ပိယာလဖလဒါယက၊ သောဘိတဝဂ်
အရှင်ပိယာလဖလဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်သိခီမြတ်စွာဘုရားလက်ထက်
ပြင်ဆင်ရန်သိခီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်ပိယာလဖလဒါယကထေရ် သည် သူတစ်ပါးကို မညှဉ်းဆဲသည့် ခိုငှက် ဖြစ်ခဲ့၏။ ခိုငှက်သည် မြတ်စွာဘုရား၏ အနီး တောင်ဝှမ်းလှိုဏ်ဂူတွင် နေခဲ့၏။ ခိုငှက်သည် မြတ်စွာဘုရားအား လွန်သီးကို လှူဒါန်းခဲ့၏။ ထို့နောက်တွင် မြတ်စွာဘုရားအား လုပ်ကျွေးမှု ပြုခဲ့၏။ [၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်တွင် “ပိယာလိ” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပိယာလဖလဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]