လက်စွပ်များ၏ အရှင်သခင်

ဂျေ အာ. အာ. တော်ကီး၏ ၁၉၅၄-၁၉၅၅ စိတ်ကူးယဉ်ဝတ္ထု

လက်စွပ်များ၏ အရှင်သခင် (အင်္ဂလိပ်: The Lord of the Rings) သည် အင်္ဂလိပ်စာရေးဆရာ ဂျေ အာ အာ တော်ကီးန် ရေးသားသော ထူးခြားဆန်းပြားသော စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းကား တော်လ်ကီးန်၏ ၁၉၃၇ ခုနှစ် စိတ်ကူးယဉ်ဝတ္ထုဖြစ်သည့် ဟော့ဘစ်၏ နောက်ဆက်တွဲဖြစ်ပြီး ဟော့ဘစ်ထက်ပို၍ များစွာကြီးမားကျယ်ပြန့်ခဲ့လေသည်။ ၁၉၃၇ မှ ၁၉၄၉ ထိ အဆင့်လိုက်ရေးသားခဲ့သော ဤဝတ္ထုကြီးကား သန်း(၁၅၀) ကျော်ရောင်းရသော ရောင်းအားအကောင်းဆုံး ဝတ္ထုများထဲမှတစ်အုပ်ဖြစ်လေသည်။[၁]

လက်စွပ်များ၏ အရှင်သခင်
တစ်ကွင်းတည်းသော လက်စွပ်
  • The Fellowship of the Ring
  • The Two Towers
  • The Return of the King
စာရေးသူဂျေ အာ အာ တော်ကီးန်
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
အမျိုးအစား
  • Fantasy
  • Adventure
ထုတ်ဝေသူAllen & Unwin
ထုတ်ဝေခဲ့
  • ၂၉ ဇူလိုင် ၁၉၅၄
    (The Fellowship of the Ring)
  • ၁၁ နိုဝင်ဘာ ၁၉၅၄
    (The Two Towers)
  • ၂၀ အောက်တိုဘာ ၁၉၅၅
    (The Return of the King)
မီဒီယာအမျိုးအစားပုံနှိပ်
OCLC1487587
ရှေ့စာအုပ်ဟော့ဘစ်
နောက်စာအုပ်တွန်ဘွန်ဘာဒီလ်၏ စွန့်စားခန်းများ

ဝတ္ထု၏ခေါင်းစဉ်မှာ ဤဇာတ်လမ်း၏ အဓိကရန်သူ အမှောင်သခင်ဆော်ရွန်ကို ရည်ရွယ်၍ပေးထားခြင်းဖြစ်သည်။[မှတ်စု ၁] ဆော်ရွန်မှာ အစောပိုင်းခေတ်ကာလတွင် Middle-earth တစ်ခွင်လုံးအားစိုးမိုးဖို့အလို့ငှာ တခြားသောစွမ်းအားရှိလက်စွပ်များ (Rings of Power) ၏စွမ်းအားကို ထိန်းချုပ်ရန်အတွက် ၎င်း၏ထိုးစစ်၌ အဆုံးစွန်လက်နက်အဖြစ် တစ်ခုတည်းသောလက်စွပ် (the One Ring) ကိုထုလုပ်ခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်သော ဟော့ဘစ်တို့နေထိုင်ရာ ရှိုင်းယားဒေသ (Shire) မှစတင်ကာ Middle-earth ရှိ နေရာအများစုကို ဝတ္ထုတွင်ပုံဖော်ရေးသားထားပေသည်။ ခက်ခက်ခဲခဲခရီးစဉ်များ၊ ထူးခြားဆန်းကြယ်သည့်တွေ့ကြုံမှုများ၊ ကြည်နူးဖွယ်ရာနှင့်စိတ်ပျက်အားငယ်မှုများ၊ ကြီးကျယ်သောတိုက်ပွဲကြီးများစသည့်အကြောင်းအရာတို့ကိုရေးဖွဲ့ထားခြင်းဖြစ်၏။ ဇာတ်လမ်းအကြောင်းအရာများသာမက သီချင်းဂီတများကိုပါ ဝေဝေဆာဆာရေးသားထားလေသည်။

စာဖတ်သူများအနေဖြင့် သုံးအုပ်တွဲအဖြစ်သိကြသော်လည်း တော်ကီးန်သည် မူလက The Silmarillion နှင့် The Lord of the Rings ကိုနှစ်တွဲတစ်အုပ်အဖြစ်ထုတ်ဝေချင်သည်။ သို့သော် ဤစိတ်ကူးကို သူ့ထုတ်ဝေသူကပယ်ချခဲ့သည်။[၃][၄] အကျိုးအမြတ်အတွက်အလို့ငှာ The Lord of the Rings ကို၁၉၅၄ ဇူလိုင် ၂၉ မှ ၁၉၅၅ အောက်တိုဘာ ၂၀ အထိတစ်နှစ်တာကာလအတွင်း အတွဲသုံးတွဲဖြင့်ထုတ်ဝေခဲ့သည်။[၃][၅] စာအုပ်၏အမည်များကို

  • လက်စွပ်အဖွဲ့ဝင်များ (The Fellowship of the Ring)
  • ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု (The Two Towers)
  • ဘုရင်အဖြစ်ပြန်လည်ရောက်ရှိလာခြင်း (The Return of the King) ဟူ၍ပေးထား၏။ တစ်အုပ်တွင် နှစ်ပိုင်းပါဝင်၍ စုစုပေါင်းသုံးအုပ်တွဲ အပိုင်းအားဖြင့် (၆) ပိုင်းဖြစ်ကာ နောက်ခံသိစရာဇာတ်လမ်းအကြောင်းအရာများကို နောက်ဆက်တွဲအပိုင်းအဖြစ် စာအုပ်၏အဆုံး၌ ထည့်သွင်းထားလေသည်။ အချို့သောထုတ်ဝေမှုများ၌ ဤဝတ္ထုတစ်ခုလုံးကို တစ်အုပ်တည်းအဖြစ် ထုတ်ဝေကာ အကြိမ်များစွာပုံနှိပ်ထုတ်ဝေခဲ့ရပြီး ဘာသာစကားပေါင်း (၃၈) ဘာသာသို့ပြန်ဆိုပြီးဖြစ်ခဲ့လေသည်။

တော်ကီးန်၏ လက်ရာများသည် လက်စွပ်များ၏ အရှင်သခင် ဇာတ်လမ်းဇာစ်မြစ် နှင့် ၎င်းဇာတ်အိမ်အကြောင်းအရာကို စူးစူးစိုက်စိုက် စေ့စပ်လေ့လာသုံးသပ်ထားသော အကြောင်းအရာများဖြစ်ကြသည်။ ဤဝတ္ထုကိုယ်တိုင်မှာ အဓိကလက်ရာကြီးဖြစ်သော်လည်း ယခုဇာတ်လမ်းသဘောမှာ ၁၉၁၇ ကတည်းက ကြိုးစားရေးသားခဲ့သော ကြီးမားကျယ်ပြန့်သည့် ဇာတ်အိမ်ကြီး၏ နောက်ဆုံး အရွေ့တစ်ခုလည်းဖြစ်၏။[၆] ထိုကြိုးစားလုပ်ကိုင်ခဲ့သော ဇာတ်အိမ်ကို ဒဏ္ဍာရီ တည်ဆောက်ခြင်းလုပ်ငန်းစဉ်ဟု တော်ကီးန်က ဆိုသည်။[မှတ်စု ၂] ၎င်း၏ လက်စွပ်များ၏ အရှင်သခင် ဇာတ်လမ်းနှင့် အစောပိုင်းစာပေလက်ရာများအပေါ် လွှမ်းမိုးမှုများတွင် ဝေါဟာရဗေဒ၊ ဒဏ္ဍာရီ၊ ဘာသာရေး၊ စာရေးဆရာ၏ စက်မှုပိုင်းဆိုင်ရာထွန်းကားလာခြင်းအပေါ်မနှစ်မြို့မှုနှင့် ၎င်း၏ အစောပိုင်းစိတ်ကူးယဉ်ဇာတ်လမ်းများ၊ ပထမကမ္ဘာစစ်အတွေ့အကြုံများစသည်တို့ပါဝင်လေ၏။[၈] လက်စွပ်များ၏ အရှင်သခင်ဝတ္ထုသည် အကျိုးဆက်အနေဖြင့် ခေတ်ပေါ်စိတ်ကူးယဉ်ဇာတ်လမ်းများ အပေါ်သို့ အကြီးအကျယ်အကျိုးသက်ရောက်ကြသည်ဟု ယူဆကြသည်။ တော်ကီးန်လက်ရာများ၏ အကျိုးသက်ရောက်မှုသည် အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓာန်တွင် Tolkienian နှင့် Tolkienesque ဟူ၍ စကားလုံးအသုံးများကို မှတ်တမ်းတင်ထည့်သွင်းထားသည်အထိဖြစ်ပေသည်။[၉]

လက်စွပ်များ၏ အရှင်သခင်ဝတ္ထု၏ ကြာရှည်ခိုင်မြဲစွာ လူကြိုက်များမှုကြောင့် ခေတ်ပေါ်ယဉ်ကျေးမှုတွင် မြောက်မြားစွာသော ကိုယ်စားပြုဖော်ပြမှုများ၊ တော်ကီးန်လက်ရာများ၏ အခိုင်မာပရိသတ်အစုအဖွဲ့ (Tolkien fandom) များဖွဲ့စည်းခြင်းတို့ဖြစ်ပေါ်လာကြသည်။[၁၀] ထို့အပြင် တော်ကီးန်နှင့်ပတ်သက်၍သော်လည်းကောင်း ၎င်းစာပေများကိုသော်လည်းကောင်း ရေးသားထုတ်ဝေသောစာအုပ်များစွာရှိလေသည်။ လက်စွပ်များ၏ အရှင်သခင်သည် အနုပညာလက်ရာဖန်တီးမှုများ၊ ဂီတ၊ ရုပ်ရှင်၊ Middle-earth video games ၊ board games များနှင့် ခေတ်ပေါ်စာပေများတွင် ဆက်လက်လှုံ့ဆော်တွန်းအားပေးနိုင်လိမ့်ဦးမည်ဖြစ်သည်။ လက်စွပ်များ၏ အရှင်သခင်ကို မှီငြမ်းပုံဖော်တင်ဆက်ထားသော ရေဒီယိုဇာတ်လမ်းတွဲများ (၁၉၈၁) ၊ ဂီတပြဇာတ် နှင့် ရုပ်ရှင်ဇာတ်လမ်းများသည် ဆုတံဆိပ်များရရှိထားသောတင်ဆက်မှုများဖြစ်သည်။[၁၁] ၂၀၀၃ ခုနှစ် BBC၏ The Big Read အစီအစဉ်တွင် ဗြိတိန်နိုင်ငံ၌ အကြိုက်ဆုံးဝတ္ထုအဖြစ်ဖော်ခဲ့ကြသည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

နိဒါန်း ပြင်ဆင်ရန်

ဤဝတ္ထုပါ အဖြစ်ပျက်များမတိုင်ခင် နှစ်ထောင်ချီသောကာလတစ်ခု၌ အမှောင်သခင် ဆော်ရွန်သည် တစ်ခြားစွမ်းအားရှိသော လက်စွပ်များ(Rings of Power)ကို ထိန်းချုပ်ရန်နှင့် ထိုလက်စွပ်များအား ဝတ်ဆင်ထားသူများကို ပျက်ဆီးစေရန်အလို့ငှာ တစ်ကွင်းတည်းသောလက်စွပ်(One Ring)ကို ထုလုပ်ခဲ့ပေသည်။ စွမ်းအားရှိသော လက်စွပ်များမှာ အက်လ်ဖ်များအတွက် ၃ ကွင်း၊ ဒွာ့ဗ်လူပုများအတွက် ၇ ကွင်း၊ လူသားများအတွက် ၉ ကွင်းတို့ဖြစ်ကြသည်။ ဂီ ဂဲလက်(Gil-galad) နှင့် အက်လန်းဒီလ်(Elendil)တို့ဦးဆောင်သော အက်လ်ဖ်နှင့် လူသားမဟာမိတ်တပ်ပေါင်းစုကြီးက ဆော်ရွန်ကို ခြေမှုန်းနိုင်ခဲ့၏။ နောက်ဆုံးတိုက်ပွဲတွင် အက်လန်းဒီလ်၏သား အစ်ဆီဒူးလ်(Isildur)က ဆော်ရွန်လက်ကိုဖြတ်ကာ ထိုတစ်ကွင်းတည်သောလက်စွပ်(One Ring)ကိုရရှိခဲ့၏။ ဆော်ရွန်ကား ရုပ်ခန္ဓာဆုံးရှုံးသွားရပေသည်။ အစ်ဆီဒူးလ်က ထိုလက်စွပ်ကို ၎င်းမျိုးဆက်၏ အမွေခံပစ္စည်းအဖြစ်မှတ်ယူခဲ့၏။ သို့သော် ၎င်းအား အော့ခ်(Orcs)များကချောင်းမြောင်းလုပ်ကြံရာ လက်စွပ်မှာ အန်ဒူရင်(Anduin)မြစ်ထဲကျသွားခဲ့လေသည်။

နှစ်ပေါင်းနှစ်ထောင်ကျော်ကြာသော် မြစ်ကမ်းနဘေးနေသူတစ်ဦးဖြစ်သည့် ဒီဂိုက လက်စွပ်ကိုတွေ့ရှိပြီး သူငယ်ချင်းဖြစ်သူ ဆမီဂိုမှာ လက်စွပ်၏ညှို့ဆွဲအားအောက်ရောက်သွား၍ ဒီဂိုကိုလည်ပင်းညစ်သတ်ကာ ရယူခဲ့လေသည်။ ဆမီဂိုသည် ဖယ်ကျဉ်ခြင်းခံရသောကြောင့် နှင်းမြူခိုးတောင်တန်းကြီး(Misty Mountains)အောက်တွင်ပုန်းနေခဲ့ရ၏။[မှတ်စု ၃] လက်စွပ်ကား ၎င်းကို သက်တမ်းရှည်စေပြီး နှစ်ကာလများစွာ ထိုလက်စွပ်အစွမ်းကဖျက်စီးခဲ့လေရာ မူလရုပ်မရှိတော့ပဲ မှင်စာပုံစံယဲ့ယဲ့သာရှိသော ဂိုလမ်(Gollum)အဖြစ်ရောက်ရှိသွားသည်။ သူခေါ်ဝေါ်သုံးဆွဲသော အဖိုးတန်ရတနာလေးဆိုသည့် ထိုလက်စွပ်မှာပျောက်ဆုံးသွားပြီး ထိုအကြောင်းကို ဟော့ဘစ် (The Hobbit) ဝတ္ထု၌ ဖော်ပြထားလေရာ ဘီလ်ဘို ဘက်ဂင်(Bilbo Baggins)က တွေ့ရှိခဲ့သည်။ ထိုကာလများအတွင်း ဆော်ရွန်သည် ရုပ်ပုံစံအသစ်တစ်ခု၏အသွင်ဖြင့် ၎င်း၏နေရပ်ဟောင်း မော်ဒေါ(Mordor)သို့ ပြန်လည်ခိုဝင်၏။ ဂိုလမ်မှာ လက်စွပ်ရှာပုံတော်ဖွင့်စဉ် ဆော်ရွန်ကဖမ်းဆီးပြီး နှိပ်စက်ညှင်းပမ်းရာ ရှိုင်းယားဒေသရှိ ဘက်ဂင်ဆိုသူလက်စွပ်ယူသွားကြောင်းသိရှိ၍ ဂိုလမ်ကိုလွှတ်ပေးခဲ့သည်။ ဆော်ရွန်မှာ ၎င်းစွမ်းအားအပြည့်ကိုပြန်လည်ရရှိရန် လက်စွပ်လိုသဖြင့် ၎င်း၏ စွမ်းအားထက်သော လူယုံတော် နာဇ်ဂူးလ် (Nazgûl)များကို လွှတ်၍ပြန်လည်သိမ်းပိုက်ယူစေခဲ့လေသည်။

လက်စွပ် အဖွဲ့ဝင်များ ပြင်ဆင်ရန်

ဦးလေးလည်းဖြစ် အုပ်ထိန်းသူလည်းဖြစ်သော ဘီလ်ဘို ဘက်ဂင်ထံမှ လက်စွပ်(One Ring)ကို ဖရိုဒို ဘက်ဂင်က အမွေအဖြစ်ရရှိခဲ့သော ရှိုင်းယားတွင် ဤဇာတ်လမ်းအစပြုသည်။[မှတ်စု ၄] နှစ်ဦးစလုံးမှာ လက်စွပ်အကြောင်းကို မသိရှိကြပေ။ သို့သော် ဘီလ်ဘို၏ မိတ်ဆွေဟောင်း မှော်ဆရာတစ်ဦးဖြစ်သော မီးခိုးရောင် ဂန်ဒက်ဖ်(Gandalf the Grey)က ဆော်ရွန်၏ လက်စွပ်မှန်းသံသယရှိနေခဲ့၏။ ထိုမှန်းဆချက်ကို အတည်ပြုပြီးနောက် ၁၇နှစ်ကြာသော် ဂန်ဒက်ဖ်မှာ ဖရိုဒိုအား လက်စွပ်သမိုင်းကြောင်းကိုပြောပြ၍ ရှိုင်းယားမှ သယ်ထုတ်သွားရန်အကြံပေးခဲ့သည်။ ဖရိုဒိုသည် ၎င်းသူငယ်ချင်းလည်းဖြစ် လူယုံလည်းဖြစ်သော ဥယျာဉ်မှူး ဆမ်ဝိုက် "ဆမ်" ဂမ်ဂျီး(Samwise "Sam" Gamgee)၊ ညီဝမ်းကွဲနှစ်ယောက်ဖြစ်သော မယ်ရီဒေါ့(က်) "မယ်ရီ" ဘရန်ဒီဘပ်က်(Meriadoc "Merry" Brandybuck) ၊ ပရယ်ဂရင် "ပစ်ပင်"တွတ်ခ် (Peregrin "Pippin" Took)တို့နှင့်အတူ ရှိုင်းယားမှစတင်ထွက်ခွာသည်။ လေးယောက်သားအား အနက်ရောင်စီးနင်းသူများ (Black Riders)က မိမလိုဖြစ်ခဲ့ကာ သစ်တောအိုကြီး(Old Forest)ကို ဖြတ်သန်းရင်းလွတ်မြောက်ခဲ့ကြသည်။ ထိုသစ်တောအိုကြီး၌ ၎င်းတို့လေးဦးကို ဆန်းပြား၍ လူပျော်ကြီး တွန် ဘွန်ဘာဒီလ်(Tom Bombadil)နှင့် ဇနီးသည် ဂိုးဘယ်ရီ(Goldberry)တို့က အကူညီပေးခဲ့ကြသည်။

ဟော့ဘစ်လေးယောက် ဘရီး(Bree)ခေါ်မြို့လေးသို့ရောက်ရှိပြီး ထိုမြို့တွင် လှည့်လည်သွားလာစောင့်ကြပ်သူတစ်ဦး(Ranger)အဖြစ် နာမည်ရှိသော Strider နှင့်တွေ့ဆုံခဲ့သည်။ ဂန်ဒက်ဖ်က အာရဂွန်နှင့်ပတ်သက်ပြီး ပေးစာတွင်ဖော်ပြထားခဲ့၏။ Strider က ဟော့ဘစ်တို့ကို ၎င်းတို့၏ ကာကွယ်လမ်းပြသူအနေဖြင့် သူ့အားခေါ်ဆောင်ရန်စည်းရုံးခဲ့လေသည်။ အနက်ရောင်စီးနင်းသူများ၏ရန်မှ နောက်တစ်ကြိမ်ကပ်၍လွတ်မြောက်ခဲ့ပြီးနောက် အားလုံးအတူတူ ဘရီးမှထွက်ခွာခဲ့ကြသည်။ ဝဲသာတော့ပ်ခံတပ်မျှော်စင်(Weathertop)တွင် အနက်ရောင်စီးနင်းသူများက တိုက်ခိုက်ခဲ့ရာ ဖရိုဒိုမှာ ဆိုးဝါးသော(ကျိန်စာသင့်သော) ဓားဒဏ်တစ်ချက်ရရှိခဲ့ပြီး Striderမှ ပြန်လည်ခုခံတွန်းလှန်ရင်း ဟော့ဘစ်တို့ကို အက်လ်ဖ်တို့နေရပ်တစ်ခုဖြစ်သော ရစ်ဗန်ဒဲလ်(Rivendell)သို့ ခိုလှုံရန်ဦးဆောင်ခေါ်သွားခဲ့လေသည်။ ဖရိုဒိုကား ဒဏ်ရာကြောင့် သေလုမြောပါးဖြစ်ခဲ့ရ၏။ ဘရူးယင်နန်းမြစ်(Bruinen)ရေတိမ်ပိုင်းအရောက် ဖရိုဒိုအား အနက်ရောင်စီးနင်းသူများက ဖမ်းလုဖမ်းခါနီး၌ ရစ်ဗန်ဒဲလ်အရှင် အယ်လ်ရွန်(Elrond)က ၎င်း၏အစွမ်းဖြင့် ရေထုရေအလျှံကိုဆင့်ခေါ်၍ ၎င်းတို့ကို ရေတွင်နှစ်၍မြောပါသွားစေခဲ့သည်။

