်နှင့် မနီးစပ်နိုင်တော့သည့်အခါ ဤရူပဗေဒမျိုးကို အသုံးပြုကြသည်။