ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန်(အင်္ဂလိပ်: John Ronald Reuel Tolkien)သည် အင်္ဂလိပ်လူမျိုး စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာဗေဒပညာရှင်၊ တက္ကသိုလ်ဆရာ ဖြစ်၍ ဂန္ဒဝင်မြောက် ကျယ်ပြန့်စိတ်ကူးယဉ်(high fantasy)လက်ရာများဖြစ်သော ဟော့ဘစ်လက်စွပ်များ၏ အရှင်သခင်လင်းလက်တောက်ပသောရတနာသုံးသွယ် (The Silmarillion)တို့ကိုရေးသားသူလည်းဖြစ်သည်။

ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန်
Tolkien 1916.jpg
ဖြူးဇစ်လီယာ လန်ကရှီးယား၌ ဒုဗိုလ်အဖြစ်တာဝန်ထမ်ဆောင်စဉ်(၁၉၁၆, အသက်၂၄)
အမည်ရင်းဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန်
မွေးဖွား3.1.1892
ဘလူးဖောင်တိန်မြို့၊  တောင်အာဖရိက
ကွယ်လွန်၁၉၇၃
ဘောန်မာ့သ် (Bournemouth)၊ အင်္ဂလန်
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ၊ ဝေါဟာရဗေဒပညာရှင်၊ တက္ကသိုလ်ပါမောက္ခ
လူမျိုးအင်္ဂလိပ်
နိုင်ငံသားဗြိတိသျှ
မိခင်ကျောင်းExeter College, Oxford
စာပေအမျိုးအစားFantasy, high fantasy, translation, literary criticism
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှု
အိမ်ထောင်ဖက်အက်ဒစ်ဘရက်
သားသမီး
  • John Francis (1917–2003)
  • Michael Hilary (1920–1984)
  • Christopher John (1924–2020)
  • Priscilla Anne (b. 1929)
ကိုးကွယ်မှုရိုမန်ကက်သလစ်

လက်မှတ်

၎င်းသည် ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ(အန်ဂလို-ဆက်ခ်ဆွန်ဘာသာစကား)၊၁၉၂၅-၁၉၄၅ထိ အောက်စဖို့ဒ်တက္ကသိုလ်၊ ပမ်းဘရုတ်ကောလိပ်(Pembroke College, Oxford)ပညာရေးရာအဖွဲ့ဝင်ရာထူး၊ ၁၉၄၅-၁၉၅၉ထိ မာတန် အင်္ဂလိပ်ဘာသာစကားနှင့် စာပေ ပါမောက္ခ(Merton Professor of English Language and Literature) နှင့် အောက်စဖို့ဒ်တက္ကသိုလ်မာတန်ကောလိပ်ပညာရေးရာအဖွဲ့ဝင်ရာထူးကို ထမ်းဆောင်ခဲ့သည်။[၁] စီ အက်စ် လူးဝစ်(C. S. Lewis)နှင့် မိတ်ဆွေရင်းချာဖြစ်၍ ထိုနှစ်ဦးစလုံးမှာ အလွတ်သဘောစာပေဆွေးနွေးသည့်အဖွဲ့ Inklingsအဖွဲ့ဝင်များလည်းဖြစ်ပါသည်။ ၁၉၇၂ မတ်လ ၈ တွင် ဗြိတိသျှဘုရင်မ အဲလိဇဘတ် (၂)၏ သူကောင်းပြုခြင်းခံရသည်။

တော်ကီးန်ဆုံးပါပြီးနောက် သား ခရစ်တိုဖာ ကဖခင်ဖြစ်သူ၏ The Silmarillionအပါအဝင် ထုတ်ဝေခြင်းမပြုရသေးသော လက်ရေးစာမူများ၊ အကျယ်တဝံ့ရေးထားသောမှတ်စုများကိုအခြေခံ၍ စာအုပ်များစွာထုတ်ဝေခဲ့သည်။ ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်များနှင့်အတူ ထိုစာအုပ်များသည် ဇာတ်လမ်းများ၊ ကဗျာများ၊ စိတ်ကူးယဉ်သမိုင်းကြောင်းများ၊ တီထွင်ထားသော ဘာသာစကားများ၊ စိတ်ကူးယဉ်ကမ္ဘာ အာဒါ(Arda) ၊ ထိုအာဒါ အတွင်းရှိ အလယ်ပိုင်းကမ္ဘာမြေ(Middle-earth)စသည်တို့၏ စပ်ဆက်ကြောင်းရာကိုယ်ထည်များဖြစ်ကြသည်။[မှတ်စု ၁] ၁၉၅၁နှင့် ၁၉၅၅အကြား တော်ကီးန်က ထိုရေးသားခြင်းများ၏ ကြီးမားသောအပိုင်းအား legendariumဆိုသော ဝေါဟာရဖြင့် သုံးစွဲခဲ့သည်။[၂]