အယ်လ်ရွန်၏ ကုသမှုဖြင့် ဖရိုဒိုမှာသက်သာလာသည်။ အယ်လ်ရွန်ကောင်စီတွင် ဆော်ရွန် နှင့်လက်စွပ်သမိုင်းကြောင်းတို့ကိုဆွေးနွေးကြသည်။ Strider မှာ အစ်ဆီဒူးလ်၏ မျိုးဆက် အာရဂ္န် (Aragorn)ဖြစ်ကြောင်းလည်း သိခဲ့ကြ၏။ မှော်ဆရာအကြီးအကဲ ဆာရူမန်(Saruman)မှာ သစ္စာဖောက်သွား၍ ၎င်းကိုယ်တိုင် စွမ်းအားတစ်ရပ်ရရှိရန်ကြိုးပမ်းနေကြောင်း ဂန်ဒက်ဖ်က ပြောပြခဲ့ရာ ကောင်စီ၏ဆုံးဖြတ်ချက်အရ လက်စွပ်ကို ဖျက်ဆီးရမည်။ သို့ရာတွင် ထိုပစ္စည်းကို ဖျက်ဆီးမည့်တစ်ခုတည်းသောနည်းလမ်းကား လက်စွပ်သွန်းလုပ်ခဲ့သောနေရာ မော်ဒေါရှိ ကြမ္မာဆိုးတောင်(Mount Doom)၏ မီးလျှံထဲသို့ယူဆောင်သွားရန်ပင်ဖြစ်၏။ ဖရိုဒိုမှာ သူကိုယ်တိုင်ပင် တာဝန်ယူ၍ ဂန်ဒက်ဖ်၏ အကြံပေးချက်ဖြင့် အယ်လ်ရွန်က လက်စွပ်အဖွဲ့ဝင်များကိုရွေးချယ်ပေးခဲ့သည်။ လက်စွပ်အဖွဲ့ဝင်များ (The Fellowship of the Ring or Company of the Ring )တွင် ကိုးယောက်ရှိပြီး ပါဝင်သူများမှာ : ဖရိုဒို၊ ဆမ်၊ မယ်ရီ၊ ပစ်ပင်၊ အာရဂွန်၊ ဂန်ဒက်ဖ်၊ ဒွာ့လူပုမျိုးနွယ် ဂင်းမလီ(Gimli)၊ အက်လ်ဖ်မျိုးနွယ် လက်ဂိုလက်စ်(Legolas)၊ ဂွန်ဒိုးနိုင်ငံ(Gondor) ဘုရင့်အစားအုပ်ချုပ်သူ ဒက်နက်သော်(Denethor)၏သား ဘော်ရိုမီယာ(Boromir)တို့ဖြစ်ကြ၏။

နှင်းမြူခိုးတောင်တန်း(Misty Mountains)ကို ရက်ဟောန်တောင်ကြားဖြတ်လမ်း(Redhorn Pass)မှ ဖြတ်သန်းခြင်းမအောင်မြင်သောကြောင့် အဖွဲ့မှာ အန္တရာယ်ရှိသော မော်ရီယာမိုင်းတွင်း(Mines of Moria)လမ်းကြောင်းကိုရွေးချယ်ခဲ့၏။ ယင်းနောက် ဘာလင်( Balin - ဟော့ဘစ်တွင်ပါရှိသော ဇာတ်ကောင်)၏ကံကြမ္မာနှင့် ဒွာ့ဗ်လူပုများ၏ အသိမ်းပိုက်ခံနယ်မြေအကြောင်းကို သိရှိခဲ့ရသည်။ တိုက်ခိုက်မှုတစ်ခုမှ လွတ်မြောက်အပြီး အဖွဲ့နောက်ကို အော့ခ်များနှင့် ရှေးဟောင်းမီးမိစ္ဆာကြီး ဘဲလ်ရော့ခ်၏(Balrog) လိုက်ပါတိုက်ခိုက်ခြင်းခံခဲ့ရကာ ဂန်ဒက်ဖ်က ဘဲလ်ရော့ခ်နှင့် ရင်ဆိုင်ခဲ့ရာတွင် နှစ်ဦးစလုံး အသူရာချောက်နက်ထဲ့သို့ ကျသွားခဲ့လေသည်။ အဖွဲ့မှတစ်ခြားသူများလွတ်မြောက်သွားခဲ့ကြပြီး အက်လ်ဖ်တောအုပ် လော့သ်လိုရီးယန်(Lothlórien)သို့ရောက်ရှိခိုလှုံသည်။ ထိုတောအုပ်သခင်နှစ်ပါးဖြစ်သည့် ဂလက်ဒရီးယယ်(Galadriel) နှင့် ကယ်လီဘောန်(Celeborn)တို့က တိုင်ပင်အကြံပေးခဲ့ကြ၏။

ဂလက်ဒရီးယယ်ထံမှ လှေနှင့်လက်ဆောင်များယူဆောင်ရင်း အဖွဲ့သည် အန်ဒူရင်မြစ်ကြောင်းအတိုင်းစုန်ဆင်းပြီး အေမွန်ဟန်တောင်ကုန်းသို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ထိုနေရာ၌ ဘော်ရိုမီယာသည် ဖရိုဒို၏ လက်စွပ်ကိုလုယူရန်ကြိုးစားခဲ့သော်လည်း ဖရိုဒိုက လက်စွပ်ကို ဆင်မြန်း၍ ကိုယ်ပျောက်သွား၏။ ဖရိုဒိုမှာ မော်ဒေါဆီသို့ တစ်ဦးတည်းထွက်ခွာရန်ဆုံးဖြတ်သော်လည်းပဲ ဆမ်က ဖရိုဒို့အကြံကို မှန်းဆခဲ့ကာ အတူလိုက်ပါသွားလေတော့သည်။

ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု ပြင်ဆင်ရန်

ဆာရူမန်နှင့် ဆော်ရွန်စေလွှတ်လိုက်သော အော့ခ်များသည် ဘောရိုမီယာကို သတ်ဖြတ်ခဲ့ကြပြီး မယ်ရီ၊ ပစ်ပင်တို့နှစိယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားလေသည်။ အာရဂွန်၊ ဂင်းမလီ နှင့် လက်ဂိုလက်စ်တို့မှာ မည်သည့်ဟော့ဘစ်အုပ်စုနောက်သို့ လိုက်ရမည်လဲဆိုသည်ကို ဆွေးနွေးခဲ့ကြရာ မယ်ရီ၊ ပစ်ပင်တို့ကို ဖမ်းဆီးသွားသောအော့ခ်များနောက်လိုက်ခဲ့ကြသည်။ ရိုဟန်တိုင်းပြည်တွင်(Rohan) အော့ခ်များကို ရိုဟစ်ရင် (Rohirrim)ခေါ် ရိုဟန်တပ်ဖွဲ့ကသုတ်သင်ခဲ့ကြရာ မယ်ရီ၊ပစ်ပင်တို့မှာ ဖန်ဂွန်(Fangorn)တောအုပ်ထဲသို့ထွက်ပြေးနိုင်ခဲ့၍ လွတ်မြောက်သည်။ အဆိုပါတောအုပ်ထဲ၌ သစ်ပင်ပုံစံကဲ့သို့အဆင်းရှိသောအန့်တ်မျိုးနွယ်မှ(Ent) ရှေးအကျဆုံးသစ်မုတ်ဆိတ်ကြီး(Treebeard)နှင့် ခင်မင်ခဲ့ကြသည်။ အာရဂွန်၊ ဂင်းမလီ နှင့် လက်ဂိုလက်စ်တို့ ဖန်ဂွန်တောအုပ်ထဲဝင်သွားကြသော ဟော့ဘစ်တို့နောက်လိုက်ရာ မမျှော်လင့်ပဲ ဂန်ဒက်ဖ်ကို တွေ့ဆုံခဲ့ကြ၏။

ဂန်ဒက်ဖ်က သူ ဘဲလ်ရော့ခ်ကိုသတ်ခဲ့ပုံ၊ အမှောင်ထုကြီးက သူ့အားခေါ်ဆောင်သွားပြီး ထို့နောက်မှ ကျန်ရှိနေသေးသော တာဝန်များကိုထမ်းဆောင်ရန် အလယ်ပိုင်းကမ္ဘာမြေ Middle-earth သို့ပြန်လည်ပို့ဆောင်ခံခဲ့ရပုံစသည်တို့ကို ရှင်းပြခဲ့သည်။ မှော်ဆရာအကြီးအကဲနေရာကို ဆာရူမန်ဆီမှ လွှဲပြောင်းရယူခဲ့သဖြင့် အဖြူရောင်ဝတ်စုံဖြင့် ယခုအခါ အဖြူရောင်ဂန်ဒက်ဖ်(Gandalf the White)အဖြစ်ပြောင်းလဲသွားပြီဖြစ်လေသည်။ ဆက်လက်၍ မယ်ရီ၊ ပစ်ပင်မှာ အန္တရာယ်ကင်းကြောင်း ၎င်းမိတ်ဆွေများ အာမခံပြောဆိုသည်။ ရိုဟန်မြို့တော် အက်ဒေါ်ရက်(Edoras)သို့ အတူတကွထွက်ခွာလာကြပြီး ဂန်ဒက်ဖ်သည် သီယိုဒန်ဘုရင်ကြီးကို ဆာရူမန်၏သူလျှို ဂရီးမာ ဝမ်းတန့်(Gríma Wormtongue)၏ လွှမ်းမိုးထားမှုမှ ဖယ်ရှားပေးနိုင်ခဲ့၏။ သီယိုဒန်ဘုရင်(Theoden)မှာ လူသူအင်အားများစုဆောင်းပြီး ၎င်းတပ်များနှင့်အတူ ရှေးဟောင်းခံတပ် ဟမ်းဒိ ( Helm's Deep )သို့ အရောက်သွားကာ တစ်ဖက်တွင် ဂန်ဒက်ဖ်ကလည်း သစ်မုတ်ဆိတ်ကြီး၏ အကူအညီကိုရယူရန်ထွက်ခွာခဲ့သည်။

မယ်ရီ၊ ပစ်ပင်တို့၏စေ့ဆော်နှိုးဆွမှုကြောင့် ငြိမ်သက်သော နေထိုင်မှုပုံစံမှ နိုးကြားတက်ကြွလာကာ ဆာရူမန်၏ ခံတပ်နယ်မြေ အိုင်ဆန်ဂတ်(Isengard)ကိုတိုက်ခိုက်ကြပြီး ဆာရူမန်မှာ အော်သန့်ခ်(Orthanc) ရဲတိုက်မျှော်စဉ်တွင်ပိတ်မိသွား၏။ ဂန်ဒက်ဖ်က သစ်မုတ်ဆိတ်ကြီးကို သီယိုဒန်ဘုရင်အား ကူညီရန် အန့်တ်တပ်ဖွဲ့တစ်ခုကို ဟူးယော်န်(Huorn)သို့စေလွှတ်ပေးရန်ပြောဆိုနိုင်ခဲ့သည်။ ဂန်ဒက်ဖ်ကိုယ်တိုင် ရိုဟစ်ရင်တပ်ဖွဲ့ကို ဟမ်းဒိသို့ ခေါ်ဆောင်လာပြီး အော့ခ်များကိုနှိမ်နင်းသည်။ ထိုအော့ခ်များ ဟူးယော်န်သစ်အုပ်ထဲ ထွက်ပြေး၍ ဇာတ်သိမ်းခဲ့ရလေသည်။ ဂန်ဒက်ဖ်မှာ ဆာရူမန်ကို အမှောင်လမ်းမှ (မိစ္ဆာ)ပြန်လာရန် အခွင့်ရေးပေးသော်လည်း ငြင်းဆန်သဖြင့် ဆာရူမန်၏ရာထူးနှင့် စွမ်းအားများကို ဖယ်ရှားခဲ့သည်။

ဆာရူမန်က ထိုရဲတိုက်အကျဉ်းတိုက်ကြီးထဲသို့ တရွေ့ရွေ့ပြန်တက်သွားချိန်ဝယ် ဝမ်းတန့်က ဂန်ဒက်ဖ်ကို လုပ်ကြံရန် အလုံးတစ်လုံးကို ပစ်ချလုပ်ကြံခဲ့ပေ၏။ မအောင်မြင်ပဲ ထိုအလုံးကို ပစ်ပင်မှ ကောက်ယုခဲ့သည်။ ထိုပစ္စည်းသည် ပလန့်တီယာ(palantír)ခေါ် ဖန်ဓာတ်လုံးပင်ဖြစ်သည်။ ထိုဖန်ဓာတ်လုံးသည် ဆော်ရွန်နှင့်ဆက်သွယ် စကားပြောရန်အသုံးချသည့် ပစ္စည်းဖြစ်ပြီး ထိုဓာတ်လုံးမှပင် ဆာရူမန်သည် ဆော်ရွန်၏ကျော့ကွင်းတွင်မိခဲ့ရလေသည်။ ထို့နောက်ပိုင်း ပစ်ပင်မှ ခိုးယူကြည့်ရှုမိရာ ဆော်ရွန်က ပစ်ပင်ကို တွေ့မြင်ခဲ့သဖြင့် ဂန်ဒက်ဖ်သည် ပစ်ပင်ကိုခေါ်ဆောင်၍ မိနက်စ် တစ်ရစ်(Minas Tirith)သို့ မြင်းဖြင့် ခရီးနှင်ကြသည်။မိနက်စ် တစ်ရစ် မှာ ဂွန်ဒိုးတိုင်းပြည်မြို့တော်ဖြစ်သည်။

မော်ရီယာမိုင်းတွင်းမှသည် နောက်မှတောက်လျှောက်လိုက်ပါနေခဲ့သော ဂိုလမ် ကို ဖရိုဒို၊ဆမ်တို့က ဖမ်းခဲ့ကြပြီး မော်ဒေါသို့ လမ်းပြရန် အတင်းအကျပ်စေခိုင်းသည်။ မော်ဒေါ၏ အနက်ရောင်ဂိတ်တံခါးကြီး (Black Gate of Mordor) မှာ ဖြတ်သန်း၍မရနိုင်လောက်အောင် အစောင့်ထူထပ်၏။ သို့အတွက်ကြောင့် ယင်းကိုဖြတ်သန်းမည့်အစား ဂိုလမ်သိသော လျှို့ဝှက်လမ်းကြောင်းကို ရွေးချယ်သွားခဲ့ရလေသည်။ လမ်းတွင် ဖယ်ရာမီယာ(Faramir)နှင့်တွေ့ဆုံ၍ အကိုဖြစ်သူ ဘော်ရိုမီယာလိုမဟုတ်ပဲ ဖယ်ရာမီယာသည် လက်စွပ်ညှို့အားကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ လက်စွပ်လား ဖရိုဒိုအပေါ်ကို သစ္စာရှိမည်လားကို လွန်ဆွဲနေရသည့် ဂိုလမ်သည် နောက်ဆုံး၌သစ္စာဖောက်ကာ ပင့်ကူမကြီး ရှီလော့ဘ်(Shelob) နေသော ခစ်ရစ်အန်ဂေါလ်ဥမင်လှိုင်ခေါင်း(Cirith Ungol)သို့ခေါ်ဆောင်သွားခဲ့သည်။ ဖရိုဒိုမှာ ရှီလော့ဘ်အဆိပ်မိခဲ့ကာ ဆမ်သည်လေဒီ ဂလက်ဒရီယယ်ထံမှရသော လက်ဆောင်အကူအညီဖြင့် ပင့်ကူမကြီးကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ ဖရိုဒို သေဆုံးပြီဟု မှတ်ထင်ရင်း ဆမ်မှာ ခရီးစဉ်ရည်ရွယ်ချက်ကို တစ်ဦးတည်းထမ်းဆောင်ရန် လက်စွပ်ကို ယူခဲ့လေသည်။ အော့ခ်များ ဖရိုဒိုကို တွေ့ရှိပြီး ဆမ်မှာ ဖရိုဒိုမသေသေးကြောင်းကြားလိုက်သည်။

ဘုရင်အဖြစ် ပြန်လည်ရောက်ရှိလာခြင်း ပြင်ဆင်ရန်

ဆော်ရွန်သည် ကြီးမားသည့်တပ်ကြီးအား ဂွန်ဒိုးကိုတိုက်ရန်စေလွှတ်ခဲ့၏။ ဂန်ဒက်ဖ် မိနက်စ် တစ်ရစ်မြို့ကိုရောက်လာပြီး ထီးနန်းစောင့် ဒက်နက်သော်ကို အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ သတိပေးရန်ရောက်လာသည်။ ထိုစဉ်အချိန်အတွင်း သီယိုဒန်ဘုရင်က ရိုဟစ်ရင်စစ်တပ်ကို စုစည်း၍ ဂွန်ဒိုးကို စစ်ကူရန်ချီတက်လာခဲ့သည်။ မိနက် တစ်ရစ်သည် အတိုက်ခံနေရပြီဖြစ်ကာ ဒက်နက်သော်မှာ ဆော်ရွန်၏ လှည့်စားခြင်းစက်ကွင်းထဲကျရောက်နေပြီး မျှော်လင့်ချက်လည်းမဲ့နေသည် (မိနက်စ် တစ်ရစ်ရှိ ဖန်ဓာတ်လုံးတစ်လုံးမှတဆင့်လှည့်စားခြင်း)။ ၎င်းသည် သားဖြစ်သူ ဖယ်ရာမီရာနှင့်အတူ မီးရှို့ရန်အခိုက်အတန့်တွင် ကိုယ်တိုင် မီးရှို့လောင်ကျွမ်းသွား၏။ ဂင်းမလီ၊ လက်ဂိုလက်စ်၊ မြောက်ပိုင်းက လှည့်လည်သွားလာသူ (Rangers of the North) တို့နှင့်တကွ အာရဂွန်သည် သေသောသူများလမ်းကြောင်း (the Paths of the Dead) ကိုရွေးချယ်ခဲ့ကြ၏။ အကြောင်းမူကား တစ်ချိန်က ဂွန်ဒိုးဘုရင်ကို သစ္စာခံကာ ဆင့်ခေါ်လျှင်စစ်တိုက်ပေးပါမည်ဟု ကတိကဝတ်ပေးထားသော အုပ်စုတစ်စုသည် ကြိမ်စာကြောင့် မကျွတ်လွတ်ဘဲရှိနေကြသည်။ ထို ဒန်းဟဲရိုး (Dunharrow) ရှိ သေသောသူများ သို့ ဝိညာဉ်များကို ဆင့်ခေါ်ရန်အတွက် အာရဂွန်သွားခြင်းဖြစ်၏။

