ပီတာ ဂျက်ဆန်

နယူးဇီလန် ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် ရုပ်ရှင်ထုတ်လုပ်သူ

ဆာ ပီတာ ရောဘတ် ဂျက်ဆန် (အင်္ဂလိပ်: Sir Peter Robert Jackson) သည် နယူးဇီလန် ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်၍ စာရေးဆရာ ဂျေ အာ အာ တော်ကီးန် ၏ဝတ္ထုများဖြစ်သော လက်စွပ်များ၏ အရှင်သခင် သုံးကား (၂၀၀၁-၀၃) နှင့် ဟော့ဘစ်သုံးကား (၂၀၁၂-၁၄)ကို ရုပ်ရှင်အဖြစ်တင်ဆက်ရာတွင် ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ ထုတ်လုပ်သူအဖြစ် လူသိအများဆုံးဖြစ်သည်။ ထို့အပြင် ချီးကျူးထောပနာခံရသော ဇာတ်လမ်းဖြစ်သည့် Heavenly Creatures ( ၁၉၉၄)၊ သရော်သောရုပ်ရှင် Forgotten Silver (၁၉၉၅)၊ ကြောက်စရာဆန်ဆန်ဟာသကား The Frighteners(၁၉၉၆)၊ ခမ်းနားစွာ ပြန်လည်ရိုက်ကူးထားသည့် King Kong (2005)၊ သဘာဝလွန် စိတ်ပိုင်းဆိုင်ရာ ဇာတ်ကား The Lovely Bones (၂၀၀၉) နှင့် ပထမကမ္ဘာစစ်မှတ်တမ်းရုပ်ရှင်ဖြစ်သော They Shall Never Grow Old(၂၀၁၈) တို့ကို ဒါရိုက်အဖြစ်ရိုက်ကူးခဲ့သည်။ ၂၀၀၉ တွင် District 9, ၂၀၁၁တွင် The Adventures of Tin Tin: The Secret of the Unicorn၊ ၂၀၁၂ ၌ West of Memphis၊ ၂၀၁၈ တွင် Mortal Engines စသည့်ဇာတ်ကားများကို ထုတ်လုပ်ခဲ့သည်။

Sir
ပီတာ ဂျက်ဆန်
ONZ KNZM
၂၀၁၄ ခုနှစ် ဆန်ဒီရေဂို ကောမစ်ကွန်တွင် တွေ့ရသော ပီတာ ဂျက်ဆန်
မွေးဖွားပီတာ ရောဘတ် ဂျက်ဆန်
(1961-10-31) ၃၁ အောက်တိုဘာ၊ ၁၉၆၁ (အသက် ၆၂)
ဝယ်လင်တန်မြို့၊ နယူးဇီလန်နိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၆–လက်ရှိ
ကြွယ်ဝမှုNZ$600 million[၁] (2018)
သားသမီး

ဂျက်ဆန်မှာ ၁၉၈၇ မှ ၁၉၉၂ အထိ ဇာတ်ကားတချို့ရိုက်ကူးခဲ့သည်။ ၎င်းကို ရုပ်ရုင်ထုတ်လုပ်ရေးနယ်ပယ်တွင် လူသိ ထင်ရှားစေသော ဇာတ်ကားမှာ ၁၉၉၄ တွင်ထွက်ရှိသော Heavenly Creature ပင်ဖြစ်ကာ ထိုဇာတ်ကား၏ ရုပ်ရှင်ဇာတ်ညွှန်းအတွက် တွဲဖက်လုပ်ကိုင်သူ ဖရန်ဝေါ့ရှ်နှင့် ပူးတွဲ၍ အကယ်ဒမီဆု အတွက် လျာထားခြင်းခံခဲ့ရသည်။[၂] ဂျက်ဆန်သည် လက်စွပ်များ၏ အရှင်သခင် : ဘုရင်အဖြစ်ပြန်လည်ရောက်ရှိလာခြင်း( The Lord of the Rings : The Return of the King)ဇာတ်ကားဖြင့် ဒါရိုက်တာဆုအပါအဝင် အကယ်ဒမီ သုံးဆု ဆွတ်ခူးခဲ့ပြီး တခြားသောဆုများမှာ ရွှေကမ္ဘာလုံးဆုတစ်ခု၊ စေတန်ထူးချွန်ဆုလေးခုနှင့် ဘက်ဖ်တာ( ဗြိတိသျှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထူးချွန်ဆု) သုံးခု တို့ဖြစ်ကြ၏။

ကိုးကား ပြင်ဆင်ရန်

  1. "'Lord of the Rings' director Peter Jackson to take on a war documentary"၊ Newsweek၊ 8 April 2018။ 
  2. Brooks Barnes။ "Middle-Earth Wizard's Not-So-Silent Partner"၊ The New York Times၊ 30 November 2012။