တော်ကီးန်မတိုင်ခင် စာရေးဆရာအများအပြားမှာ စိတ်ကူးယဉ်လက်ရာများစွာအား ထုတ်ဝေပြီးဖြစ်ခဲ့သော်လည်း [၃] ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်ဝတ္ထုတို့၏ ကြီးမားသည့်အောင်မြင်မှုများကြောင့် စိတ်ကူးယဉ်စာပေအမျိုးအစားပြန်လည်နိုးထလာခဲ့သည်။ ဤအချက်သည် တော်ကီးန်အား ခေတ်ပေါ်စိတ်ကူးယဉ်စာပေ[၄][၅]—(သို့) စကားလုံးတိတိကျကျဆိုရလျှင် ကျယ်ပြန့်စိတ်ကူးယဉ်စာပေ(high fantasy)၏ ဖခင်ကြီး အဖြစ် လူသိထင်ရှားကွဲပြားစေခဲ့သည်။[၆] ၂၀၀၈၌ The Timesမဂ္ဂဇင်းက ၁၉၄၅မှစ၍ အကြီးအကျယ်ဆုံး ဗြိတိသျှစာရေးဆရာ (၅၀)စာရင်း၌ အဆင့်၆အဖြစ်သတ်မှတ်ထည့်သွင်းခဲ့သည်။[၇] Forbesမဂ္ဂဇင်းက ၂၀၀၉တွင် ကွယ်လွန်ပြီးစာရေးဆရာများ၏ ထိပ်တန်းဝင်ငွေရစာရင်း၌ အဆင့်၅ သတ်မှတ်ခဲ့ပေသည်။[၈]

ကိုယ်ရေးအကျဉ်းပြင်ဆင်

ငယ်စဉ်ဘဝပြင်ဆင်

 
အင်္ဂလန်၊ ဘာမင်ဟမ်ရှိဆွေမျိုးများထံသို့ပို့ပေးသော ခရစ်စမတ်ကဒ်။ ပုံတွင် တော်ကီးန်မိသားစု တောင်အာဖရိက ဘလူးဖောင်တိန်တွင်ရှိစဉ်။(၁၈၉၂)

ဂျေ အာ အာ တော်လ်ကီးန် ကိုတောင်အာဖရိကနိုင်ငံ ဘလူးဖောင်တိန်မြို့၌ ၁၈၉၂ ဇန်နဝါရီ ၃ရက် တွင်မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ အင်္ဂလိပ်ဘဏ်မန်နေဂျာ အားသာ ရူးရယ် တော်ကီးန်(Arthur Reuel Tolkien)နှင့် မေဘယ် (မွေးဖွားစဉ်အမည် - Suffield) တို့ဖြစ်ကြသည်။ အားသာကို ဖလူးဖောင်တိန်မှ ဗြိတိသျှဘဏ်ကို ဦးစီးရန် ရာထူးတိုးမြှင့်လိုက်သောအခါ ဇနီးမောင်နှံသည် အင်္ဂလန်မှထွက်ခွာခဲ့သည်။[၉] တော်ကီးန် အသက်သုံးနှစ်တွင် မိခင် မေဘယ်နှင့်အတူ အင်္ဂလန်သို့ပြန်ရောက်ခဲ့သည်။ နောက်တစ်နှစ်၌ ဖခင်ဖြစ်သူ အဆစ်မြစ်ရောဂါတစ်မျိုးဖြစ်သည့် (rheumatic feve)ဖြင့်ဆုံးပါးသည်။ [၁၀] ထို့ကြောင့် မိသားစုမှာ ဝင်ငွေမရှိဖြစ်လာသည်။ မိခင်က သားဖြစ်သူကိုခေါ်၍ မိဘများရှိရာ ဘာမင်ဟမ်၊ Kings Heathတွင်သွားရောက်နေထိုင်သည်။[၁၁] မကြာမီ ၁၈၉၆၌ Sarehole(ယခု- Hall Green) သို့ပြောင်း၊ ယင်းနောက် Worcestershire ရွာ၊ ထို့နောက်မှ ဘာမင်ဟမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[၁၂] ထိုသို့နေထိုင်စဉ် ပတ်ဝန်းကျင်နေရာဒေသများကို စူးစမါးရသည်အားနှစ်သင်၍ နောက်ပိုင်း၎င်းစာအုပ်များတွင်ပါဝင်သော အခန်းများကို စေ့ဆော်နိုင်ခဲ့သည်။ ဥပမာ - ၎င်းအဒေါ်၏ ယာခင်းအမည် ဘက်ဂ်အန့်ဒ်()ကို ၎င်းစိတ်ကူးယဉ်ဇာတ်လမ်းထဲမှအမည်တစ်ခုအဖြစ်သုံးစွဲခဲ့သည်။[၁၃]