ယင်းသေသောသူများ၏ တပ်ဖွဲ့ကြီးမှာ အာရဂွန်နောက်လိုက်လာခဲ့ကြပြီး အမ်းဘား (Umbar) အရပ်က ဂွန်ဒိုးကို (ဆော်ရွန်ဆင့်ခေါ်သဖြင့်) ကျူးကျော်ရန်လာသော ပင်လယ်ပျော်ဓားပြများကို ကြောက်ရွံ့စေနိုင်ပြီး အာရဂွန်တို့ ၎င်းတို့ကိုတိုက်ခိုက်ခြေမှုန်း၍ ၎င်းတို့သင်္ဘောများဖြင့် ဂွန်ဒိုးတောင်ပိုင်းကသူများကိုခေါ်ဆောင်၍ အန်ဒူရင်မြစ်အတိုင်းဆန်တက်လာခဲ့ကြပေသည်။ မိနက်စ် တစ်ရစ်သို့ ရောက်ကာ တိုက်ပွဲအလှည့်အပြောင်းဖြစ်သွားခဲ့၏။ သီယိုဒန်ဘုရင်၏ တူမတော်စပ်သူ အီယိုဝင် (Eowyn) ကားရုပ်ဖျက်၍ စစ်တပ်နှင့်အတူလိုက်ပါလာခဲ့ရာ မယ်ရီအကူအညီဖြင့် နာဇ်ဂူးလ်ခေါင်းဆောင် (the Lord of the Nazgûl ) ကို သုတ်သင်နိုင်ခဲ့၏။ ဂွန်ဒိုး၊ ရိုဟန်တပ်ဖွဲ့ပေါင်း၍ ဆော်ရွန်လွှတ်လိုက်သောတပ်ကို ပယ်လန်းနော်စစ်တလင်းတိုက်ပွဲ၌ (Battle of the Pelennor Fields) အနိုင်ရယူနိုင်ခဲ့ကြ၏။ သီယိုဒန်ဘုရင် နတ်ရွာစံ၍ အီယိုဝင်၊မယ်ရီတို့ ဒဏ်ရာရကြသည်။

တစ်ဖက်တွင်ကား ဆမ်မှာ ဖရိုဒိုကို ခစ်ရစ်အန်ဂေါလ်ရဲတိုက်မှ ကယ်ဆယ်၍ နှစ်ဦးသား မော်ဒေါကိုဖြတ်သန်းကြ၏။ ဂွန်ဒိုးနှင့် ရိုဟန်မှ တပ်ဖွဲ့ကြီးကို ဦးဆောင်ပြီး အာရဂွန်တို့ အနက်ရောင်ဂိတ်တံခါးကြီးဆီသို့ ချီတက်လာခဲ့သည်။ ရည်ရွယ်ချက်ကား ဆော်ရွန်ကိုကျရှုံးစေမည့်အစီအစဉ် (ဖရိုဒို၏ လက်စွပ်ဖျက်ဆီးခြင်း) လမ်းလွှဲရန်ပင်ဖြစ်သည်။ အာရဂွန်တို့တပ်မှာ ဆော်ရွန်၏ တပ်မဟာအဖွဲ့ကြီးနှင့်ယှဉ်ပါက အဆမတန်အင်အားသေးငယ်လှပေသည်။ ဖရိုဒို၊ဆမ်တို့ ကြမ္မာဆိုးတောင်ပေါက်ဝ (Cracks of Doom) အစွန်းဆီသို့ရောက်ချေပြီ။ ဖရိုဒိုသည် လက်စွပ်ညှို့ဓာတ်ကို လုံးဝတောင့်မခံနိုင်တော့ပဲ ၎င်း၏ပိုင်ဆိုင်သောအရာဟုပြောလျှက် ဝတ်လိုက်သည်။

ဂိုလမ်မှာ ရုတ်တရက်ပေါ်လာခဲ့ပြီး ဖရိုဒိုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ ဖရိုဒို၏ လက်စွပ်ဝတ်ထားသောလက်ချောင်းအားကိုက်ဖြတ်ပစ်ခဲ့သဖြင့် လက်စွပ်ရသော်လည်း ဟန်ချက်မထိန်းနိုင်ပဲ မီးထဲသို့ လက်စွပ်နှင့်အတူ ဂိုလမ်ပြုတ်ကျသွားခဲ့သည်။ လက်စွပ်ပျက်ဆီးသဖြင့် ဆော်ရွန်သည်လည်း စွမ်းအားအလုံးစုံ ဆုံးရှုံးသွားပြီဖြစ်သည်။ ၎င်းဖန်တီးထားသမျှ အရာရာပျက်ဆီးသည်။ နာဇ်ဂူးလ်များလည်း ဒုက္ခရောက်ပျက်ယွင်းသည်။ ၎င်းစစ်တပ်ကြီးမှာ ဖရိုဖရဲ ကစဉ့်ကလျှားဖြစ်၍ အာရဂွန်တို့ အနိုင်ရခဲ့ကြသည်။

အာရဂွန်ကို အာနောရ် (Arnor) နှင့် ဂွန်ဒိုးဘုရင်အဖြစ်တင်မြှောက်ကြပြီး အယ်လ်ရွန်၏သမီးတော် အာရ်ဝင် (Arwen) နှင့်လက်ထပ်ခဲ့၏။ ထို့နောက် ဟော့ဘစ်လေးယောက် ရှိုင်းယားသို့ အပြန်တွင် ရှိုင်းယားကို ရှာကေး (Sharkey) ခေါ်သောသူမှ ညွှန်ကြားစေခိုင်းသော လူများက ထိန်းချုပ်ထား၏ (ရှာကေးသည် ဆာရူမန်ဖြစ်ကြောင်း နောက်မှတွေ့ရှိ) ။ ဟော့ဘစ်တို့ ပြန်လည်တော်လှန်ကြကာ ရှိုင်းယားနယ်မြေလွတ်မြောက်သည်။ ထိုတော်လှန်တိုက်ခိုက်မှုတွင် ဟော့ဘစ် ၁၉ယောက်ဆုံးပါး၍ ၃၀ဒဏ်ရာရသည်။ ဆာရူမန်က ဖရိုဒိုအား ဓားဖြင့်ထိုးရန်ကြိုးပမ်းခဲ့အပြီး ဖရိုဒိုက ဟော့ဘစ်များကို မှော်ဆရာဆာရူမန်အား မသတ်ရန် တားခဲ့သည်။ ဖရိုဒို၏အိမ် ဘက်ဂ်အန်းဒ် (Bag End) နေရာတွင်ပင် ဂရီမာက မကြေနပ်မှုများကြောင့် ဆာရူမန်ကိုသတ်ခဲ့သည်။ ဂရီမာကိုလည်း ဟော့ဘစ်လေးသည်တော်များက ပစ်သတ်ခဲ့ကြသည်။ လက်စွပ်စစ်ပွဲကြီး၏ အဆုံးသတ်သည့်နေရာကား ဖရိုဒိုအိမ်ရှေ့နေရာလှေကားထစ်ကလေးပင်ဖြစ်ပေတော့သည်။

မယ်ရီနှင့်ပစ်ပင်ကိုသူရဲကောင်းများအဖြစ် ချီးမြှောက်ဂုဏ်ပြုကြသည်။ ဆမ်မှာ ရို့စ်ကော်တွန်နှင့်လက်ထပ်၏။ ဆမ်သည် လေဒီ ဂလက်ဒရီးယယ်ထံမှရခဲ့သော လက်ဆောင်ပစ္စည်းများသုံးကာ ရှိုင်းယားကို ပြန်လည်မွန်းမံသည်။ ဖရိုဒိုကား လက်စွပ်သယ်ဆောင်ခဲ့ရသောဒဏ်ကြောင့် လူရောစိတ်ရော နွမ်းနယ်ပင်ပန်းနေခဲ့၏။ နှစ်အနည်းငယ်အကြာ ဂန်ဒက်ဖ်၊ဘီလ်ဘိုတို့နှင့်အတူ ဂရေးဟက်ဗန်လှေဆိပ် (Grey Havens) သို့ရောက်ရှိ၍ ထိုမှတဆင့် ထာဝရကျွန်း (Undying Lands) သို့ အက်လ်ဖ်များနှင့်အတူ ထွက်ခွာသွားခဲ့ကြသည်။

စာအုပ်နောက်ဆက်တွဲ၌ ဆမ်သည် ၎င်းသမီးဖြစ်သူ အက်လန်နော် (Elanor) ကို အနောက်ဘက်ခရီးစဉ်မှတ်တမ်း အနီရောင်စာအုပ် (Red Book of Westmarch) ကို ပေးရစ်ခဲ့သည်။ အဆိုပါစာအုပ်မှာ ဘီလ်ဘို၏ စွန့်စားခန်းများ၊ လက်စွပ်စစ်ပွဲကြီးအကြောင်း ဟော့ဘစ်တို့သိရှိသမျှ ပါဝင်ပေသည်။ ဆမ်သည်လည်း လက်စွပ်နောက်ဆုံးသယ်ဆောင်ခဲ့သူအဖြစ် ပင်လယ်ကိုဖြတ်သန်း၍ အနောက်အရပ်ဆီသို့ ထွက်ခွာခဲ့ကြောင်း ထိုသို့ ပြောဆိုကြသည်လည်းရှိပေတော့သည်။

ဇာတ်လမ်းဆင်သည့် ပုံစံဘောင် ပြင်ဆင်ရန်

တော်ကီးန်သည် လက်စွပ်များ၏ အရှင်သခင်ကို စိတ်ကူးယဉ်ပုံစံဘောင်ထဲ ၌ ထား၍တင်ဆက်သည်။ အဆိုပါသတ်မှတ်သော ဘောင်သည်ကား ၎င်းကိုယ်တိုင် ဤဇာတ်လမ်းရေးသူ စာရေးဆရာမဟုတ်၊ ရှေးဟောင်းစာအုပ်ဖြစ်သော အနောက်ဘက် ခရီးစဉ်မှတ်တမ်းစာအုပ်နီ(Red Book of Westmarch)ကို တစ်စိတ်တစ်ပိုင်းဘာသာပြန်သောသူမျှသာဆိုသည့် ပုံစံကိုယူ၍ ဖန်တီးသည်။ ဤပုံစံဘောင်ရှိသော ဇာတ်လမ်း၏ ထွေရာအသေးစိတ်ကို "နိဒါန်" အခန်း၊ ရှိုင်းယားနှင့်ပတ်သက်သောမှတ်စု အခန်း၊ စာအုပ်၏ နောက်ဆက်တွဲ အပိုင်း(စ)၌(Appendix F)ထည့်သွင်းသည်။ ဤပုံစံဘောင်တွင် စာအုပ်နီ(Red Book)သည် ၎င်းတစ်ခြားလက်ရာများဖြစ်သော "တွန်ဘွန်ဘာဒီလ်၏ စွန့်စားခန်းများ"(The Adventures of Tom Bombadil)၊ "လင်းလက်တောက်ပသော ရတနာသုံးသွယ်" (The Silmarillion)၊ ဟော့ဘစ် (The Hobbit)စသော အလယ်ပိုင်းကမ္ဘာမြေ (Middle-earth)နှင့်ပတ်သက်သမျှအရေးအသားမှန်သမျှ၏ ရင်းမြစ်စာအုပ်ဖြစ်လေသည်။[၁၃]

အယူအဆ နှင့် ဖန်တီးခြင်း ပြင်ဆင်ရန်

နောက်ခံအကြောင်းအရာ ပြင်ဆင်ရန်

"လက်စွပ်များ၏ အရှင်သခင်" သည် ဂျေ အာ အာ တော်ကီးန်၏ ၁၉၃၇ခုနှစ်တွင် ထုတ်ဝေသော "ဟော့ဘစ်" နောက်ဆက်တွဲအဖြစ် အစပျိုးခဲ့သည်။[၁၄] ဟော့ဘစ်ကို လူကြိုက်များလာမှုကြောင့် ထုတ်ဝေသူ Allen & Unwin,တို့ကနောက်ဆက်တွဲရေးပေးပါရန် တောင်းဆိုကြသည်။ တော်ကီးန်က ၎င်းသည် စာရေးနှေးကွေးပြီး ၎င်းတီထွင်ပျိုးထောင်ထားသော ဇာတ်လမ်းတချို့ကို ပြန်လှန်ဆက်နွယ်မည်ဟု သတိပေးသည်။ ဟော့ဘစ်နှင့်အပြိုင်ရေးသားပြုစုထားသော "The Silmarillion"ဝတ္ထုမူကြမ်းကို ပယ်ချ၍ Roverandomဝတ္ထုအလတ်ကို ဆိုင်းငံ့၊ Farmer Giles of Hamဝတ္ထုကို လက်ခံပြီး Allen & Unwinတို့တွေးသည်မှာ ဟော့ဘစ်တို့အကြောင်းအရာများသည် ပိုမိုလူကြိုက်များရေပန်းစားပေမည်။[၁၅]}} ထို့ကြောင့် "လက်စွပ်များ၏ အရှင်သခင်"ဖြစ်လာမည့် ဇာတ်လမ်းကို အသက် (၄၅)နှစ်၌ စတင်ရေးသားသည်။ ဇာတ်လမ်းမှာ နောက် (၁၂)နှစ်ကြာ ၁၉၄၉မှသာ ပြီးဆီးခဲ့လေသည်။ အသက် ၆၃နှစ်အရွယ် ၁၉၅၅အထိ အကုန်လုံးထုတ်ဝေခြင်းမပြုနိုင်ခဲ့ပေ။

ရေးသားခြင်း ပြင်ဆင်ရန်

ထုတ်ဝေသူများတောင်းဆိုသဖြင့် ၁၉၃၇ ဒီဇင်ဘာ၌ ဟော့ဘစ်ဇာတ်လမ်းအသစ်တစ်ခု ကိုစတင်ရေးသားသည်။[၁၄] အစပိုင်း အမှားအယွင်းတချို့ရှိခဲ့ပြီးနောက် တစ်ကွင်းတည်းသောလက်စွပ်(One Ring)ဇာတ်လမ်းပေါ်ထွက်လာသည်။ ဘီလ်ဘိုကိုယ်ပျောက်သွားခြင်း၊ လက်စွပ်၏အရေးပါပုံနှင့် ဝတ္ထုနာမည်ဖြစ်သော လက်စွပ်များ၏ အရှင်သခင်ဆိုသော အကြောင်းအရာများသည် ၁၉၃၈နွေဦးရာသီအထိစိတ်ထဲပေါ်မလာသော်လည်း ပထမအခန်း(("A Long-Expected Party")အတွက် စိတ်ကူးသည် အပြည့်အစုံရောက်ရှိလာသည်။[၁၄] အစောပိုင်းက တော်ကီးန်သည် ဇာတ်လမ်းကို "ဘီလ်ဘိုမှာ ၎င်းရရှိထားသော ရတနာများသုံးကုန်၍ နောက်ထပ်ရရှိရန် စွန်စားခန်းထပ်မံထွက်လေသည်"ဟုရေးရန်ကြံရွယ်ထားခဲ့၏။ သို့သော် နောက်မှ လက်စွပ်နှင့် အစွမ်းသတ္တိကို သတိရသွား၍ နောက်အသစ်တစ်ခုကို အာရုံထားလျှင် ပို၍ကောင်းမည်ဟု တွေးမိခဲ့လေသည်။[၁၄] ဇာတ်လမ်းကိုဆက်လက်ရေးသားနေစဉ်ဝယ် The Silmarillionမှ ဒဏ္ဍာရီပါအကြောင်းကိုဆွဲခေါ်သည်။[၁၆]

ဘာသာဗေဒပညာရပ်များ သင်ကြားနေရသည့် ပညာရေးဆိုင်ရာ အချိန်ပြည့်ရာထူးဖြင့်လုပ်ကိုင်ရသော တော်ကီန်မှာ စာရေးနှေးကွေးပေသည်။(၎င်း၏ရှေးဟောင်းအင်္ဂလိပ်စာအုပ်များထဲသို့ ပေါင်းစပ်ထည့်သွင်းထားသောဘာသာဗေဒအကြောင်းအရာများပါရှိသည့် ဘာသာစကားများကိုအာရုံစိုက်ရသဖြင့်)။[၁၇] "၁၇နှစ်တာမှာ [...]ကို စစ်ဆေးနေရလို့ အားလပ်ချိန်ရယ်လို့ကိုမရပါဘူး။ ချေးယူထားရတဲ့ အချိန်တွေထဲကမှ စကားပြေပုံစံ၊ အလင်္ကာပုံစံဖြင့် ဇာတ်လမ်းများရေးတဲ့အချိန် အခိုးခံလိုက်ရတာပါ... တခါတလေ အပြစ်ရှိနေသလိုပဲ... "[၁၈] တော်ကီးန်သည် "လက်စွပ်များ၏ အရှင်သခင်"ရေးသားခြင်းကို ၁၉၄၃တွင် စွန့်လွှတ်ထားခဲ့ရပြီး ၁၉၄၄ ဧပြီမှသာ ပြန်လည်စတင်ရေးသားနိုင်ခဲ့လေသည်။[၁၄] တောင်အာဖရိကနိုင်ငံ ဗြိတိသျှတော်ဝင်လေတပ်မတော်၌ တာဝန်ထမ်းဆောင်စဉ် ရေးသားထားသော အခန်းများကို သား ခရစ်တိုဖာ တော်ကီးန်(Christopher Tolkien)အတွက် အခန်းဆက်အနေဖြင့် ပို့ပေးသည်။ တော်ကီးန်သည် ၁၉၄၆တွင် အရေးပါသော အားထုတ်မှုပြုလုပ်ခဲပြီးနောက် ထုတ်ဝေသူတို့ကို ၁၉၄၇တွင် စာမူပြကြည့်သည်။[၁၄] ဇာတ်လမ်းမှာ နောက်တစ်နှစ်တွင် ပြီးဆီးသော်လည်း ၁၉၄၉မတိုင်မချင်း ရေးထားသမျှအကြောင်းအရာ အစပိုင်းအခန်းများကိုပြန်လှန်ဖတ်ခြင်း မပြီးနိုင်ခဲ့ပေ။[၁၄] မူလ လက်ရေးမူကြမ်းသည် စုစုပေါင်း (၉၂၅၀)စာမျက်နှာ ရှိ၍ ယခု Marquette University ဂျေ အာ အာ တော်ကီးန်စုဆောင်းခြင်းအကန့်၌ ထိုမူကြမ်းတည်ရှိသည်။[၁၉]

တော်ကီးန်အပေါ် လွှမ်းမိုးမှုများ ပြင်ဆင်ရန်

တော်ကီးန် လေ့လာဖူးသော ဝေလဘာသာစကား (Welsh language)၏လွှမ်းမိုးမှုကို ၎င်း၏ "အင်္ဂလိပ်၊ဝေလ" အက်ဆေးများတွင် အကျဉ်းချုပ်ဖော်ပြသည်။ "နောက်တစ်ခေါက်လောက် ကျွန်တော့်လက်ရာကို ညွှန်းဆိုဖော်ပြရမယ်ဆိုရင် လက်စွပ်များ၏ အရှင်သခင်မှာ ထင်ထင်ရှားရှားအနေနဲ့... ဝေလဘာသာစကားမှာသုံးထားတဲ့ နာမည်တွေကို အဲဒီဇာတ်လမ်းထဲက လူတွေ နေရာတွေရဲ့အမည်တွေမှာ အခြေခံအနေနဲ့ တရည်တရွယ်နဲ့ကိုထည့်ထားတာပါ။ (တိုက်ရိုက်ကြီးမဟုတ်ပေမဲ့ ဆင်တူရိုးမှားလေးပေါ့ဗျာ)။ ဒီပုံပြင်တွေထဲက ဒီအကြောင်းအရာတွေက စာဖတ်သူပရိသတ်ကို တခြားအရာတွေထက်ပိုပြီးတော့ သာယာနာပျော်မှုပေးနိုင်ခဲ့ပါပြီလေ။"[၂၀]

