ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်
ပအိုဝ်းလူမျိုးများ၏ အမျိုးသားရေး အဖွဲ့အစည်း
(ပအိုဝ်ဖြူအဖွဲ့ မှ ပြန်ညွှန်းထားသည်)
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (အင်္ဂလိပ်: Pa-O National Organisation၊ အတိုကောက် PNO) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် ပါတီမှတ်ပုံတင်အမှတ် ၅ ဖြင့် ပါတီကို မှတ်ပုံတင်ခဲ့သည်။[၂]
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | Pa-O National Organisation |
ဥက္ကဋ္ဌ | ဦးအောင်ခမ်းထီ |
ဆောင်ပုဒ် | ဒေသဖွံ့ဖြိုးဖို့ နဂါးကို မဲပေးစို့ |
တည်ထောင်ခြင်း | မေ ၁၃၊ ၂၀၁၀ |
ဌာနချုပ် | အနောက်မြို့ပတ်လမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် |
လက်နက်ကိုင် အဖွဲ့အစည်း | ပအိုဝ်းအမျိုးသား တပ်မတော် |
အဖွဲ့ဝင် | ၈၀,၀၀၀[၁] |
နိုင်ငံရေး သဘောတရား | ပအိုဝ်းအမျိုးသားရေး |
အရောင် | အပြာ၊ အစိမ်း၊ အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၃ / ၄၄၀
|
ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာ | ၆ / ၁၄၇
|
ဝက်ဘ်ဆိုဒ် | |
pa-onational.org | |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကိုးကား
ပြင်ဆင်ရန်- ↑ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၄၈)