ပန်ဆယ်လို

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်စာရေးဆရာမ

ပန်ဆယ်လို (အိမ့်ပိုးဥ) သည် မြန်မာစာရေးဆရာမ၊ စစ်အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူဖြစ်သည်။ သူမသည် စစ်တပ်နှင့် စစ်အစိုးရကို ဝေဖန်ခြင်း၊ စစ်အစိုးရနှင့် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေးအကဲဆတ်သော ကိစ္စရပ်များကို ထုတ်ဖော်ဝေဖန်ခြင်းများကြောင့် လူသိများသည်။ [၁]

ပန်ဆယ်လို
မွေးဖွားအိမ့်ပိုးဥ
၁၉၉၀ (အသက် ၃၃–၃၄)
မြောင်းမြမြို့၊ ဧရာဝတီတိုင်း
အလုပ်အကိုင်စာရေးဆရာမ

ပန်ဆယ်လိုသည် အရောင်းရဆုံးစာရင်းတွင် ပါဝင်ခဲ့သော စာအုပ်လေးအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။[၂] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမာခံထောက်ခံသူတစ်ဦးဖြစ်သည့်အလျောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးမဲဆွယ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။[၃]

ရေးထားခဲ့သော စာအုပ်များ

  • မျက်နှာဖုံးတွေရဲ့အောက် (ဇွန် ၂၀၁၆)၊
  • အဇ္ဈတ္တကောက်ကြောင်း (ဖေဖော်ဝါရီ ၂၀၁၇)
  • ရေသောက်မြစ်ကို တူးဖော်ခြင်း (ဇူလိုင် ၂၀၁၇) [၄]
  • ကြယ်ဝင်ရိုးစွန်းပေါ်ကလူ (မတ် ၂၀၁၈)

 

ကိုးကား

ပြင်ပလင့်ခ်များ