"လက်စွပ်များ၏ အရှင်သခင်" ကို တော်ကီးန်က ၎င်း၏ ဝေါဟာရဇစ်မြစ်များ၊ ဘာသာရေး( အထူးသဖြင့် ကက်သလစ်သာသနာ)[၂၁]), ဒဏ္ဍာရီပုံပြင်များ, နော့စ်ဒဏ္ဍာရီ (Norse Mythology) နှင့် ယေဘူယျသဘောအားဖြင့် ဂျာမန်(Germanic mythology)[၂၂][၂၃] ဆဲလ်တစ်(Celtic)၊[၂၄] စလပ်ဗ်(Slavic)၊[၂၅][၂၆][၂၇] ပါရှန်း(Persian)၊[၂၈] ဂရိ(Greek)၊[၂၉] နှင့် ဖင်လန်(Finnish)ဒဏ္ဍာရီများအပေါ်စိတ်ပါဝင်စားမှု၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလေ့လာမှုအနေဖြင့်ပြုစုပျိုးထောင်ခဲ့လေသည်။[၃၀] ဂျော့ မက်ခ်ဒေါ်နယ်လ်(George MacDonald)၊ ဝီလီယန် မောရစ်(William Morris)[၃၁] နှင့် အန်ဂလို ဆက်ခ်ဆွန်ကဗျာများ(Anglo-Saxon poem)၊ ဘိုးဝုဖ် (Beowulf)[၃၂] စသည်တို့၏ လွှမ်းမိုးမှုများရှိသည်ဆိုခြင်းကို တော်ကီးန်က အသိမှတ်ပြုလက်ခံသည်။ စာပေဝေဖန်အကဲဖြတ်တို့ကလည်း သက်သေထူပြီးဖြစ်သည်။ ဗန်းဂါး (Wagner)၏ နီးဘလွန်းလက်စွပ်(The Nibelung's Ring) ဒဏ္ဍာရီဇာတ်လမ်းများက တော်ကီး၏ စာပေလက်ရာများအပေါ် တိုက်ရိုက်လွှမ်းမိုးမှုရှိ မရှိနှင့်ပတ်သက်သောမေးခွန်းကိုကား ယခုထိ ထိုဝေဖန်အကဲဖြတ်တို့ အငြင်းပွားကြဆဲပင်။

 
"လက်စွပ်များ၏ အရှင်သခင်" ဝတ္ထုအစပိုင်း၌ ဖော်ပြထားသော the Ivy Bush သည်[၃၃] ဘာမင်ဂမ်ဘုရားကျောင်းဆောင်(Birmingham Oratory)နှင့် အနီးဆုံး ပြည်သူပိုင်အဆောက်အဦးဖြစ်သည်။ တော်ကီးန်မှာ Edgbaston Reservoir၌နေစဉ် ထိုဘုရားကျောင်းတက်ခဲ့၍ Perrott's Follyက အနီးနားတွင်ရှိသည်။

တော်ကီးန်သည် မည်သည့်ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုများကို ၎င်းစာပေများတွင် ထည့်သွင်းမထားချေ။ ထိုအကြောင်းအရာများထက် "လက်စွပ်များ၏ အရှင်သခင်"၏ စကြာဝဋ္ဌာသဘောတရား၊ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်များက ၎င်းကိုးကွယ်သော ကက်သလစ်ဘာသာကို ရောင်ပြန်ဟပ်နိုင်သည်။ စာတစ်စောင်တွင် "လက်စွပ်များ၏ အရှင်သခင်"သည် တကယ့်ကိုပင် ယုံကြည်သက်ဝင်သော ကက်သလစ်ဘာသာအလုပ်ဟု၊ အစောပိုင်းကတော့ မသိစိတ်နဲ့ဖြစ်ပြီး ပြန်လည်ဖတ်သောအခါ သိစိတ်ဖြင့်ဘာသာရေးအလုပ်ပင်ဖြစ်သည်ဟု တော်ကီးန်ကဆိုခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ဤစိတ်ကူးယဉ်ကမ္ဘာထဲသို့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားများ၏ ရည်ညွှန်းမှုများ မထည့်ခဲ့သလို၊ ဖြတ်တောက်ခြင်းလည်းမပြုခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအပိုင်းကိုယ်၌ကပင် ဤဇာတ်လမ်း၊ ရုပ်ပုံဖော်မှုထဲတွင် စိမ့်ဝင်၍ဖြစ်သည်။[၂၁]

ဇာတ်လမ်းပါ အချို့သော နေရာအကွက်အကွင်းများ၊ဇာတ်ကောင်များသည် တော်ကီးန် ယခင်ပထမနေထိုင်ဖူးသော ဘာမင်ဂမ်မြို့ Sarehole Millအနီးတဝိုက်နှင့် နောက်ပိုင်းနေသော Edgbaston Reservoirတို့မှ ဆင်းသက်လာသော ကလေးဘဝအတိတ်ပုံရိပ်များ၏ စေ့ဆော်မှုပင်ဖြစ်သည်။[၃၄] Edgbaston အနောက်မြောက်ဘက် လက်တကမ်းအကွာလောက်က Black Countryနှင့်ပတ်သက်၍ အရိပ်အမြွက်များလည်းရှိပေသည်။ ဘာကိုပြသနေသလဲဟုဆိုရလျှင် Underhill ဆိုသောစကားလုံး၊ ဆာရူမန်နေထိုင်ရာ အိုင်ဆန်ဂတ်၏ စက်မှုလုပ်ငန်များကို ဖော်ပြချက်၊ ရှိုင်းယားဒေသ... စသည်တို့ပင်ဖြစ်ကြ၏။ ရှိုင်းယားနှင့် ဘေးနားဝနိးကျင်သည် လန်ကရှီးယား (Lancashire)နယ် Stonyhurst Collegeတဝိုက်ရှိသော ပတ်ဝန်းကျင်ကို အခြေပြုထားသည်။ ထို လန်ကရှီးယား၌ ၁၉၄၀နှစ်များအတွင်း မကြာခဏဆိုသလိုနေခဲ့ဖူးသည်။[၃၅] ၎င်းစာပေများအပေါ် ပထမကမ္ဘာစစ်က ထမ်းဆောင်ခဲ့ရသော စစ်ရေးဆိုင်ရာအကျိုးသက်ရောက်မှုများမလည်းရှိရာ ဝေဖန်ရေးသမားတစ်ယောက် ထောက်ပြသည့်အချက်မှာ တော်ကီးန်တာဝန်ကျခဲ့ဖူးသော ပြင်သစ်မြောက်ပိုင်းတွင်ဖြစ်ခဲ့သော ဆော(မ်)တိုက်ပွဲ(Battle of the Somme) ၌ စစ်ကိုတာရှည်စွာထိတွေ့ရမှုကြောင့်ဖြစ်လာသော စိတ်ပိုင်းဆိုင်ရာအနှောက်အယှက် ကသိကအောက်ဖြစ်သည့်ဝေဒနာ(shell-shock)မှာ ဖရိုဒို၏ နောက်ပိုင်းကြုံတွေ့ရသော ကိုယ်ရောစိတ်ပါ ခံစားရသည့် ဒဏ်ရာဒဏ်ချက် (posttraumatic stress disorder)သဘောမျိုးဟု ဆိုကာစစ်တမ်းထုတ်သည်။[၃၆]

ထုတ်ဝေမှု သမိုင်းကြောင်း ပြင်ဆင်ရန်

George Allen & Unwin တို့နှင့် ကတောက်ကဆဖြစ်ခြင်းသည် ၁၉၅၉၌ ဟာ့ပါကောလင်းတိုက် (HarperCollins) သို့ စာအုပ်အားကမ်းလှမ်းမိစေသည်။ The Silmarillion (အများအားဖြင့် အပြောင်းအလဲမလုပ်ဘဲ)ကို လက်စွပ်များ၏ အရှင်သခင်စာအုပ်နှင့်အတူ ထုတ်ဝေရန်ဖြစ်သည်။ သို့ရာတွင် Allen & Unwin တို့မှာ စိတ်မပါကြပေ။ နောက်ထုတ်ဝေသူ Milton Waldma နှင့်ဆက်သွယ်ကာ ထုတ်ဝေရေးအဆင်မပြေသဖြင့် ကောလင်းစာပေတိုက်သို့ ဆက်သွယ်ပြန်သည်။ ကောလင်းတိုက်မှ လက်စွပ်များ၏ အရှင်သခင်ကို အရေးတကြီး လျှော့ချဖြတ်တောက်စေချင်သည့်စိတ်သဘောပြသ၏။ တော်ကီးန်က ၁၉၅၂တွင် ထုတ်ဝေရန်တောင်းဆို[၃၇]သော်လည်း ကောလင်းတိုက်ကထုတ်ဝေခြင်းမပြုခဲ့ပေ။ ထို့ကြောင့်ပင် Allen and Unwin တို့ဆီကို စာရေးသားခဲ့၏ " အခုဒီစာမူရဲ့ ဘယ်အပိုင်းကိုပဲထုတ်ထုတ် ဝမ်းမြောက်စွာနဲ့ပဲ စဉ်းစားလက်ခံပါ့မယ်။" ၎င်း၏ စာပေလက်ရာများ နေ့အလင်းရောင်ကို မမြင်တော့မှာကိုတော့ ကြောက်ရွံ့နေမိသည်။[၁၄]

ထုတ်ဝေရန် စာအုပ်ကို သုံးပိုင်းပိုင်း၏။ ကြိုတင်မျှော်လင့်ထားသော အသင့်တင့်ဆုံးရောင်းအားနှင့် စာရိုက်မှုကုန်ကျစရိတ်မြင့်မားမှုတို့ကြောင့် ငွေရေးကြေးရေးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် သုံးတွဲဖြစ်သွားခြင်းဖြစ်သည်။ ထိုသုံးတွဲမှာ : "လက်စွပ်အဖွဲ့ဝင်များ" - စာအုပ် ၁၊ ၂ (The Fellowship of the Ring (Books I and II)) ၊ "ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု" - စာအုပ် ၃၊ ၄ (The Two Towers (Books III and IV)) ၊ "ဘုရင်အဖြစ် ပြန်လည်ရောက်ရှိလာခြင်း" - စာအုပ် ၅၊ ၆ (The Return of the King (Books V and VI) နှင့် နောက်ဆက်တွဲ အပိုင်း(၆)ခု) တို့ဖြစ်ကြသည်။[၃၈] နောက်ဆက်တွဲစာများ၊ မြေပုံများ၊ အထူးသဖြင့် အညွှန်းများကို ပြုစုရန်နှောင့်နေးမှုကြောင့် ယခင်ခန့်မှန်းထားသည့်အချိန်ထက် နောက်ကျမှထုတ်ဝေနိုင်ခဲ့သည်။ ထိုအတွဲများကို ယူနိုက်တက် ကင်းဒမ်းတွင် ၂၉-ဇူလိုင်-၁၉၅၄၊ ၁၁-နိုဝင်ဘာ-၁၉၅၄ နှင့် ၂၀-အောက်တိုဘာ-၁၉၅၅တွင် လည်းကောင်း အမေရိကန်ပြည်ထောင်စု၌ Houghton Mifflin က ပထမတွဲ "လက်စွပ်အဖွဲ့ဝင်များ"စာအုပ်ကို ၂၁-အောက်တိုဘာ-၁၉၅၄၊ "ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု"ကို ၂၁-ဧပြီ-၁၉၅၅၊ "ဘုရင်အဖြစ် ပြန်လည်ရောက်ရှိလာခြင်း" အား ၅-ဇန်နဝါရီ-၁၉၅၆တို့၌ အသီးသီးထုတ်ဝေခဲ့ကြ၏။[၃၉]

"ဘုရင်အဖြစ် ပြန်လည်ရောက်ရှိလာခြင်း" ကို တော်ကီးန်က ပြန်လည်တည်းဖြတ်ပြင်ဆင်ကာ နောက်ဆက်တွဲများပြုစုပြင်ဆင်နေ (အချို့မှာ နေရာမလုံလောက်သဖြင့် ဖယ်ထုတ်ခဲ့ရသည်) သောကြောင့် နောက်ဆုံးအတွဲမှာ နှောင့်နှေးခဲ့လေသည်။ "ဘုရင်အဖြစ် ပြန်လည်ရောက်ရှိလာခြင်း" - The Return of the King ဆိုသည့်အမည်ကို တော်ကီးက သဘောမတွေ့လှပေ။ အကြောင်းမှာ ထိုနာမည်သည် ဇာတ်လမ်းကျောရိုးနှင့် အတော်ဖီလာဆန့်ကျဉ်သလိုဖြစ်နေသည်ဟု ယုံကြည်၏။ သို့သော် ထုတ်ဝေသူအကြိုက်ကို လိုက်လျောခဲ့သည်။ "ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု" မှာရောထွေးဖွယ်ရာဖြစ်နိုင်သည်။[၄၀]ဒုတိယတွဲဖြစ်သည့် "ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု" - The Two Towersကို (ရဲတိုက်များ၏တိုက်ရိုက်အမည်) " အော်သန့်ခ် နှင့် ဘားရက်ဒူရာ (Orthanc and Barad-dûr) (သို့) မိနက်စ် တစ်ရစ်နှင့် ဘားရက်ဒူရာ (Minas Tirith and Barad-dûr) (သို့) အော်သန့်ခ်နှင့် ခစ်ရစ် အန်ဂေါလ် (Orthanc and Cirith Ungol) စသဖြင့် မပြတ်မသားအမည်များပေးရန်လည်းကြိုးပမ်းခဲ့လေသည်။ The Fellowship of the Ring ထုတ်ဝေအပြီး တစ်လအကြာ မှတ်ချက်၌အဖုံးပုံဆွဲခဲ့ရာ ပုံ၌ မိနပ်စ်မော်ဂေါ နှင့် အော်သန့်ခ်ကို ဖော်ပြခဲ့သည်။[၄၁][၄၂]

အစပိုင်းတွင် တော်ကီးန်သည် အပိုင်း ၂ ပိုင်းပါ တစ်တွဲ (two-book volume) ဆီကို ပေးထားသောနာမည်များကို မကြိုက် ထိုနာမည်များအစား လက်စွပ်များ၏ အရှင်သခင် : အတွဲ(၁) - "လက်စွပ်၏ ထွက်ခွာခြင်း"နှင့် "လက်စွပ်၏ တောင်အရပ်ဆီသို့"၊ အတွဲ(၂) - "အိုင်ဆန်ဂတ် သစ္စာဖောက်ခြင်း" နှင့် "အရှေ့ဘက်ရောက် လက်စွပ်"၊ အတွဲ(၃) - "လက်စွပ်တိုက်ပွဲကြီး" နှင့် "တတိယခေတ်ကာလ" ဤသို့ အမည်ပေးချင်ခဲ့သည်။[၄၃][၄၄] မည်သို့ပင်ဆိုစေကာမူ တစ်အုပ်ခြင်း၏ခေါင်းစဉ်များကို ဖယ်ရှား၍ ထုတ်ဝေသူများ၏ တွန်းအားကို ခံရပြီးနောက် တော်ကီးန်သည် မူလကဤသို့ အဆိုပြုထားသည်။ အတွဲ(၁) - "မှောင်ရိပ်ကြီးစိုးလာခြင်း" (The Shadow Grows) ၊ အတွဲ(၂) "မှောင်ရိပ်ထဲက လက်စွပ်" (The Ring in the Shadow) ၊ အတွဲ(၃) "လက်စွပ်တိုက်ပွဲကြီး" (သို့) "ဘုရင်အဖြစ် ပြန်လည်ရောက်ရှိလာခြင်း" (The War of the Ring or The Return of the King)[၄၅][၄၆]

သုံးတွဲပါစာအုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခဲ့သောကြောင့် ဤစာအုပ်ကို မကြာခဏဆိုသလို လက်စွပ်များ၏ အရှင်သခင်' "သုံးတွဲ" ဟုရည်ညွှန်းကြသည်။ နောက်ဆုံးအတွဲကို ၁၉၅၆၌ ပြန်လည်စိစစ်ရာတွင် ကျော်ကြားသူဖြစ်သော ကဗျာဆရာ W. H. Auden ဆီသို့ ပေးစာတစ်စောင်တွင်[၄၇] တော်ကီးန်သည်လည်း "သုံးတွဲ"ဟူ၍သာ သုံးစွဲခဲ့၏။[၄၈] သို့သော် တစ်ခါတစ်ရံတွင် ဤသုံးတွဲဆိုသည့် စကားလုံးမှာ အမှန်မဟုတ်ဟုလည်းယူဆခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာအုပ်အား တစ်အုပ်တည်းအဖြစ်ရေးသား သန္ဓေတည်စေခဲ့သောကြောင့်ဖြစ်ပေသည်။ [၄၉] မကြာခဏဆိုသလို ဤဇာတ်လမ်းကို ဝတ္ထုရှည် (novel) ဆိုကာခေါ်ဝေါ်ကြသည်။ သို့ပေမယ့် တော်ကီးန်က ထိုသို့ခေါ်ဝေါ်ခြင်းကိုကန့်ကွက်သဘောမတူ။ ၎င်း၏ အမြင်မှာ ဤဇာတ်လမ်းကား သူရဲကောင်းတို့ ဒဏ္ဍာရီ /ရာဇဝင်/စွန်စားမှုဇာတ်လမ်း (Heroic romance - ဤသည်မှာ ၁၇ရာစု ပြင်သစ်တွင် ဖွံ့ဖြိုးစည်ပင်ခဲ့သော စိတ်ကူးယဉ်စာပေအမျိုးအစား (a genre of imaginative literature) တစ်ခုဖြစ်သည် ) ဟုရှုမြင်သောကြောင့်ဖြစ်၏။[၅၀]

စာအုပ်များကို အကျိုးမြတ်ခွဲဝေမှုပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ဤအစီစဉ်ဖြင့် စာအုပ်ဈေးကွက်သို့ မရောက်မခြင်း တော်ကီးန်သည် ကြိုတင်ငွေမရ၊ မူပိုင်ခမရပါ။ ထို့နောက်မှ ကြီးမားသော အမြတ်ဝေစုရပါလိမ့်မည်။[၅၁] နောက်ဆုံး၌ ရေးဖူးသမျှ ရောင်းအားအကောင်းဆုံးစာအုပ်ထဲမှတစ်အုပ်ဖြစ်လာခဲ့သည်။ ၂၀၀၃၌ အုပ်ရေသန်း (၅၀) ကျော်ရောင်းချခဲ့ပြီးဖြစ်ကာ[၅၂] နောက် (၂၀၀၇)တွင် သန်း၁၅၀ကျော်ရောင်းပြီးဖြစ်သည်။[၁]

၁၉၉၀ထိ ယူကေတွင် Allen & Unwin တို့ကထုတ်ဝေခဲ့၍ ထိုနှစ်တွင်ပင် ဟာ့ပ်ပါကောလင်းမှ ထုတ်ဝေသည့်တိုက်နှင့် ပိုင်ဆိုင်မှုအလုံးစုံကို ဝယ်ယူခဲ့သည်။[၅၃][၅၄]

ထုတ်ဝေခြင်း နှင့် ပြင်ဆင်ခြင်း ပြင်ဆင်ရန်

၁၉၆၀ အစောပိုင်း၌ Ace Booksစာပေတိုက်၏ သိပ္ပံခေတ်လွန်ဇာတ်လမ်းများကို တည်းဖြတ်သူ Donald A. Wollheim ကပြောဆိုသည်မှာ Houghton Mifflin ထုတ်ဝေရေးတိုက်က စာအုပ်ကို မူပိုင်ခွင့်ထားရန် လျစ်လျူရှုကြသဖြင့် အမေရိကန်မူပိုင်ခွင့်ဥပဒေဖြင့် ဤစာအုပ်ကို ကာကွယ်မထားနိုင်ခဲ့ပေ။[၅၅][၅၆] ယင်းနောက် ၁၉၆၅တွင် Ace Books ထုတ်ဝေရေးက တော်ကီးန်ခွင့်ပြုချက်မရှိ၊ ၎င်းကိုလည်းမူပိုင်ခွင့်အဖိုးအခမပေးဘဲ ထုတ်ဝေခြင်းတစ်ခုဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ တော်ကီးန်က ဤကိစ္စကို အငြင်းပွားကန့်ကွက်၍ ထိုကန့်ကွက်မှုအား ၎င်းပရိသတ်များဆီသို့ အလျှင်အမြန်သတိပေးသည်။[၅၇] ၎င်းပရိသတ်များ၏ grassroots လှုပ်ရှားမှုဖိအားပေးသဖြင့် Ace Books တိုက်မှာ ထိုထုတ်ဝေမှုကို ရုပ်သိမ်းကာ တော်ကီးန်ကို မဆိုစလောက်သောအဖိုးအခပေးသည်။[၅၈][၅၉]