 
ဘာမင်ဟမ်ဝတ်ပြုကျောင်းတော်၊ တော်ကီးန်သည် ထိုကျောင်း၌ ဘုရားကျောင်းတက်၊ ကပ္ပိယလုပ်ခဲ့၏ ။(1902–1911)

မိခင် မေဘယ်လ်တော်ကီးန်းက သားနှစ်ယောက်ကို အိမ်၌စာသင်ကြားပေးခဲ့ကာ တော်ကီးန်သည် စိတ်အားထက်သန်သောသူဖြစ်လေသည်။[၁၄] မိခင်သည် သားဖြစ်သူအား ရုက္ခဗေဒအများအပြားသင်းကြားပေရင်း သစ်ပင်ပန်းမန်များကို ကြည့်တတ်၊ခံစားတတ်စေရန်လည်း နှိုးဆော်ပေးနိုင်ခဲ့သည်။ ကလေးတစ်ယောက်အဖြစ် ရှုခင်းပုံ၊ သစ်ပင်ပုံများဆွဲရသည်ကိုနှစ်သက်သော်လည်း ၎င်း၏အကြိုက်ဆုံးမှာ ဘာသာစကားသင်ခန်းစာများဖြစ်၍ မိခင်က လက်တင်ဘာသာအခြေခံများကို ခပ်စောစောကပင်သင်ကြားပေးခဲ့သည်။[၁၅] အသက်လေးနှစ်မှစ၍ စာဖတ်တတ်ပြီး များမကြာမီ ကြွယ်ကြွယ်ဝဝစာရေးတတ်လာခဲ့၏ ။ စာအုပ်များစွာဖတ်ရန်မိခင်ကခွင့်ပြုသည်။ ရတနာကျွန်း(Treasure Island) နှင့် ကြွက်ဖမ်းသမားပလွေမှုတ်သူ (The Pied Piper)များကိုမကြိုက်တတ်၊ စာရေးဆရာလူးဝစ် ခဲရာ(Lewis Carroll) အဲလစ်နှင့် ထူးဆန်းဖွယ်တိုင်းပြည်(Alice's Adventures in Wonderland)ကား မြူးထူးဖွယ်ဖြစ်သည် သို့သော် စိတ်အနှောင့်အယှက်ပေးတတ်၏ ဟုဆိုသည်။ဂျော့မက်ဒေါ်နယ်လ်(George MacDonald])၏ စိတ်ကူးယဉ်စာအုပ်များနှင့် ရက်ဒ်အင်ဒီးယန်းများ(Red Indians)ကဲ့သို့သော ဇာတ်လမ်းများကိုနှစ်သက်၏ ။[၁၆] ထို့ပြင် အန်ဒရူးလန်၏ မိရိုးဖလာပုံပြင်များစာအုပ်သည် ၎င်းအဖို့အရေးကြီး၍ တော်ကီး၏ နောက်ပိုင်းအရေးအသားများပေါ်တွင် သိသိသာသာလွှမ်းမိုးခဲ့သည်။[၁၇]

 
တော်ကီးတက်ခဲ့သော ဘာမင်ဟမ်ရှိ ကင်းအက်ဒ်ဝပ်ကျောင်း (1900–1902, 1903–1911)[၁၈]

