အရှင်ပဒုမပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဟိမဝန္တာတောင်၏ အနီးတွင် “ဂေါတမ” ဟု အမည်ရှိသည့် တောင်ရှိ၏။ ထိုတောင်တွင် နဂါးတို့သည် နေထိုင်ကြ၏။

အရှင်ပဒုမပူဇကထေရ် သည် ထိုတောင်၏ အလယ်တွင် ကျောင်းသင်္ခမ်း၌ မိမိ၏ တပည့်တို့ဖြင့် နေထိုင်၏။ ထို့နောက် အရှင်ပဒုမပူဇကထေရ် သည် မြတ်စွာဘုရားအား ပဒုမ္မာကြာဖြင့် မြတ်စွာဘုရးအား မှန်းဆကာ ပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး မြတ်စွာဘုရားအား ပန်းပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်တစ်ကမ္ဘာထက်တွင် “ဇလုတ္တမ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပဒုမပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ပဒုမပူဇကတ္ထေရအပဒါန်