ခွင့်ပြုချက်ရသော ထုတ်ဝေခြင်းများကို Ballantine Books စာပေနှင့် Houghton Mifflin စာပေတို့က လုပ်ဆောင်၍ စီးပွားရေးအရ အတော်အောင်မြင်ခဲ့ပေသည်။ အမေရိကန်မူပိုင်ဥပဒေတင်ဖို့နှင့် ၎င်းသဘောတူမှုအရ ထုတ်ဝေမည့် ပုံစံသစ်တစ်ခုကို ဖန်တီးရန် စာပိုဒ်များ၊စာသားများအပြောင်းအလဲလုပ်ဆောင်ခဲ့ပေသည်။ ဤသည်မှာကား ၁၉၆၅တွင်ထွက်ရှိသော "လက်စွပ်များ၏ အရှင်သခင်" ဒုတိယအကြိမ်ထုတ်ဝေခြင်းပင် ဖြစ်သည်။[၅၈] ပထမအကြိမ် Ballantine ၏ အဖုံးပျော့မူကို ထိုနှစ် အောက်တိုဘာ၌ ပုံနှိပ်၍ အုပ်ရေ ၂၅ သိန်းကျော်ကို ၁၀လအတွင်း ရောင်းချနိုင်ပြီး ၁၉၆၆ စက်တင်ဘာ ၄ New York Times သတင်းစာ၏ အဖုံးပျော့စာအုပ်ရောင်းအားအဆင့် (၃)တွင်ရပ်တည်၍ ဒီဇင်ဘာ ၄တွင် အဆင့်(၁) ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ရက်သတ္တပတ် ရှစ်ပတ်ကျော်ကြာကြာ ရပ်တည်နိုင်ခဲ့သည်။[၆၀] ၁၉၉၄ နောက်ပိုင်း Houghton Mifflin က ထုတ်ဝေခြင်းမူများသည် တော်ကီးန်၏ ကျစ်လျစ်သော စာသားပြောင်းလဲခြင်း၊ သားဖြစ်သူ ခရစ်တိုဖာ၏ စာလုံးပေါင်း မှန်ကန်စေရန်ကြီးကြပ်မှုများပါဝင်လေရာ အစပိုင်း အမှားအယွင်းအနည်းငယ်များဖြစ်ပြီးနောက် တစ်သမတ်တည်းသော ကွန်ပြူတာစာလုံးပုံစံအဖြစ်ရောက်ရှိလာခဲ့သည်။[၆၁]

နှစ်ငါးဆယ်မြောက် နှစ်ပတ်လည်ထုတ်ဝေခြင်းအဖြစ် ၂၀၀၄တွင် ခရစ်တိုဖာတော်ကီးန်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် Wayne G. Hammond နှင့် Christina Scull တို့က စာသားများကို ပြန်လည်စိစစ်၍ ဖြစ်နိုင်သမျှ အမှားများရှင်းထုတ်၊ ရှေ့နောက်မကိုက်ညီသည်များလည်းဖယ်ထုတ်ကြသည်။ ထိုအမှားတချို့မှာ ၁၉၅၄ ပထမအကြိမ်တုန်းက စာစီသမား၏ ကောင်းမွန်သောရည်ရွယ်ချက်ကြောင့် ပါလာခြင်းဖြစ်ကာ တစ်ကြိမ်မှ ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ (မှတ်ချက် - တော်ကီးန်က တချို့သော စကားလုံးများကို သေချာရည်ရွယ်၍ အကြီးအသေး၊ပုံမှန်စာလုံးပေါင်းမဟုတ်ပဲ ပြောင်ထားသည်ကို စာစီသူက စေတနာကောင်းစွာဖြင့် ပုံမှန်အရေးအသားသို့ ပြောင်ပေးခဲ့မိ၏ )။[၆၂] ၂၀၀၅ ထုတ်ဝေခြင်းတွင် တည်ဖြတ်သူများသတိပြုမိသော အရာများ၊ စာဖတ်သူများ တင်သွင်းသော အရာများပါ ပါဝင်လာ၏။ နောက်ထပ်ပြင်ဆင်ခြင်းကို ၂၀၁၄ မူတွင် ထပ်မံပေါင်းထည့်နိုင်ခဲ့၏။[၆၃]

သိသိသာသာ နှစ် ၅၀ မြောက်ထုတ်ဝေခြင်းမူတချို့တွင် သုံးတွဲကို တစ်အုပ်တည်းအဖြစ် လုပ်ဆောင်နိုင်ခဲ့သည်။ မြောက်မြားစွာသော ထုတ်ဝေမူများတွင်စာမျက်နှာနံပါတ်စီစဉ်မှု အတော်ကွာခြားမှုရှိလေသည်။

တော်ကီးန်ကွယ်လွန်ပြီးမှ စာမူကြမ်းထုတ်ဝေခြင်း ပြင်ဆင်ရန်

၁၉၂၂ - ၁၉၈၈ ထိ ခရစ်တိုဖာတော်ကီးန်သည် "လက်စွပ်များ၏ အရှင်သခင်"နှင့်ပတ်သက်သော စာမူကြမ်းများအား ဇာတ်လမ်းပါအချိန်ကာလအဖြစ်သနစ်များကို ရှေ့နောက်စီစဉ်ကာ ဘေးမှဖြစ်ပေါ်လာမှုအဆင့်ဆင့်ကို မှတ်ချက်ရေးသားသောပုံစံဖြင့်ထုတ်ဝေသည်။ အတွဲ ၆-၉ ထိ နာမည်ကို အလယ်ကမ္ဘာမြေ၏ သမိုင်း (History of Middle-earth) ဟုပေးသည်။ ကျန်ရှိသော လေးတွဲအား အမှောင်ရိပ်ပြန်လည်ရောက်ရှိလာခြင်း (The Return of the Shadow) ၊ အိုင်ဆန်ဂတ်၏ သစ္စာဖောက်မှု (The Treason of Isengard) ၊ လက်စွပ်စစ်ပွဲကြီး (The War of the Ring) ၊ ဆော်ရွန်ရှုံးနိမ့်ခြင်း(Sauron Defeated) စသည်ဖြင့် အမည်ပေးထားခဲ့လေသည်။

ဘာသာပြန်ခြင်းများ ပြင်ဆင်ရန်

ဤဝတ္ထုအား အနည်းဆုံး ဘာသာစကားပေါင်း ၅၆ခုထိ အောင်မြင်သောအတိုင်းအတာဖြင့် ဘာသာပြန်ဆိုပြီးဖြစ်သည်။[၆၄] ဝေါဟာရဗေဒကျွမ်းကျွမ်းကျင်သူ တော်ကီးန်သည် ဤဘာသာပြန်ချက်အတော်များများကို စစ်ဆေးခဲ့သည်။ ၎င်းလက်ရာနှင့် ဘာသာပြန်လုပ်ငန်းစဉ် နှစ်ခုလုံးကို ရောင်ပြန်ဟပ်ညွှန်းဆိုနိုင်သည့် ဘာသာပြန်တစ်ခုခြင်းဆီကို မှတ်ချက်များရေးခဲ့သည်။ ဥပမာ - Åke Ohlmarks ၏ ဆွီဒင်ပြန်မူကဲ့သို့သော အစောပိုင်းဘာသာပြန်ဆိုသူက ပြုလုပ်ထားသောရွေးချယ်မှုများနှင့်ပတ်သက်၍တော့ မပျော်မရွှင်ဖြစ်ခဲ့သည်။[၆၅] တော်ကီးန်က "လက်စွပ်များ၏ အရှင်သခင်"ပါ နာမည်များ လမ်းညွှန် ကို ၁၉၆၇တွင်ရေးသည်။ အဘယ်ကြောင့်ဆိုသော် "လက်စွပ်များ၏ အရှင်သခင်"စာအုပ်ကပင် "အနောက်ဘက်ခရီးသွားမှတ်တမ်းစာအုပ်နီ" (Red Book of Westmarch) ကို ဘာသာပြန်ထားသည့်ပုံစံဖြင့် ရေးဖွဲ့ထားသောကြောင့်ဖြစ်ပေသည်။ ဇာတ်လမ်းထဲ၌ ပုံမှန်လူတို့ပြောဆိုသော ဘာသာစကား Westron ကို ကိုယ်စားပြုဖော်ပြနိုင်သော အင်္ဂလိပ်ဘာသာဖြင့် ဤဝတ္ထုအား တင်ဆက်ထားသည့်ပုံစံဖြင့်ရေးဖွဲ့ထားလေသည်။ ဘာသာပြန်ဆိုသူတို့သည် အင်္ဂလိပ်ဘာသာစကားနှင့် တီထွင်ဖန်တီးထားသော အင်္ဂလိပ်ပုံစံနာမည်ပေးမှုကြားက အားပြိုင်မှုကို အမိဖမ်းရန်ကြိုးစားသင့်ကြောင်း၊ ယေဘုယျလမ်းညွှန်ချက်များနှင့်အတူ ဥပမေယျများကိုပါ ပေးသင့်ကြောင်း တော်ကီးန်က အကြံပြုသည်။

တုံ့ပြန်မှုများ ပြင်ဆင်ရန်

လက်စွပ်များ၏ အရှင်သခင် အတွက် ယခင်က သုံးသပ်ဝေဖန်မှုများသည် ရောရောထွေးထွေးရှိသော်လည်း မြောက်မြားစွာသော စာနယ်ဇင်းများ၏ သုံးသပ်ဝေဖန်မှုများကား ခြုံငုံသောအားဖြင့် အတော်လေးအကောင်းဘက်ဆန်၍ တော်ကီးန်၏ စာပေပိုင်းအောင်မြင်မှုများကို အရေးကြီးသောအောင်မြင်မှုဟု အသိအမှတ်ပြုကြသည်။ Sunday Telegraphက "နှစ်ဆယ်ရာစု၏ အကြီးကျယ်ဆုံးသော စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ တစ်ခု"ဟု စဦးသုံးသပ်အကဲဖြတ်သည်။[၆၆] The Sunday Times က ဤသဘောကိုပင် ပဲ့တင်သံပြု၍ ဤသို့ဆိုလေသည်။ "'အင်္ဂလိပ်စကားပြောသောနိုင်ငံများကိုနှစ်ပိုင်းပိုင်းလျှင် "လက်စွပ်များ၏အရှင်သခင်ဝတ္ထု" နှင့် "ဟောဘစ်" ဝတ္ထုကိုဖတ်ပြီးသောသူများနှင့်ဖတ်မည့်သူများဟူ၍အုပ်စုနှစ်ခုသာရှိသည်။'"[၆၆] The New York Herald Tribune ကလည်း ဤဝတ္ထုဇာတ်လမ်းများ ဘယ်လောက်ထိ ရေပန်းစားသလဲဆိုတာနှင့်ပတ်သက်၍ စိတ်ကူးရှိပုံရသည်။ ၎င်းတို့ ဝေဖန်သုံးသပ်မှု၌ " တို့ခေတ်ကို လွန်ပြီးတာရှည်ခံမဲ့ ကံကြမ္မာရှိနေတယ်" ဟူ၍ ရေးသားခဲ့၏။[၆၇] တော်ကီးန်၏ စာအရေးအသားကို လေးစားအားကျသူ W. H. Auden က ဤဝတ္ထုကို "အပြောင်မြောက်ဆုံးလက်ရာ"ဟုသတ်မှတ်၍ တချို့အပိုင်းများတွင် John Milton၏ "နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း" (Paradise Lost) ကဗျာရှည်ကြီးစာအုပ်အောင်မြင်မှုထက်ကို သာလွန်သည်ဟု ထပ်မံပြောဆိုခဲ့လေသည်။[၆၈] Kenneth F Slater [၆၉] က ၁၉၅၅-ဧပြီထုတ် နက်ဗြူလာသိပ္ပံမဂ္ဂဇင်း(Nebula Science Fiction)တွင် "ခင်ဗျားတို့ ဒီစာအုပ်ကို မဖတ်ဘူးဆိုရင် ပေါ်ခဲ့သမျှ အဲဒီအမျိုးစား စာပေထဲက ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ တစ်အုပ်လွဲပြီပေါ့" ဟုရေးသားခဲ့သည်။[၇၀]

New York Times သုံးသပ်သူ Judith Shulevitz က တော်ကီးန်၏စာပေဟန် ဇာချဲ့ခြင်းကို ဝေဖန်သည်။ "စာပေထိန်းသိမ်းသူတစ်ဦးအဖြစ် ၎င်းရည်ရွယ်ချက်ရဲ့ အရေးပါအရာရောက်ခြင်းထဲမှာ ခိုင်မာတဲ့စည်းစနစ်ပိုင်းဆိုင်ရာယုံကြည်မှုပုံစံကို တည်ထွင်ဖန်တီးပြီး အဲဒီယုံကြည်မှုကပဲ နောက်ဆုံးမှာ စာပေကို သူပြန်သတ်တဲ့အဖြစ်မျိုးရောက်မယ်။"ဟုဆိုသည်။[၇၁] The New Republic မဂ္ဂဇင်းတွင် ရေးသားသူ ဝေဖန်ရေးသမား Richard Jenkyns က စိတ်ပိုင်းဆိုင်ရာ နက်နဲမှုပါဝင်မှုမရှိခြင်းကို ဝေဖန်သည်။ "ဇာတ်ကောင်များရော စာအုပ်ပါ သွေးအားနဲအားရစရာမရှိ၊ အမျှင်ဓာတ်လိုပေသည်"ဟု ဝေဖန်ရေးသားခဲ့သည်။[၇၂] တော်ကီးန်၏ စာပေအုပ်စု ဖြစ်သော The Inklings အတွင်း၌ပင် ဝေဖန်သုံးသပ်မှုများမှာ အကောင်းအဆိုးဒွန်တွဲနေသည်။ Hugo Dyson ထိုဝတ္ထုဖတ်ခြင်းကို စွာကျယ်ကျယ်ဖြင့် စောဒကတက်ညည်းညူလေသည်။[၇၃][၇၄] သို့သော် နောက်ထပ် Inklingအဖွဲ့ဝင်ဖြစ်သော C. S. Lewis (The Chronicles of Narniaရေးသူ) တွင် မတူသောအမြင်တစ်ရပ်ရှိလေသည်။ " ဒီမှာ အလှတရားရှိတယ်၊ အဲဒီအလှတရားက ဓားတွေလို ထိုးစိုက်နိုင်ပေရဲ့၊ အေးစက်နေတဲ့ သံတွေလို လောင်ကျွမ်းနိုင်ပေရဲ့။ ဒီမှာ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒီ စာအုပ်က ခင်ဗျားတို့ အသဲနှလုံးသားကို ခွဲပစ်နိုင်တယ်။" ဤကဲ့သို့သော သုံးသပ်ဝေဖန်မှုများနှင့်အတူ အဖုံးပျော့ဖြင့် မထုတ်ဝေနိုင်ခြင်းသည် ၁၉၆၀ပြည့်နှစ်များအထိ ရှိလင့်ကစား "လက်စွပ်များ၏အရှင်သခင်"ဝတ္ထုသည် အဖုံးမာဖြင့် အစောပိုင်းတွင်လည်းရောင်းကောင်းခဲ့ပေသည်။[၆]

၁၉၅၇၌ "လက်စွပ်များ၏အရှင်သခင်"ဝတ္ထုကို နိုင်ငံတကာစိတ်ကူးယဉ်စာပေဆု(International Fantasy Award)ချီးမြှင့်သည်။ ရှုတ်ချသူ၊ပုတ်ခတ်သူမြောက်မြားစွာရှိသော်လည်း Ace Books နှင့် Ballantine စာပေတို့၏ အဖုံးပျော့ထုတ်ဝေခြင်းတို့ကလည်း ဤဝတ္ထုကို အမေရိက၌ ၁၉၆၀နှစ်များတွင် အလွန်တရာ လူကြိုက်များစေရန် ကူညီနိုင်ခဲ့သည်။ ရောင်းအား၊ စာဖတ်သူစစ်တမ်းများက ဆုံးဖြတ်ပေးနိုင်သည်မှာ ၂၀ရာစု၏ ခေတ်အစားဆုံးစိတ်ကူးယဉ်ဇာတ်လမ်းများထဲမှတစ်ခုပင်ဖြစ်သည်။ ထိုအချိန်ကာလမှစ၍ ယခုထိတိုင် ရေပန်းစားနေဆဲဖြစ်၏။[၇၅] BBCက ယူကေ၌ကောက်ယူသော Big Read အစီအစဉ်တွင် ဤဝတ္ထုသည် ယင်းနိုင်ငံ၏အချစ်မြတ်နိုးဆုံးစာအုပ်အဖြစ် တွေ့ရှိရသည်။ အလားတူစွာ ၂၀၀၄ ဂျာမနီနိုင်ငံ[၇၆]နှင့် ဩစတေးလျ[၇၇]တွင်ကောက်ယူသောစစ်တမ်းများကလည်း ၎င်းလူမျိုးတို့၏ အနှစ်သက်ဆုံးစာအုပ်အဖြစ်မှတ်တမ်းဝင်ခဲ့၏။၁၉၉၉ Amazon.comဖောက်သည်များ၏ စစ်တမ်းမဲတွင် ထောင်စုနှစ်၏ အကြိုက်ဆုံးစာအုပ်(book of the millennium)အဖြစ် ဆုံးဖြတ်ချက်ပေးကြသည်။[၇၈]

"လက်စွပ်များ၏အရှင်သခင်"၌ပါရှိသော ဇာတ်ကောင်များအားလုံးသည် အဖြူ သို့ အမဲ (ကောင်းခြင်း ဆိုးခြင်း)သာရှိသည်ဟုထင်ဖွယ်ရာကောင်း သည်။ သို့သော် C. S. Lewisက အရေးအသားမှာ ထိုထက်ပိုကြွယ်ဝသည်။ တချို့ကောင်းတဲ့ဇာတ်ကောင်တွေမှာ အမှောင်အခြမ်းရှိနေသည်။ ထိုနည်းတူစွာ ဗီလိန်ဇာတ်ကောင်များတွင်လည်း ကောင်းတဲ့စေ့ဆော်မှုများရှိနေသည်။[၇၉]

အဓိကအကြောင်းအရာ ပြင်ဆင်ရန်

လက်စွပ်များ၏ အရှင်သခင်ဝတ္ထုကို ၁၉၅၀နှစ်များတွင် ထုတ်ဝေခဲ့သော်လည်း "တစ်ကွင်းတည်းသောလက်စွပ်"( the One Ring)မှာ အက်တမ်ဗုံးကို တင်စားသော ခိုင်းနှိုင်းချက်မဟုတ်ကြောင်း ပြီးလျှင်[၈၀] ၎င်းရေးသားသောစာအုပ်များသည် မည်သည့်အရာ၊မည်သည့်ပုံစံကိုမျှ တိတိကျကျခိုင်းနှိုင်းတင်စားထားသည်မျိုးမဟုတ်ကြောင်းနှင့် စာဖတ်သူတို့ မြင်သလို၊သတ်မှတ်သလို အနက်ပြန်ဆိုချက်အတွက် လမ်းဖွင့်ထားကြောင်း တော်ကီးန်က အခိုင်အမာဆိုသည်။[၈၁][၈၂]

ဝေဖန်ရေးသမားအနည်းငယ်က ၎င်းတို့သည် ဤဝတ္ထု၌ လူမျိုးရေးခွဲခြားမှုဆိုင်ရာ အကြောင်းအချက်များနှင့်ပတ်သက်ပြီး တွေ့ရကြောင်း၊ ထိုအချက်များမှာ တော်ကီးန်၏ အကောင်း၊အဆိုးသဘောကို စိတ်ကူး၍ ရုပ်လုံးဖော်ဆောင်မှုနည်းလမ်း အပေါ်တွင် ပျမ်းမျှအားဖြင့်အခြေခံသည်ဟု တွေ့ရှိရသည်။ ဇာတ်ကောင်များဖြစ်သော အက်လ်ဖ်မျိုးနွယ်(Elf)၊ ဒွာ့ဗ်လုပုမျိုးနွယ်(Dwarf)၊ ဟော့ဘစ်မျိုးနွယ်(Hobbit)၊ တောင်ပိုင်းနေလူတန်းစားတစ်မျိုး(Southron) (မှတ်ချက် - ဒါရိုက်တာပီတာ ဂျက်ဆန်ရိုက်ကူးသော ဇာတ်ကားတွင် ဆင်ကဲ့သို့ ဧရာမသတ္တဝါကြီးများကို စီး၍စစ်ချီလာသူများ)၊ နျူမန်နောရီးယန်မျိုးနွယ်(Númenórean)၊ အော့ခ်မျိုးနွယ်(Orc)စသည့်တို့နှင့် ဇာတ်ကောင်၏ မျိုးနွယ်ကိုကြည့်ကာ ၎င်းတို့၏ အမူအကျင့်ကို ဆုံးဖြတ်နိုင်သည်။[၈၃][၈၄][၈၅] ဆန့်ကျင်ဘက်အားဖြင့် တန်ပြန်အငြင်းပွားသောအဆိုများက ထိုမျိုးနွယ်ကို အာရုံစိုက်နေကြသော ဝေဖန်ရေးသမားများသည် ဆီလျှော်တဲ့ စာသားများ၏ သက်သေသာဓကများကို ချန်ထား၍ပြောဆိုနေကြသည်၊[၈၆][၈၇][၈၈] ပုံဖော်တင်ဆက်မှုများ (ကာတွန်း၊ရုပ်ရှင်စသည်)များမှ ရုပ်ပုံဖော်မှုကို ကိုးကားကြသည်၊ မူရင်းဝတ္ထုကိုမကိုးကားကြ ဟုမှတ်ချက်ပြုသည်။[၈၉] နောက် စာရေးဆရာ၏ ပုဂ္ဂိုလ်ရေးရာဘဝတစ်လျှောက်လုံး လူမျိုးရေးခွဲခြားသော သက်သေအထောက်အထားမပါဝင်မှုကိုလည်း လစ်လျှူရှုကြသည်။ [၈၆][၈၉][၉၀] လူမျိုးရေးခွဲခြားသောအမြင်သဘောထားကိုယ်၌ကိုက အရေးမပါသောရှုထောင့်တစ်ခုပါဟု ထိုတန်ပြန်ငြင်းချက်များက ပြန်လည်ချေပကြသည်။ [၉၀]