ဘပ်တစ်ခရစ်ယာန်မိသားစုမှ ပြင်းပြင်းခန်ထန်ကန့်ကွက်သော်လည်း ၁၉၀၀ပြည့်၌ မိခင် မေဘယ်လ်က ရိုမန်ကက်သလစ်သို့ပြောင်းလဲကိုးကွယ်သည်။[၁၉]သို့အတွက်ကြောင့် မိသားစုတွင်းငွေကြေးထောက်ပံ့မှုမရတော့ပေ။ ၁၉၀၄ ခုနှစ် အသက် ၁၂ အရွယ်တွင် မိခင်ကွယ်လွန်ပြန်သည်။ မိခင်က သူမ မသေဆုံးခင် ရင်းနှီးသောမိတ်ဆွေဖြစ်သည့် ဘာမင်ဟမ်ဝတ်ပြုကျောင်းတော်က ကတ်သလစ်ဘုန်းတော်ကြီး ဖာသာ ဖရန်စစ် မောဂန်(Fr. Francis Xavier Morgan)ကို သူမသားများအား ကြည့်ရှုအုပ်ထိန်းပေးရန်အပ်နှံထားခဲ့၏ ။ ထိုဘုန်းတော်ကြီးကပင် ၎င်းတို့အား ကသလစ်ဘာသာဝင်ကောင်းများဖြစ်စေရန် သွန်သင်နိုင်ခဲ့သည်။ မိခင်သေဆုံးပြီးနောက် ဘာမင်ဟမ်ဒေသ Edgbastonတွင်ကြီးပြင်းခဲ့ပြီး King Edward's School၊ St. Philip's School စသည်တို့၌ပညာသင်ကြားခဲ့သည်။ Edgbastonနေစဉ် ပက်ရော့တ် မျှော်စဉ်၊ Edgbaston မြို့တွင်းရေပေးရေးအဆောက်အဦး၏ ဝိတိုရိယခေတ်က မျှော်စဉ်များအရိပ်၌နေထိုင်ရပြီး ထိုမျှော်စဉ်များသည် ၎င်း၏စာပေလက်ရာများထဲက အနက်ရောင်ရဲတိုက်ကြီးများ၏ပုံရိပ်များအပေါ် လွှမ်းမိုးကောင်းလွှမ်းမိုးနိုင်ခဲ့သည်။[၂၀][၂၁] နောက်ထပ် အတော်ဩဇာသက်ရောက်စေမှုများမှာ Edward Burne-Jonesနှင့် Pre-Raphaelite Brotherhoodအဖွဲ့တို့၏ romantic အလယ်ခေတ်ပန်းချီကားများဖြစ်ပါသည်။ (ဘာမင်ဟမ်ပြတိုက်နှင့် ပန်းချီပြခန်းတွင် ပြည်သူများကြည့်ရှု့ရန် ထိုလက်ရာအများအပြားရှိခဲ့ပါသည်။)[၂၂]

ငယ်စဉ်ဆယ်ကျော်သက်အရွယ်၌ပင် တော်ကီးန်သည် ၎င်းအကိုဝမ်းကွဲများ (အတု)တည်ဆောက်ထားသောဘာသာစကားတစ်ခုဖြစ်သော Animalicကို တွေ့ကြုံဖူးခဲ့သည်။ ယင်းအချိန်များက တော်ကီးန်သည် လက်တင်၊ အန်ဂလိုဆက်ခ်ဆွန် ဘာသာများလေ့လာနေသောကာလလည်းဖြစ်၏ ထိုစဉ်အချိန်လောက်က ၎င်းကိုယ်တိုင်ထွင်သည်ဟု ယူဆနိုင်သည့် တီထွင်ဘာသာတု(constructive language)မှာ Naffarinဖြစ်သည်။[၂၃][၂၄] ကမ္ဘာပေါ်တွင်လူပြောအများဆုံး တီထွင်ဘာသာတုမှာ အက်စ်ပရန်းတိုး (Esperanto)ဖြစ်၍ ၁၉၀၉မတိုင်မီလောက်က ထိုဘာသာကို တော်ကီးန်ကလေ့လာကြည့်ခဲ့သည်။ ၁၉၀၉ ဇွန်တွင် "The Book of the Foxrook" မှတ်စုစာအုပ်ကိုရေးဖွဲ့ခဲ့ပြီး ၎င်းတီထွင်ထားသောအက္ခရာများ၏ အစောဆုံးနမူနာအဖြစ်တွေ့မြင်နိုင်သည်။[၂၅] ထိုမှတ်စုစာအုပ်မှ စာပိုဒ်တိုများကို Esperantoဖြင့်ရေးသားထားသည်။[၂၆] ၁၉၁၁တွင် ကင်းအက်ဒ်ဝဒ်ကျောင်း၌နေစဉ် တော်ကီးနှင့် သူငယ်ချင်းသုံးယောကါတို့က T.C.B.S. ဟုခေါ်သော တစ်ပိုင်းလျှို့ဝှက်အဖွဲ့တစ်ခုကို ဖွဲ့စည်းကြ၍ နာမည်အရှည်မှာ Tea Club and Barrovian Societyဖြစ်ကြ၍ ကျောင်းအနီး ဘဲရိုးစတိုးဆိုင်များ(Barrow's Stores)နှင့် ကျောင်းစာကြည့်တိုက်တွင် ခိုး၍လက်ဖက်ရည်သောက်ခြင်းနှစ်သက်သူများဟု ရည်ညွှန်းကြသည်။[၂၇][၂၈]