လူမျိုးရေးတစ်ခုကို နောက်တစ်ခုနှင့် ပဋိပက္ခဖြစ်စေသော အမြင်များသည် လူမျိုးရေးခွဲခြားသောရှုထောင့်ထက်စာလျှင် တော်ကီးန်၏စစ်ကြီးအပေါ်ဝေဖန်ရှုတ်ချမှုကို ပို၍ ရောင်ပြန်ဟပ်နိုင်ခဲ့သည်။ "ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု" (The Two Towers)တွင် ဇာတ်ကောင် "ဆမ်"သည် ရန်သူကျဆုံးသွားသည်ကိုမြင်လေရာ ထိုရန်သူ Southronမျိုးနွယ် (အသားရောင်ရှိသူ - a man of color - ဤတွင်သုံးသော colorစကားလုံးမှာ လူမျိုးရေးခွဲခြားသော စကားလုံး)နှင့်ပတ်သက်၍ သနားစာနာစိတ်ကိုတွေးမိသည်။[၉၁] ဒါရိုက်တာ ပီတာ ဂျက်ဆန် ၏ ယခုအခန်းနှင့် စပ်လျဉ်း၍ ဒါရိုက်တာမှတ်ချက်တွင် စာရေးဆရာသည် တစ်ဦးတစ်ယောက်ခြင်းဆီကို ၎င်းမျိုးနွယ်ကြောင့် မကောင်းမြင်မှုကို ပုံမဖော်၊ ၎င်းတို့ကိုမောင်းနှင်စေ့ဆော်သော အကုသိုလ်မကောင်းစိတ်ကိုသာ ဆန့်ကျင်သည်ဟု ရည်ညွှန်းခဲ့သည်။[၉၂] ဤရပ်တည်ချက်သဘောထားများမှာ တော်ကီးန်၏ ပထမကမ္ဘာစစ်အတွေ့အကြုံများမှ ပေါက်ဖွားလာပြီး ထိုအဖြစ်အပျက်များသည် သူ့ရဲ့စာရေးသားခြင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကာ စစ်၏အနိဌာရုံကို ဖော်ပြရန်ဖြစ်ပြီး တစ်ခြားလူမျိုးရေးရာနှင့် မပတ်သက်ဟု ဂျက်ဆန်က ပြောခဲ့သည်။

အကောင်းအဆိုးကို ဖော်ကျူးရာတွင် ဆုံးဖြတ်ပေးသောအရာအဖြစ် လူမျိုးရေးထက် လူမှုအဆင့်အတန်းကို မြင်ခဲ့ကြသည်ဟု ဝေဖန်စိစစ်သူများကလည်း ဆိုသည်။ [၈၆] သိပ္ပံဇာတ်လမ်းရေးသားသူ စာရေးဆရာ David Brinကဲ့သို့သော မှတ်ချက်ပေးသူများက ထိုစာအုပ်ကို ရိုးရာ အထက်တန်းစားလူမှုအလွှာ ကိုပို၍ အလေးထားသည်ဟု အနက်သဘောပေးကြသည်။[၉၃] သိပ္ပံနှင့် စိတ်ကူးယဉ်ဇာတ်လမ်းများရေးသူ Michael Moorcockက ၎င်းဆောင်းပါး Epic Pooh၌ ဤစာအုပ်၏ လောကကိုရှုမြင်ပုံကား ဇာတ်လမ်းရေးသားမှုတွင် အာဏာ(စွမ်းအား)ဖွဲ့စည်းတည်ဆောက်သည့်ပုံစံနှင့် စာအုပ်ထဲက စကားပြောများ၏ တင်းကျပ်သောမူဝါဒ(paternalism)တို့တွင် နက်နက်နဲနဲရှေးရိုးစွဲဝါဒ(conservative)ဆန်သည်ဟု အကဲဖြတ်လေသည်။[၉၄] Tom Shippeyက ဝတ္ထု၌ မကောင်းမှုအကုသိုလ်ကို ဖော်ကျူးပြသခြင်း၏ မူလဇစ်မြစ်ကို ပထမနှင့် ဒုတိယကမ္ဘာစစ်ကြားကာလ ဥရောပအလယ်လတ်တန်းစားများမှ အောက်ခြေအလုပ်သမားလူတန်းစားအပေါ် ထားသော မဆီလျှော်သော မလိုလားသောစိတ်ဓာတ်၏ ရောင်ပြန်ဟပ်မှုအဖြစ် ညွှန်းဆိုခဲ့ပြန်သည်။[၉၅]

အခြားလေ့လာသူများကလည်း လက်စွပ်များ၏ အရှင်သခင် သည် အထူးသဖြင့်ကက်သလစ်ဘာသာ၏ အဓိကအကြောင်းအရာပင်ဖြစ်သည်ဟု ညွှန်ကြသည်။ [၉၆] Joseph Campbell ၏သူရဲကောင်းခရီးစဉ်စွန့်စားခန်း(monomyth - စာပေအမျိုးအစားတစ်မျိုး)၏ စံပြပုံစံအဖြစ် ဤစာအုပ်ကိုရှုမြင်ဖတ်ရှုခဲ့ကြ၏။[၉၇]

ပုံဖော်တင်ဆက်မှုများ ပြင်ဆင်ရန်

"လက်စွပ်များ၏ အရှင်သခင်"ဝတ္ထုကို ရုပ်ရှင်၊ရေဒီယို၊ ပြဇာတ်ပုံစံဖြင့် ပုံဖော်တင်ဆက်မှုများစွာ ပြုလုပ်ခဲ့ကြသည်။

ရေဒီယို ပြင်ဆင်ရန်

ဤစာအုပ်ကို ရေဒီယိုအတွက် လေးကြိမ်တင်ဆက်ခဲ့၏။ ဇာတ်လမ်း၏ ရေဒီယိုပုံစံတင်ဆက်မှု ၁၃ပိုင်းပါဝင်သော "လက်စွပ်များ၏ အရှင်သခင်"အသံလွှင့်ခြင်းကို ဘီဘီစီက ၁၉၅၅၊၁၉၅၆နှစ်များတွင် လုပ်ဆောင်ခဲ့ကြသည်။ ၁၉၆၀ ရေဒီယိုဌာန (WBAI)က ဤဇာတ်လမ်းအတိုပုံစံကို ရေဒီယိုအသံလွှင့်ခဲ့သည်။ ၁၉၇၉ တစ်ကယ့်ဇာတ်လမ်းဆန်ဆန် ရေဒီယို အစီအစဉ်ကို အမေရိက၌ အသံလွှင့်ပြီး နောက်ပိုင်းတွင် တိပ်ခွေ၊ စီဒီဖြင့်ပါထုတ်ဝေခဲ့သည်။ ၂၆နာရီခွဲကြာမြင့်သော ရေဒီယိုတင်ဆက်မှုအသစ်ဇာတ်ထုပ်ကို ၁၉၈၁၌ အပိုင်းလိုက်လွှင့်ခဲ့၏။ ထိုဇာတ်လမ်းဆင်၍ လွှင့်ခြင်းကို နောက်ပိုင်းတွင်လည်း ဘီဘီစီနှင့် အခြားထုတ်ဝေသူများက တိပ်ရော စီဒီပါရနိုင်စေရန် ပြုလုပ်ခဲ့လေသည်။ ဤအတွက် တစ်နာရီအပိုင်း - ၁၃တွဲ ဖြစ်အောင် တည်းဖြတ်ပြင်ဆင်ခဲ့ကြသည်။

ရုပ်ရှင် ပြင်ဆင်ရန်

ဂျေ အာ အာ တော်ကီးန်၏ ရုပ်ရှင်မူပိုင်ခွင့်ကို United Artistsသို့ ၁၉၆၉၌ ရောင်းချပြီးနောက် ရော့ဂ်ဂီတဝိုင်းဖြစ်သော ဘီးတဲလ်အဖွဲ့(The Beatles)က ဆက်စပ်ရုပ်ရှင်တစ်ခုထုတ်ရန်စဉ်းစား၍ Stanley Kubrickထံသို့ ဒါရိုက်တာလုပ်ပေးရန် ကမ်းလှမ်းခဲ့ရာ Kubrickကပယ်ချခဲ့၏။ ဂျွန် လင်နွန်(John Lennon)ကို ရှင်းပြရာ၌ ဝတ္ထုမှာ ကြီးမားကျယ်ပြန့်သောကြောင့် ရုပ်ရှင်အဖြစ်တင်ဆက်ရန် မဖြစ်နိုင်ပါဟု ပြောဆိုခဲ့သည်။[၉၈][၉၉] နောက်ဆုံးရိုက်ကူးခဲ့သော ဒါရိုက်တာ ပီတာ ဂျက်ဆန်က နောက်ထပ်ရှင်းပြသည်မှာ ထိုရိုက်ကူးရေးလုပ်ငန်း၏ အဓိကအတားအဆီးမှာ တော်ကီးန်က ဘီးတဲလ်အဖွဲ့ပါဝင်ပတ်သက်မှုကို ကန့်ကွက်သောကြောင့်ဖြစ်လေသည်။[၁၀၀] ဗြိတိသျှဒါရိုက်တာ John Boormanကလည်း United Artistကုမ္ပဏီအတွက် ဤဝတ္ထုအား ပုံဖော်တင်ဆက်ရန် ၁၉၇၀၌ ကြိုးပမ်းခဲ့သည်။ ဇာတ်ကောင်များ၊ ဇာတ်လမ်းကျောရိုးအပြောင်းလဲများစွာပါသော ဇာတ်ညွှန်းရေးအပြီး ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်ရန် စရိတ်စကကြီးလွန်းသည်၊ စွန်းစားလွန်းရာကျသည်ဟု ယူဆ၍ ထိုလုပ်ငန်းကို မလုပ်ကိုင်တော့ပေ။[၁၀၁]

ရုပ်ရှင်အဖြစ်တင်ဆက်မှုနှစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ပထမမှာ ၁၉၇၈၌ animatorဖြစ်သော Ralph Bakshi၏ "J. R. R. Tolkien's The Lord of the Rings (1978)ဖြစ်ကာ မူလက နှစ်ပိုင်းအဖြစ်တင်ဆက်ရန်ရည်ရွယ်ထားသော အပိုင်းမှ ပထမပိုင်းဖြစ်သည်။ ထိုအပိုင်းသည် "လက်စွပ်အဖွဲ့ဝင်များ" နှင့် "ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု"မှ တစ်စိတ်တစ်ပိုင်းကို ခြုံငုံမိသည်။ ထိုကာတွန်းပုံစံဇာတ်ကားမူကို သုံးတွဲပါ ရုပ်ပြစာအုပ်အား ဥရောပတွင်Luis Bermejo၏ သရုပ်ဖော်ပုံများဖြင့်စာအုပ်ထုတ်ဝေခဲ့သည်။ ဒါရိုက်တာ Ralph Bakshi၏ ငွေကြေးရင်းနှီးသူများက ဒုတိယအပိုင်းအတွက် ငွေထုတ်ရန်လက်ရှောင်ခဲ့ကြသဖြင့် ဇာတ်လမ်းတစ်ခုလုံးမပြီးခဲ့ပေ။ ဇာတ်လမ်း၏ ကျန်ရှိနေသော အပိုင်းအတွက်ခြုံငုံမိစေရန် Rankin-Bassရိုက်ကူးသော The Return of the King (1980 film) (အန်နီမေးရှင်းကာတွန်းပုံစံ) ပင်ဖြစ်သည်။ တည်ဆောက်မှုပုံစံဟန်အားဖြင့် ထိုနှစ်ပိုင်းမှာ အတော်ပင် ကွာခြား၏။


ဒုတိယမြောက်နှင့် ငွေကြေးအရပိုအောင်မြင်သော တင်ဆက်မှုကား ဒါရိုက်တာ ပီတာ ဂျက်ဆန်၏ ရုပ်ရှင်ဇာတ်လမ်းပင်ဖြစ်သည်။ The Lord of the Rings film trilogyဖြစ်၍ New Line Cinemaမှ ထုတ်လုပ်ကာ အပိုင်းသုံးပိုင်းအဖြစ် ထုတ်ဝေခဲ့သည်။ ထိုအပိုင်းများမှာ "The Lord of the Rings: The Fellowship of the Ring (2001)၊ "The Lord of the Rings: The Two Towers (2002)"၊ "The Lord of the Rings: The Return of the King (2003)"တို့ဖြစ်ကြသည်။ သုံးပိုင်းလုံးမှာ အော်စကာ (အကယ်ဒမီ)ဆုများ တစ်သီတတန်းရရှိခဲ့သည်။ အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆုပါ ဆက်တိုက်ဆိုသလို စကာတင်ပါခဲ့လေသည်။ ထိုသုံးပိုင်းမှ နောက်ဆုံးအပိုင်းသည် တစ်ဘီလီယံဒေါ်လာစည်းကို ချိုးဖောက်နိုင်ခဲ့သော ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး အော်စကာ (၁၁)ဆုရရှိ၍ ၁၉၅၆ထွက် Ben-Hur၊ ၁၉၉၇ထွက် Titanic ဇာတ်ကားများနှင့်အတူ အော်စကာအများဆုံးရဇာတ်ကားဖြစ်ခဲ့သည်။ ဆုများတွင် အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆုနှင့် အကောင်းဆုံးဇာတ်ညွှန်းဆုများလည်းပါဝင်သည်။

ပရိသတ်များမှ အပျော်ရိုက်ဇာတ်ကား(fan film)အဖြစ် The Hunt for Gollumသည် "လက်စွပ်များ၏ အရှင်သခင်"ပါ နောက်ဆက်တွဲအကြောင်းအရာကို အခြေခံရိုက်ထားသည်။ ၂၀၀၉မေ၌ အင်တာနက်ပေါ်သို့ဖြန့်ခဲ့ရာ အဓိက မီဒီယာများက ဖော်ပြကြသည်။[၁၀၂] ပရိသတ်များရိုက်ကူးသောနောက်တစ်ကားမှာ Born of Hopeဖြစ်၍ Paula DiSanteက ရေးသာပြီး Kate Madisonကရိုက်ကူးခဲ့၏။ ၂၀၀၉ ဒီဇင်ဘာတွင်ဖြန့်ခဲ့ကြ၍ ဝတ္ထုပါ နောက်ဆက်တွဲတစ်ခုကိုပင် အခြေခံရိုက်ကူးထားသည်။[၁၀၃]

ရုပ်မြင်သံကြား ပြင်ဆင်ရန်

Amazon ကုမ္ပဏီက "လက်စွပ်များ၏ အရှင်သခင်"၏ ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်ကို ၂၀၁၇ နိုဝင်ဘာ၌ရရှိခဲ့ပြီး အပိုင်းတွဲ ၈ ခုထိရှိလာမည့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ရိုက်ကူးမည်ဟု ကြေညာခဲ့သည်။ဤရုပ်သံဇာတ်လမ်းတွဲသည် စာအုပ်များကို တိုက်ရိုက်ကိုးကားယူငင်၍ ရိုက်ကူးမည်မဟုတ်ဘဲ "လက်စွပ်အဖွဲ့ဝင်များ" (ပထမတွဲ) မတိုင်ခင်ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများနှင့် စတင်မိတ်ဆက်မည်ဖြစ်သည်။[၁၀၄] ထိုအမက်ဇန်ကုမ္ပဏီ(Amazon)က ပြောဆိုသည်မှာ စာချုပ်တွင် ဆက်စပ်ဇာတ်လမ်းတွဲများအတွက် အလားအလာတစ်ခုပါဝင်သည်။[၁၀၅] စာနယ်ဇင်းရှင်းလင်းပွဲတွင် တော်ကီးန်၏ မူရင်းအရေးအသားများကို အခြေခံထာသည့် တစ်ခါမျှမရိုက်ကူးဖူးသေးသောအကြောင်းအရာများကို ရည်ညွှန်းပြောဆိုမှုများရှိခဲ့၏။ တော်ကီးန်အမွေအနှစ်ထိန်းသိမ်းခြင်းအဖွဲ့ (Tolkien Estate)၊ ဟာ့ပ်ပါကောလင်းစာပေတိုက်(HarperCollins)၊ နယူးလိုင်းတီဗီများ(New Line Television)နှင့် ပူးပေါင်းကာ အမက်ဇန်ကထုတ်လုပ်သူအဖြစ်ဆောင်ရွက်မည်။[၁၀၆] [၁၀၇] နယူးဇီလန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး David Parkerက အမက်ဇန်နှင့် နယူးဇီလန် အစိုးရတို့ကြား စေ့စပ်ဆွေးနွေးမှုများပြီးနောက် ဇာတ်လမ်းတွဲ၏ အတော်များများကို နယူးဇီလန်တွင်ပင်ရိုက်ကူးထုတ်လုပ်မည်ဟု အတည်ပြုပြောကြားသည်။[၁၀၈][၁၀၉] ၂၀၁၉ စက်တင်ဘာ ၁၈တွင် အမက်ဇန်စတူဒီယိုက အောခ်လန်းဒ်(Auckland)မြို့ကြီးအနီး နေရာသုံးခု၌ ရိုက်ကူးမည်ဟု အတည်ပြုခဲ့သည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဟု ခန့်မှန်းထားပြီး ထုတ်လုပ်ဖူးသမျှရုပ်သံဇာတ်လမ်းတွဲများတွင် ဈေးအကြီးဆုံးဖြစ်လာမည်ဖြစ်သည်။[၁၁၀][၁၁၁] ၂၀၂၀ ဇန်နဝါရီ၌ သရုပ်ဆောင်ရွေးချယ်ခြင်းကို ကြေညာခဲ့သည်။ တစ်ဆက်တည်းမှာပင် ဇာတ်လမ်းတွဲ၏ ခေါင်းစဉ်အမည်ကို " The Lord of The Rings: The Rings of Power " ဟု ကြေညာခဲ့သည်။ ထို့နောက် ၂၀၂၂ စက်တင်ဘာ ၁ ရက်နေ့တွင် Amazon Studio ၏ လက်အောက်ခံ ရုပ်သံလွှင့်ဝန်ဆောင်မှုတစ်ခုဖြစ်သော Prime Video မှ စတင်ထုတ်လွင့်ခဲ့သည်။

ဇာတ်ရုံ ပြင်ဆင်ရန်

ဤဝတ္ထု၏ အသံသွင်းစာအုပ်များ (audiobook သို့ audio version)ကို ဗြိတိသျှမင်းသား Rob Inglis၏ အသံဖြင့် ၁၉၉၀တွင်ဖြန့်ချိခဲ့သည်။[၁၁၂] ယင်းရုပ်ရှင်မင်းသားသည် "ဟော့ဘစ်" နှင့် "လက်စွပ်များ၏ အရှင်သခင်"ဝတ္ထုများကို ယခင်ကလည်း တစ်ဦးတည်း ဇာတ်စင်မြင့်ထက်၌ ဖတ်ပြခြင်းဖြင့် အသံသရုပ်ဆောင်ခဲ့ဖူးလေသည်။ အတိုင်းအတာအရကျယ်ကျယ်ပြန့်ပြန့် ဇာတ်စင်ပေါ်ဝယ် ဂီတတင်ဆက်မှု(The Lord of the Rings (musical))တစ်ခုကိုလည်း ၂၀၀၆တွင် ကနေဒါနိုင်ငံ အောန်တားရီပြည်နယ်၊ တရောန်တိုးမြို့(Toronto, Ontario, Canada)၌ စတင် ဖျော်ဖြေခဲ့ကြပြီး ၂၀၀၇-ဇွန်တွင် လန်ဒန်မြို့၌လည်း တင်ဆက်ခဲ့သည်။

အမွေအနှစ်များ ပြင်ဆင်ရန်

စိတ်ကူးယဉ်အမျိုးအစားပုံစံအပေါ်သို့ လွှမ်းမိုးမှုများ ပြင်ဆင်ရန်

fantasy fiction ဟုခေါ်သော စိတ်ကူးဖြင့်တည်ထွင်ထားသော ဇာတ်လမ်းများကို တောင်းဆိုလာမှုကို ကျယ်ပြန့်သွားစေသည်မှာ တော်ကီးန်၏ စာပေ စာအုပ်များ၏ လူကြိုက်များရေပန်းစားခြင်းပင်ဖြစ်သည်။ "လက်စွပ်များ၏ အရှင်သခင်"၏ များစွာသောကျေးဇူးကြောင့် ၁၉၆၀နှစ်များတလျှောက် ဤစိတ်ကူးယဉ်အမျိုးအစားပုံစံ အကြီးအကျယ်ဖွံ့ဖြိုးလာပြီး ယနေ့ခေတ်ထိ ထိုအကျိုးကို ခံစားနိုင်သည်။ ဤအနုပညာမြောက်သောလက်ရာသည် အတုခိုးသူများစွာကိုလည်း ပေါ်ပေါက်စေခဲ့သည်။ ဥပမာ - "ရှန်နရာဓား"(The Sword of Shannara)ဝတ္ထု၊ ထိုဝတ္ထုကို Lin Carterက "ဖတ်ဖူးခဲ့တဲ့နောက်စာအုပ်ကို လုံးဝသွေးအေးအေးနဲ့ ခိုးချထားတဲ့ တစ်ခုတည်းသော စာအုပ်ပဲဗျာ"ဟု ခေါ်ဝေါ်ခဲ့သည်။[၁၁၃] RPGအမျိုးအစားဂိမ်းကို လူကြိုက်များစေခဲ့သည့် "တွင်းနက်ကြီးများနှင့် နဂါးများ" (Dungeons & Dragons) ဂိမ်းတွင် "လက်စွပ်များ၏ အရှင်သခင်"၌ပါရှိသော မျိုးနွယ်များဖြစ်သည့် လူပုကလေးများ(halfling - ဟော့ဘစ်လေးများကိုရည်ညွှန်သည့်စကားလုံး)၊ အက်လ်ဖ်များ၊ ဒွာ့ဗ်လုပုများ၊ အက်လ်ဖ်သွေးတစ်ဝက်ပါသောမျိုးနွယ်၊ အော့ခ်များစသည်တို့ပါဝင်ဖွဲ့စည်းထားသည်။ သို့ရာတွင် ထိုဂိမ်း၏ ဦးဆောင်ဒီဇိုင်းရေးဆွဲသူ Gary Gygaxက ဤဇာတ်လမ်းက ၎င်းကို လွှမ်းမှုမရှိသလောက်ပင်ဖြစ်သည်ဟုဆိုကာ ထိုဂိမ်းကို ဖန်တီးနေသောကာလ၌ ထိုဇာတ်လမ်း၏ခေတ်စာခြင်းကြောင့် ၎င်းမှာ ဈေးကွက်အရွေ့အတွက် ဤအကြောင်းအရာများအား ဂိမ်းထဲသို့ထည့်သွင်းရသည်ဟု ဆိုသည်။[၁၁၄]

D&Dသည် ရေပန်းစားသော RPG ဗီဒီယိုဂိမ်းများအပေါ် ဆက်လက်လွှမ်းမိုးနိုင်သောကြောင့် "လက်စွပ်များ၏ အရှင်သခင်"၏ လွှမ်းမိုးနိုင်စွမ်းကလည်း ထိုဂိမ်းများစွာကို ပိုမိုချဲ့ထွင်ပေးနိုင်ခဲ့၏။ သာဓကအားဖြင့် ဂိမ်းအမည်များမှာ "နဂါးရှာပုံတော်" (Dragon Quest)[၁၁၅][၁၁၆] Ultima ဂိမ်းတွဲများ (Ultima series)၊ အဲဗားကွက်စ်တ် (EverQuest)ဂိမ်း၊ ဝေါခရက်ဖ်တ် (Warcraft)ဂိမ်းတွဲများ၊ အဲလ်ဒါး စခရိုးစ် (Elder Scrolls)ဂိမ်းတွဲများနှင့် အလယ်ပိုင်းကမ္ဘာမြေ (Middle-earth)စကားလုံးကို ယူငင်ပြီး ထွင်ထားသောဂိမ်းများအပေါ်တွင်လည်းလွှမ်းမိုးချဲ့ထွင်ပေးနိုင်ခဲ့သည်။[၁၁၇]

"လက်စွပ်များ၏ အရှင်သခင်"၏ လွှမ်းမိုးမှုရှိမည့် ကြီးကျယ်သည့်ဇာတ်လမ်းပုံပြင်များကိုဖန်တီးရန်ကြိုးစားကြခြင်းမှ ဤကဲ့သို့သော ပရိသတ်တချို့ကြိုက်ဂိမ်းများပေါ်ထွက်ဆင်းသက်လာခဲ့ကြသည်ဟု သုသေသနများက ညွှန်းဆိုသည်။[၁၁၈]

ဂီတပိုင်း ပြင်ဆင်ရန်

၁၉၆၅ခု သီချင်းရေးဆရာ Donald Swannက "လက်စွပ်များ၏ အရှင်သခင်"ထဲမှ သီချင်းကဗျာ ၆ပုဒ်နှင့် "တွန်ဘွန်ဘာဒီလ်၏ စွန့်စားခန်းများ"မှ ကဗျာတစ်ပုဒ်ကို ဂီတပုံစံအဖြစ် အသက်သွင်းခဲ့သည်။ Swannက တော်ကီးန်အားတွေ့စဉ် စိတ်ကြိုက်သီချင်းများကို ဖွင့်ရန်တောင်းဆိုသောအခါ တော်ကီးန်က Namárië သီချင်း (ဂလက်ဒရီးယယ်၏ သောက)ကိုရွေးချယ်၏။ ယင်းသီချင်းသည် plain chant ပုံစံ (ဂီတသံမပါပဲ သံပြိုင်ရွတ်ဆိုခြင်းမျိုး)ဖြင့်ဖန်တီးထားသည်။[၁၁၉] ထိုသီချင်းများကို The Road Goes Ever On: A Song Cycleအမည်ဖြင့် ၁၉၆၇တွင် ဖြန့်ချိသည်။[၁၂၀] Caedmonတေးသံသွင်းမှ Swann၏ စန္ဒယားနှင့်အတူ အဆိုတော် William Elvinသီဆိုမှုဖြင့် Poems and Songs of Middle Earthအမည်ရသီချင်းများကို ထိုနှစ်ထဲတွင်ပင်ထုတ်ဝေခဲ့သည်။[၁၂၁]

၁၉၇၀ ရော့ခ်ဂီတအဖွဲ့ Led Zeppelinက Ramble On", the Misty Mountains in "Misty Mountain Hop", and Ringwraiths in "The Battle of Evermore"စသည့် "လက်စွပ်များ၏ အရှင်သခင်"ကို သီးသန့်ရည်ညွှန်းသော သီချင်းတချို့ကို အသံသွင်းခဲ့သည်။ ၁၉၇၀၌ပင် ဆွီဒင်ဂီတပညာရှင် Bo Hansson ၎င်းဘာသာစကားဖြင့် "လက်စွပ်များ၏ အရှင်သခင်"ကို ဘာသာပြန်ထားသော 'Sagan om ringenကို အခြေခံပြီး ဂီတတေးအယ်လ်ဘမ်တစ်ခု ထုတ်ဝေခဲ့၏။[၁၂၂] ဤအယ်လ်ဘမ်ကို နိုင်ငံတကာသို့ "လက်စွပ်များ၏ အရှင်သခင်မှလာသောဂီတများ"အဖြစ် ၁၉၇၂တွင်ဖြန်ချီခဲ့ပေသည်။[၁၂၂]

တက်သစ်စရော့ခ်အဖွဲ့Rush ၏ ရစ်ဗန်ဒဲသီချင်း(Rivendell)နှင့် နိခရိုမန်ဆာသီချင်း(The Necromancer)သည်လည်း တော်ကီး၏ စေ့ဆော်နိုင်မှုများပင်။ ဤသို့ဖြင့် ထိုခေတ်ကာလ ၁၉၇၀ -၈၀နှစ်များတွင် ဂီတအဖွဲ့ခပ်များများမှ ဤဝတ္ထုပါ အကြောင်းရာတို့ကို အခြေခံပြီး တေးသီချင်းမြောက်မြားစွာကို သီဆိုထုတ်လုပ်ခဲ့ကြသည်။ အမေရိကန်ဟဲဗီးမက်တယ်လ်အဖွဲ့ (Megadeth)ကလည်း This Day We Fight! နှင့် How the Story Endsဟူ၍ ဇာတ်လမ်းမှလာသော သီချင်းနှစ်ပုဒ်ဖြန့်ချိဖူးသည်။ [၁၂၃] ဂျာမန်ကျေးလက် မက်တယ်လ်အဖွဲ့ Eichenschild သည် ဟော့ဘစ်ထဲမှ ဇာတ်ကောင် "သော်ရင် အိုကန်ရှီးလ်ဒ်"(Thorin Oakenshield)ဖြစ်၏။ ထိုနည်းတူစွာ တော်ကီးန်အခြေခံသီချင်းများလည်းဆိုခဲ့ကြသည်။ နောက်တစ်ဖွဲ့မှာလည်း Thorin Eichenschildအမည်ဖြင့် ၇၀နှစ်များဆီက ကျေးလက်ရော့ခ်အဖွဲ့တစ်ခုလည်းရှိပေသည်။

၁၉၈၈၌ ဒတ်ချ်လူမျိုးတေးရေးသူ၊ ထရွမ်ဗုန်းတီးမှုတ်သူ Johan de Meijက Symphony No. 1 "The Lord of the Ringsကို အပြီးသတ်နိုင်ခဲ့သည်။ ၁၉၈၉၌ ထိုသံစုံဂီတဝိုင်းကို Sudler Composition Award ချီးမြင့်ပေးအပ်ခဲ့သည်။ ဒိန်းမတ် တော်ကီးန်တူရိယာအဖွဲ့က "လက်စွပ်များ၏ အရှင်သခင်"ဝတ္ထုမှ ကဗျာများ၊သီချင်းများအားလုံးကို ဂီတအဖြစ်ဖန်တီး၍ တချို့ ရွတ်ဆိုမှုများကို သရုပ်ဆောင် Christopher Lee (ပီတာ ဂျက်ဆန်၏ ရုပ်ရှင်ကားများထဲတွင် ဆာရူမန်နေရာသရုပ်ဆောင်သူ)က လုပ်ဆောင်ပေးခဲ့သည်။

အဆိုတော် အန်ညာ(Enya)ကလည်း ၁၉၉၁၌ Lothlórienအမည်ရှိ ဂီတတေးသွားတစ်ပုဒ် ရေးခဲ့ပြီး "လက်စွပ်များ၏ အရှင်သခင် : လက်စွပ်အဖွဲ့ဝင်များ" ရုပ်ရှင်အတွက် "May It Be" သီချင်း (အင်္ဂလိပ်၊ Quenya ဘာသာဖြင့် သီဆို)၊ Aníronသီချင်း (Sindarinဖြင့်ဆို )စသည်များကိုရေးစပ်၍ သီဆိုခဲ့သည်။


ခေတ်ပေါ်ယဉ်ကျေးမှုအပေါ်သို့ အကျိုးသက်ရောက်မှုများ ပြင်ဆင်ရန်

 
ရုပ်ရှင်သုံးတွဲကို ရိုက်ကူးရာနေရာ နယူးဇီလန်၊မဟတ္တန်ရှိ ဆိုင်းဘုတ် "ဟောဘစ်တန်မှ ကြိုဆိုပါ၏"

၁၉၅၀ စတင်ထုတ်ဝေခဲ့သည်မှစ၍ အထူးသဖြင့် ၁၉၆၀-၇၀ တောက်လျှောက်ကာလများတွင် ရှိရင်းဆွဲပုံစံများမှ ကွဲထွက်သော တန်ပြန်ယဉ်ကျေးမှုသဘော၊ တန်ပြန်တော်လှန်သောဇာတ်အိမ်ကြီးများကို ဖက်တွယ်သောခေတ်များ၌ ခေတ်ပေါ်ထုံးတမ်းဓလေ့များအပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်အကျိုးသက်ရောက်မှုရှိခဲ့သည်။[၁၂၄] "Frodo Lives!" နှင့် "Gandalf for President" ဆိုသော စကားစုနှစ်ခုသည် အမေရိကန်တော်ကီးန်ပရိသတ်များကြားတွင် ထိုစဉ်က ခေတ်စားခဲ့သော ဝေါဟာရများဖြစ်ကြသည်။[၁၂၅]


၁၉၆၉ ၌ တော်ကီးန် "လက်စွပ်များ၏ အရှင်သခင်"နှင့် "ဟော့ဘစ်" ကုန်ပစ္စည်းရောင်းပိုင်ခွင့်(merchandising rights)ကို United Artistsသို့ ငွေကြေးပေါင် ၁၀,၀၀၀ဖြင့် အလုံးအရင်းပေးရန်ဆိုသော သဘောတူညီချက်ဖြင့် ရောင်းချသည်။[၁၂၆] စာရေးသူနှင့်Allen & Unwin စာပေကိုပေးရနိုင်သည့် "ကုန်ကျစရိတ်ပါပြီးနောက် မူပိုင်ခွင့်"(royalty)ခ ၇.၅%ပါဝင်သည်။[၁၂၇][၁၂၈] စာရေးသူသေပြီး သုံးနှစ်အကြာ ၁၉၇၆တွင် United Artistsက မူပိုင်ခွင့်ကို Saul Zaentz Companyကို ရောင်းချပြီး ယခု၌ Tolkien Enterprisesအမည်ဖြင့် ကုန်သွယ်ရောင်းချသည်။ ထိုချိန်မှစတင်၍ ဤဝတ္ထုနှင့်ပတ်သတ်ပြီး အခွင့်အာဏာပိုင်ဆိုင်ခွင့်များကို Tolkien Enterprisesက လက်ခံအတည်ပြုသည်။ သို့ရာတွင် အမျိုးမျိုးသော ပုံဖော်တင်ဆက်မှုများထဲ၌ပါဝင်သော ရုပ်ပုံ၊ဇာတ်ကောင်ပုံစံတို့၏ သီးသန့်ဉာဏပိုင်းဆိုင်ရာပိုင်ဆိုင်ခွင့်(intellectual property rights)သည်ကား ထိုတင်ဆက်သူများထံတွင်သာရှိလေသည်။[၁၂၉]

၁၉၆၀မှစတင်၍ ပုံဖော်တင်ဆက်မှုများမှ စီးပွားရေးအကျိုးအမြတ်ထုတ်ယူခြင်းပြင်ပ၌ ပိုစတာများ၊ ပြက္ခဒိန်များ၊ ရုပ်တုငယ်လေးများ၊ ကွန်ပြူတာ ဗီဒီယိုဂိမ်းများ၊ စားပွဲတင်ဂိမ်းများ၊ role-playing gameများစသဖြင့် မြောက်မြားစွာရှိခဲ့လေသည်။

ဤဇာတ်လမ်း၊ ဇာတ်ကောင်များနှင့်ပတ်သက်ပြီးဂီတသီချင်းပေါင်းများစွာကို အဖွဲ့များစွာမှ သီဆိုခဲ့ကြလေသည်။

၂၀၁၉ နိုဝင်ဘာ ၅ ဘီဘီစီသတင်းတွင် "လက်စွပ်များ၏ အရှင်သခင်"ကို လွှမ်းမိုးနိုင်သော ဝတ္ထု(၁၀၀)၌ ထည့်သွင်းတင်ပြခဲ့လေသည်။ [၁၃၀]

မှတ်စု ပြင်ဆင်ရန်

  1. This is made clear in the chapter The Council of Elrond, where Glorfindel states: "[E]ven if we could [hide the Ring], soon or late the Lord of the Rings would learn of its hiding place and would bend all his power towards it[၂]
  2. Tolkien created the word to define a different view of myth from C. S. Lewis's "lies breathed through silver". Mythopoeia was also the title of one of his poems, first published in Tree and Leaf in 1988.[၇]
  3. They are popularly thought to be cousins, but Tolkien only calls them "friends" in The Lord of the Rings. In a later letter (The Letters of J. R. R. Tolkien, #214), he writes that they were "evidently relatives".[၁၂]
  4. Although Frodo referred to Bilbo as his "uncle", the character is introduced in "A Long-expected Party" as one of Bilbo's younger cousins. The two were in fact first and second cousins, once removed either way (his paternal great-great-uncle's son's son and his maternal great-aunt's son).