၁၉၁၁၊ ဆွစ်ဇာလန်သို့ နွေအားလပ်ရက်ထွက်ခဲ့ကာ ထူးထူးဆန်းဆန်းမှတ်မိနေသော ခရီးစဉ်လည်းဖြစ်သဖြင့် ၁၉၆၈ ပေးစာ တွင် [၂၉] ဘီလ်ဘိုဘက်ဂင်၏ နှင်းမြူခိုးရိုးမတောင်တန်းကြီး(Misty Mountains)ကိုဖြတ်သန်းသည့်ခရီးစဉ်အပိုင်းသည် ၎င်း၏ အဖွဲ့ဝင် ၁၂ယောက်ဖြင့် ရေအိုင်ကြားကမြို့(Interlaken)မှ ခရီးကြမ်းထွက်လာကာ လောက်တားဘလူးနန်ရွာ(Lauterbrunnen)၊ ထိုမှ မူးရန်(Mürren) တောင်စခန်းမြို့အလွန်က ရေခဲမြစ်ကျိုးကမ်းပါးကမူ(moraine) တွင်စခန်းချခဲ့သည့် စွန့်စားခြင်းကိုတိုက်ရိုက်အခြေခံထားသည်။ ထိုနှစ်အောက်တိုဘာ၌ အောက်စဖို့ဒ်၊ အက်ခ်ဇစ်တာကောလိပ်(Exeter College, Oxford)၌ စတင်ပညာသင်ကြားခဲ့သည်။ အစောပိုင်း "ဂန္ဓဝင်စာပေ"ကို စတင်လေ့လာခဲ့ပြီး ၁၉၁၃တွင် အင်္ဂလိပ်ဘာသာစကားနှင့် စာပေကိုပြောင်းလဲသင်ယူခဲ့သည်။ ၁၉၅၁တွင် ပထမတန်းဂုဏ်ထူး(first-class honours)ဖြင့် ဘွဲ့ရရှိခဲ့သည်။[၃၀]

ချစ်ကြိုးသွယ်ခြင်းနှင့် အိမ်ထောင်ပြုခြင်းပြင်ဆင်

အသက်၁၆နှစ်တွင် သူ့ထက် ၃နှစ်မျှစီနီယာကျသော အက်ဒစ်မေရီဘရက်(Edith Mary Bratt)နှင့်တွေဆုံ ချစ်ကြိုက်ခဲ့သည်။ အုပ်ထိန်းသူ ဖာသာ ဖရန့်စစ်က အက်ဒစ်ကို တော်ကီးန်အားစာမေးပွဲများမဖြေဘဲလက်လွှတ်သွားစေမည့် အကြောင်းပြချက်အဖြစ်မြင်ကာ ၎င်းမွေးစားသားသည် အသက်အရွယ်ကြီးသောပရိုတက်စတင့်အမျိုးသမီးနှင့် ချစ်ကြိုးသွယ်ခြင်းသည် လုံးဝလာဘ်တိတ်သည် ကံမကောင်းနိုင်[၃၁]ဟုယူဆသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးတွေ့ဆုံခြင်း၊စကားပြောခြင်းစသည်တို့ကို တော်ကီးန်အသက် ၂၁အထိမလုပ်ရဟု ပိတ်ပင်သည်။ မွေးစားဖခင်က သူထိုသို့ဆက်လုပ်နေလျှင် တက္ကသိုလ်ပညာရေးလမ်းကြောင်းထောက်ပံ့မှုဖြတ်တောက်မည်ဆိုခြင်းအပေါ် ချွင်းချက်တစ်ခုနှင့်အတူ ထိုတားမြစ်ချက်ကိုလိုက်နာခဲ့သည်ဟု ၎င်းပေးစာတွင်ဖော်ပြထားသည်။[၃၂] [၃၃]