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Wagner၊ Vit (16 April 2007)။ Tolkien proves he's still the kingToronto Star။ 9 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 March 2011 တွင် ပြန်စစ်ပြီး။
  2. The Lord of the Rings, Boston: Houghton Mifflin (published 1987), The Council of Elrond, ISBN 0-395-08254-4
  3. ၃.၀ ၃.၁ Reynolds၊ Pat။ The Lord of the Rings: The Tale of a Text။ The Tolkien Society။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2015 တွင် ပြန်စစ်ပြီး။
  4. Carpenter, Humphrey, ed. (1981), The Letters of J. R. R. Tolkien, Boston: Houghton Mifflin, #126., ISBN 0-395-31555-7
  5. The Life and Works for JRR Tolkien။ BBC (7 February 2002)။ 1 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2010 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Doughan၊ David။ J. R. R. Tolkien: A Biographical Sketch။ TolkienSociety.org။ 3 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2006 တွင် ပြန်စစ်ပြီး။
  7. Hammond, Wayne G.; Scull, Christina (2006), The J.R.R. Tolkien Companion and Guide: II. Reader's Guide, pp. 620–622
  8. World War I and World War IINational Geographic။ 13 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2006 တွင် ပြန်စစ်ပြီး။
  9. Gilliver၊ Peter (2006)။ The Ring of Words: Tolkien and the Oxford English Dictionary။ Oxford University Press။ ISBN 0-19-861069-6
  10. Gilsdorf၊ Ethan။ "Elvish Impersonators"၊ The New York Times၊ 23 March 2007။ 3 April 2007 တွင် ပြန်စစ်ပြီး။ Archived from the original on 5 December 2007။ 
  11. The Lord of the Rings။ The Lord of the Rings။ 25 August 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2012 တွင် ပြန်စစ်ပြီး။
  12. Tolkien, J. R. R. (1954), The Fellowship of the Ring, The Lord of the Rings, Boston: Houghton Mifflin (published 1987), "The Shadow of the Past", ISBN 0-395-08254-4
  13. "The Story Was Already Written: Narrative Theory in "The Lord of the Rings"" (October 2006). Narrative 14 (3): 272-293. “the frame of the Red Book of Westmarch, which becomes one of the major structural devices Tolkien uses to invite meta-fictional reflection... He claims, in essence, that the story was already written...” 
  14. ၁၄.၀ ၁၄.၁ ၁၄.၂ ၁၄.၃ ၁၄.၄ ၁၄.၅ ၁၄.၆ ၁၄.၇ The Lord of the Rings: Genesis (PDF)။ 27 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2006 တွင် ပြန်စစ်ပြီး။ (This PDF contains no information about its source. It appears to be a lecture for a course on Tolkien by Assoc. Prof. Johann Köberl in the Department of English and American Studies at the University of Klagenfurt.)
  15. Carpenter 1977, p. 195.
  16. Rérolle၊ Raphaëlle။ "My Father's 'Eviscerated' Work – Son Of Hobbit Scribe J.R.R. Tolkien Finally Speaks Out"၊ Le Monde/Worldcrunch၊ 5 December 2012။ 26 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 10 February 2013။ 
  17. Shammas, Michael (2019-09-25). "J.R.R. Tolkien, Old English, and the Creation of Middle-Earth". 
  18. Carpenter၊ Humphrey (ed. (1981))။ The Letters of J. R. R. Tolkien။ Boston: Houghton Mifflin။ pp. #17။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  19. J. R. R. Tolkien Collection | Marquette Archives | Raynor Memorial Libraries | Marquette University။ 19 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  20. Readanybooks website; English and Welsh essay Archived 3 February 2014 at the Wayback Machine.; access-date 25 January 2014
  21. ၂၁.၀ ၂၁.၁ Carpenter, Humphrey (1995). The Letters of J. R. R. Tolkien, Houghton Mifflin. ISBN 0-618-05699-8, Letter no. 142, page 172
  22. Shippey, T.A. (2005 [1982]). The Road to Middle-earth, 3rd ed., HarperCollins Publishers. ISBN 0-261-10275-3.
  23. T.A. Shippey: Tolkien, Author of the Century HarperCollins, 2000
  24. Gunnell၊ Terry (13–14 September 2002)။ Tívar in a timeless land: Tolkien's Elves။ 2 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2012 တွင် ပြန်စစ်ပြီး။
  25. Lesniewski၊ Michal (3 September 2003)။ Re Redigast Quid * cum Boromir? (in Polish)။ 7 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2011 တွင် ပြန်စစ်ပြီး။
  26. Fisher၊ Jason (20 October 2009)။ Slavic echoes in Tolkien – A response။ 6 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2011 တွင် ပြန်စစ်ပြီး။
  27. Kuzmenko၊ Dmitry။ Slavic echoes in the works of J.R.R. Tolkien (in Ukrainian)။ 25 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 November 2011 တွင် ပြန်စစ်ပြီး။
  28. Allen၊ Elizabeth M. (1985)။ "Persian Influences in J.R.R. Tolkien's The Lord of the Rings"။ in Reilly၊ Robert (ed.)။ The Transcendent Adventure: Studies of Religion in Science Fiction/Fantasy။ Westport, Connecticut: Greenwood Press။ pp. 189–206ISBN 0-313-23062-5
  29. Stanton၊ Michael (2001)။ Hobbits, Elves, and Wizards: Exploring the Wonders and Worlds of J. R. R. Tolkien's The Lord of the Rings။ New York: Palgrave Macmillan။ p. 18။ ISBN 1-4039-6025-9
  30. Handwerk၊ Brian။ "Lord of the Rings Inspired by an Ancient Epic"၊ National Geographic News၊ National Geographic Society၊ 1 March 2004၊ pp. 1–2။ 4 October 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 16 March 2006။ 
  31. The Letters of J. R. R. Tolkien. Letter #19, 31 December 1960
  32. Shippey, Tom (2000). J. R. R. Tolkien Author of the Century, HarperCollins. ISBN 0-261-10401-2
  33. The Fellowship of the Ring, Book 1, Chapter 1, paragraph 8.
  34. Carpenter၊ Humphrey (ed. (1981))။ The Letters of J. R. R. Tolkien။ Boston: Houghton Mifflin။ pp. #178 & #303။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  35. Edwards၊ Paul။ In the Valley of the HobbitsTravel Lady Magazine။ 22 June 2002 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2006 တွင် ပြန်စစ်ပြီး။
  36. Livingston၊ Michael။ "The Shellshocked Hobbit: The First World War and Tolkien's Trauma of the Ring"၊ Mythlore၊ Mythopoeic Society၊ pp. 77–92။ 3 June 2011 တွင် ပြန်စစ်ပြီး 
  37. Carpenter၊ Humphrey (1977)။ Carpenter, Humphrey: Tolkien: A Biography, New York။ New York: Ballantine Books။ pp. 211 ff., ။ ISBN 0-04-928037-6CS1 maint: extra punctuation (link)
  38. Unwin၊ Rayner (1999)။ George Allen & Unwin: A Remembrancer။ Ludlow: Merlin Unwin Books။ pp. 97–99။ ISBN 1-873674-37-6
  39. The Fellowship of the Ring: Being the First Part of The Lord of the Rings Archived 15 November 2017 at the Wayback Machine.
  40. Carpenter၊ Humphrey (ed. (1981))။ The Letters of J. R. R. Tolkien။ Boston: Houghton Mifflin။ pp. #140။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  41. "The second part is called The Two Towers, since the events recounted in it are dominated by Orthanc, ..., and the fortress of Minas Morgul..."
  42. Tolkien's own cover design for The Two Towers
  43. Tolkien၊ John Ronald (2006)။ The Letters of J.R.R. Tolkien။ London: Harper Collins။ pp. 167, 170, 173။ ISBN 0261102656
  44. Tolkien၊ Christopher (2000)။ The War of the Ring: The History of The Lord of the Rings, Part Three။ Houghton Mifflin။ ISBN 0-618-08359-6
  45. Tolkien၊ John Ronald (2006)။ The Letters of J.R.R. Tolkien။ London: Harper Collins။ pp. 167, 170, 173။ ISBN 0261102656
  46. Tolkien၊ Christopher (2000)။ The War of the Ring: The History of The Lord of the Rings, Part Three။ Houghton Mifflin။ ISBN 0-618-08359-6
  47. Auden၊ W. H.။ "At the End of the Quest, Victory: BOOK REVIEW, "THE RETURN OF THE KING""၊ January 26, 1956။ 26 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 30 January 2016။ 
  48. Carpenter၊ Humphrey (ed. (1981))။ The Letters of J. R. R. Tolkien။ Boston: Houghton Mifflin။ pp. #163။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  49. Carpenter၊ Humphrey (ed. (1981))။ The Letters of J. R. R. Tolkien။ Boston: Houghton Mifflin။ pp. #149။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  50. Carpenter၊ Humphrey (ed.1981)။ The Letters of J.R.R. Tolkien။ Boston: Houghton Mifflin။ p. 329။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  51. D.C. Drout၊ Michael (2007)။ J.R.R. Tolkien encyclopedia။ CRC Press။ ISBN 9780415969420
  52. "LORD OF THE RINGS FILMS WORK MAGIC ON TOLKIEN BOOK SALES"၊ SunSentinel၊ August 20, 2003။ November 20, 2018 တွင် ပြန်စစ်ပြီး 
  53. Smith၊ Anthony။ "Rayner Unwin"၊ 27 November 2000။ 12 June 2010 တွင် ပြန်စစ်ပြီး 
  54. Unwin၊ Rayner (1999)။ George Allen & Unwin: A Remembrancer။ Ludlow: Merlin Unwin Books။ p. 288။ ISBN 1-873674-37-6
  55. Betsy Wollheim: The Family TradeLocus Online (June 2006)။ 31 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2011 တွင် ပြန်စစ်ပြီး။
  56. Silverberg၊ Robert (1997)။ Reflections & Refractions: Thoughts on Science Fiction, Science, and Other Matters။ Grass Valley, Calif: Underwood။ pp. 253–6ISBN 1-887424-22-9
  57. Ripp၊ Joseph။ Middle America Meets Middle-earth: American Publication and Discussion of J. R. R. Tolkien's Lord of the Rings။ 5 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  58. ၅၈.၀ ၅၈.၁ Reynolds၊ Pat။ The Lord of the Rings: The Tale of a Text။ The Tolkien Society။ 8 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “There was a campaign against Ace, who, as a result, agreed to pay royalties, and not to print any more copies. But, as a result of being advised that he had lost his copyright, even before the Ace edition was issued, Tolkien began to revise The Lord of the Rings, so that there could be an authorised paperback which would be a new edition, and more importantly, a new edition for which he would still own the copyright. This was published by Ballentine [sic] Books in October 1965.”
  59. Carpenter၊ Humphrey (ed. (1981))။ The Letters of J. R. R. Tolkien။ Boston: Houghton Mifflin။ pp. especially #270, #273 and #277။ ISBN 0-395-31555-7 |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  60. Medievalist Comics and the American Century Archived 15 November 2017 at the Wayback Machine.
  61. "Notes on the text" pp. xi–xiii, Douglas A. Anderson, in the 1994 HarperCollins edition of The Fellowship of the Ring.
  62. "The Lord of the Rings: A Reader's Companion", Wayne G. Hammond and Christina Scull, HarperCollins (2005)
  63. Lord of the Rings Comparison။ 7 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  64. Elrond's Library - Translations of Tolkien all over the world။ 1 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 January 2020 တွင် ပြန်စစ်ပြီး။
  65. Letters, 305f.; c.f. Martin Andersson "Lord of the Errors or, Who Really Killed the Witch-King?" Archived 6 March 2008 at the Wayback Machine.
  66. ၆၆.၀ ၆၆.၁ The Lord of the Rings Boxed Set (Lord of the Rings Trilogy Series) section: Editorial reviews။ 10 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2010 တွင် ပြန်စစ်ပြီး။
  67. From the Critics။ 29 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2006 တွင် ပြန်စစ်ပြီး။
  68. Auden၊ W. H.။ "At the End of the Quest, Victory"၊ The New York Times၊ 22 January 1956။ 4 December 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 20 February 2011။ 
  69. Ken slater။ 19 November 2019 တွင် ပြန်စစ်ပြီး။
  70. Something to Read NSF 12။ 19 November 2019 တွင် ပြန်စစ်ပြီး။
  71. Shulevitz၊ Judith။ "Hobbits in Hollywood"၊ The New York Times၊ 22 April 2001။ 13 May 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 9 April 2009။ 
  72. Jenkyns၊ Richard (28 January 2002)။ Bored of the RingsThe New Republic။ 13 February 2011 တွင် ပြန်စစ်ပြီး။
  73. Derek Bailey (Director) and Judi Dench (Narrator) (1992)။ A Film Portrait of J. R. R. Tolkien (Television documentary)။ Visual Corporation။
  74. Dyson's actual comment, bowdlerized in the TV version, was "Not another fucking Elf!" Grovier၊ Kelly (29 April 2007)။ In the Name of the FatherThe Observer။ 2 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2010 တွင် ပြန်စစ်ပြီး။
  75. Seiler, Andy။ "'Rings' comes full circle"၊ USA Today၊ 16 December 2003။ 12 March 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 12 February 2006။ 
  76. Diver, Krysia (5 October 2004)။ A lord for GermanyThe Sydney Morning Herald။ 28 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  77. Cooper, Callista (5 December 2005)။ Epic trilogy tops favourite film pollABC News Online။ 16 January 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  78. O'Hehir, Andrew (4 June 2001)။ The book of the centurySalon။ 13 February 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  79. C. S. Lewis, quoted in Christina Scull & Wayne Hammond (2006), The J. R. R. Tolkien Companion and Guide, HarperCollins, article 'The Lord of the Rings', § Reviews, p. 549; ISBN 978-0-618-39113-4
  80. The Lord of the Rings: The Mythology of Power, (Revised Edition, by Jane Chance, copyright 2001). University Press of Kentucky, cited in Influences on "The Lord of the Rings"။ National Geographic Society။ 4 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  81. Tolkien, J. R. R. from Encyclopedia of Science, Technology, and Ethics. Macmillan Reference USA. Cited in J. R. R. Tolkien Summary။ BookRags။ 29 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  82. Tolkien၊ J.R.R. (1991)။ The Lord of the Rings။ HarperCollins။ ISBN 0-261-10238-9
  83. Yatt၊ John။ "Wraiths and Race"၊ The Guardian၊ 2 December 2002။ 25 May 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 26 August 2013။ 
  84. Bhatia၊ Shyam (8 January 2003)။ The Lord of the Rings rooted in racism။ Rediff India Abroad။ 3 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2010 တွင် ပြန်စစ်ပြီး။
  85. Straubhaar၊ Sandra Ballif။ "Myth, Late Roman history and Multiculturalism in Tolkien's Middle Earth"။ in Chance, Jane (ed.)။ Tolkien and the Invention of Myth: A Reader။ p. 113။
  86. ၈၆.၀ ၈၆.၁ ၈၆.၂ Curry၊ Patrick (2004)။ Defending Middle-earth: Tolkien: Myth and Modernity။ Houghton Mifflin။ pp. 30–33။ ISBN 0-312-17671-6
  87. Chism၊ Christine (2007)။ "Race and Ethnicity in Tolkien's Works"။ in Michael Drout (ed.)။ J.R.R. Tolkien Encyclopedia
  88. Chism၊ Christine (2007)။ "Racism, Charges of"။ in Michael Drout (ed.)။ J.R.R. Tolkien Encyclopedia
  89. ၈၉.၀ ၈၉.၁ Rearick၊ Anderson (Winter 2004)။ "Why is the Only Good Orc a Dead Orc? The Dark Face of Racism in Tolkien's World"။ Modern Fiction Studies။ p. 861။
  90. ၉၀.၀ ၉၀.၁ Magoun၊ John (2007)။ "The South"။ in Michael Drout (ed.)။ J.R.R. Tolkien Encyclopedia။ p. 622
  91. Tolkien၊ J.R.R. (1987)။ The Two Towers, The Lord of the Rings။ Boston, MA: Houghton Mifflin။ p. 661။ ISBN 978-0-544-27344-3
  92. The Lord of the Rings: The Two Towers (2002)။ 16 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2017 တွင် ပြန်စစ်ပြီး။
  93. Brin၊ David (December 2002)။ We Hobbits are a Merry Folk: an incautious and heretical re-appraisal of J.R.R. Tolkien။ 23 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2006 တွင် ပြန်စစ်ပြီး။[စိစစ်အတည်ပြုရန် လိုအပ်သည်]
  94. Moorcock၊ MichaelEpic Pooh။ 24 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 January 2006 တွင် ပြန်စစ်ပြီး။
  95. Shippey, T. A. The Roots of Tolkien's Middle Earth (review) Tolkien Studies – Volume 4, 2007, pp. 307–311
  96. Williams၊ Stan။ 20 Ways 'The Lord of the Rings' Is Both Christian and Catholic။ 20 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2013 တွင် ပြန်စစ်ပြီး။
  97. Bower၊ Jody G.။ 'The Lord of the Rings' – An Archetypal Hero's Journey။ 23 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2010 တွင် ပြန်စစ်ပြီး။
  98. Drout 2006, p. 15.
  99. See also interview in "Show" magazine vol. 1, Number 1 1970
  100. "Beatles plan for Rings film"၊ CNN၊ 28 March 2002။ Archived from the original on 9 April 2002။ 
  101. Taylor, Patrick (19 January 2014). Best Films Never Made #8: John Boorman's The Lord of the Rings." OneRoomWithaView.com. Retrieved 16 December 2018.
  102. Masters၊ Tim။ "Making Middle-earth on a shoestring"၊ BBC News၊ BBC၊ 30 April 2009။ 1 May 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 3 May 2009။ 
    Sydell၊ Laura။ "High-Def 'Hunt For Gollum' New Lord of the Fanvids"၊ All Things ConsideredNPR၊ 30 April 2009။ 1 May 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 3 May 2009။ 
  103. Lamont၊ Tom (7 March 2010)။ Born of Hope – and a lot of charityThe Guardian။ Guardian Media Group။ 5 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2015 တွင် ပြန်စစ်ပြီး။
  104. Axon၊ Samuel (13 November 2017)။ Amazon will run a multi-season Lord of the Rings prequel TV series။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  105. Gonzalez၊ Sandra (13 November 2017)။ Amazon announces 'Lord of the Rings' TV showCNN။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  106. Koblin၊ John။ "'Lord of the Rings' Series Coming to Amazon"၊ The New York Times၊ 13 November 2017။ 7 April 2018 တွင် ပြန်စစ်ပြီး 
  107. "Amazon's 'Lord of the Rings' Will Be the Most Expensive Television Show Ever Made" (in en)၊ Fortune 
  108. "Announcement on Amazon producing the Lord of the Rings TV show in NZ is 'imminent'"၊ New Zealand Herald၊ 2 July 2019။ 24 August 2019 တွင် ပြန်စစ်ပြီး 
  109. "NZ nearly lost Amazon's Lord of the Rings production after Christchurch attacks"၊ Stuff.co.nz၊ 2 July 2019။ 24 August 2019 တွင် ပြန်စစ်ပြီး 
  110. "Amazon's Lord of the Rings TV show to be filmed in New Zealand"၊ 18 September 2019။ 18 September 2019 တွင် ပြန်စစ်ပြီး 
  111. "Lord of the Rings TV series: Amazon confirms production will be filmed in Auckland"၊ 18 September 2019။ 18 September 2019 တွင် ပြန်စစ်ပြီး 
  112. ISBN 1-4025-1627-4
  113. Carter၊ Lin (1978)။ The Year's Best Fantasy Stories: 4။ New York: DAW Books။ pp. 207–208။
  114. Gygax၊ Gary။ Gary Gygax – Creator of Dungeons & Dragons။ The One Ring.net။ 27 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2006 တွင် ပြန်စစ်ပြီး။
  115. The Gamasutra Quantum Leap Awards: Role-Playing GamesHonorable Mention: Dragon WarriorGamasutra (6 October 2006)။ 13 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 March 2011 တွင် ပြန်စစ်ပြီး။
  116. Kalata၊ Kurt။ The History of Dragon Quest။ 22 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2009 တွင် ပြန်စစ်ပြီး။
  117. Douglass၊ Perry (17 May 2006)။ The Influence of Literature and Myth in VideogamesIGNNews Corp။ 18 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2012 တွင် ပြန်စစ်ပြီး။
  118. Martin၊ Brett A. S.။ "Using the Imagination: Consumer Evoking and Thematizing of the Fantastic Imaginary"၊ Journal of Consumer Research၊ Oxford, England: Oxford University Press၊ 6 September 2012၊ pp. 136–14။ Archived from the original on 6 September 2012။ 
  119. Tolkien had recorded a version of his theme on a friend's tape recorder in 1952. This was later issued by Caedmon Records in 1975 as part of J.R.R. Tolkien reads and sings The Lord of the Rings (LP recording TC1478).
  120. Tolkien၊ J.R.R.; Swann၊ Donald (1967)။ The Road Goes Ever On: A Song Cycle။ New York City: Ballantine Books
  121. Tolkien၊ J.R.R.; Swann၊ Donald (1967)၊ Poems and Songs of Middle Earth (LP recording)၊ New York City: Caedmon Records၊ TC1231/TC91231
  122. ၁၂၂.၀ ၁၂၂.၁ Snider၊ Charles (2008)။ The Strawberry Bricks Guide to Progressive Rock။ Strawberry Bricks။ pp. 120–121။ ISBN 0-615-17566-X
  123. Greene၊ Andy။ "Ramble On: Rockers Who Love 'The Lord of the Rings'"၊ Rolling Stone၊ New York City: Wenner Media LLC၊ 16 August 2017။ 26 January 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2017။ 
  124. Feist၊ Raymond (2001)။ Meditations on Middle-earth။ New York city: St. Martin's PressISBN 0-312-30290-8
  125. Carpenter၊ Humphrey (2000)။ J. R. R. Tolkien: A Biography။ Boston, Massachusetts: Houghton Mifflin HarcourtISBN 0-618-05702-1
  126. "Tolkien sold film rights for £10,000"၊ 12 July 2001။ 20 November 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 14 September 2012။ 
  127. Pulley၊ Brett။ "'Hobbit' Heirs Seek $220 Million for 'Rings' Rights (Update1)"၊ Bloomberg၊ 15 July 2009။ 20 November 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 2 August 2012။ 
  128. Harlow၊ John။ "Hobbit movies meet dire foe in son of Tolkien"၊ The Times Online၊ London: The Times၊ 28 May 2008။ 24 July 2008 တွင် ပြန်စစ်ပြီး 
  129. Mathijs၊ Ernest (2006)။ The Lord of the Rings: Popular Culture in Global Context။ Wallflower Press။ p. 25။ ISBN 1-904764-82-7
  130. "100 'most inspiring' novels revealed by BBC Arts"၊ BBC News၊ 2019-11-05။ 2019-11-10 တွင် ပြန်စစ်ပြီး။ "The reveal kickstarts the BBC's year-long celebration of literature." 

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်