၁၉၄၁ သားဖြစ်သူ မိုက်ကယ်ကိုပေးသောစာ၌ တော်ကီးန်က ယခုလို ပြန်ပြောင်းအောက်မေ့၍ ရေးသားခဲ့သည်။

ချစ်ရေးကိစ္စကို အသက်(၂၁)နှစ် မပြည့်မချင်း ဘေးဖယ်ထားမလား ဒါမှမဟုတ် ဖခင်ဆိုသည်များထက်ပိုပြီး ငါ့အပေါ်မှာ အဖေတစ်ယောက်လိုဖြစ်နေတဲ့ ငါ့အုပ်ထိန်းစောင့်ရှောက်သူကို စိတ်ဆင်းရဲစေမလား (သို့) လှည့်ဖျားမလားဆိုတဲ့ ကိစ္စနှစ်ခုထဲက တစ်ခုရွေးခဲ့ရတယ်။ ငါ့ချစ်သူအပေါ်တော့ မတရားရာကျပေမယ့် ငါ့ဆုံးဖြတ်ချက်ကို နောင်တမရပါဘူး။ ဒါပေမယ့်လည်း ငါ့အပြစ်မှမဟုတ်ဘဲ။ သူလည်း အဲ့ဒီတုန်းက လုံးဝလွတ်လပ်နေပြီး ငါနဲ့ပတ်သက်လို့ ကတိသစ္စာတွေဘာတွေထားတာမျိုးလည်းမရှိသေးဘူး။ သူတစ်ခြားလူတစ်ယောက်ကို လက်ထပ်ခဲ့မယ်ဆိုရင်လည်း ငါ့အနေနဲ့ ဘာစောဒကတက် ညည်းညူနေမိမယ်မဟုတ်ဘူး။ အဲဒီသုံးနှစ်နီးပါးလောက်ကို ငါ့ချစ်သူဆီကို သွားလည်းမတွေ့ စာလည်းတစ်စောင်မှမရေးခဲ့ဘူး။ အစပိုင်းမှာဆိုရင် အတော့်ကိုဆိုးဝါးခက်ခဲတာ။ ဖြစ်လာတဲ့အကျိုးဆက်ကလည်း မကောင်းဘူးကွာ : လူလည်းရူးကြောင်မူးကြောင်ပြန်ဖြစ်၊ ပျင်းကလည်းပျင်း၊ ပထမနှစ်တစ်တွင်းလုံးကို အချိန်တွေဖြုန်းမိခဲ့တာ [၃၁]

၎င်းအသက် (၂၁)ပြည့်မွေ့နေ့တွင် အက်ဒစ်ထံစာရေး၍ အိမ်ထောင်ပြုရန်တောင်းဆိုသည်။ အက်ဒစ်က သူငယ်ချင်းတစ်ယောက် အကို၏ ချစ်ခွင့်ပန်ထားသည်ကိုလက်ခံထားပီ့း လက်ထပ်မည်ဟုကတိပေးသဘောတူထားကြောင်း စာပြန်ခဲ့သည်။ အကြောင်းမှာ သူမကို လိုချင်ခဏသာ တွဲသည်ဟု ခံစားမိ၍ တော်ကီးန်က သူမအပေါ် ဂရုစိုက်သေးကြောင်းကို စတင်သံသယဝင်ခဲ့၍ဖြစ်သည်။ တော်ကီးန်ရေးပို့သောစာကြောင့် အရာရာပြောင်းလဲခဲ့လေသည်။ ၁၉၁၃ ဇန်နဝါရီ ၈၌ တော်ကီးန်ကိုယ်တိုင် ချက်လ်တန်ဟမ်း(Cheltenham)သို့ ရထားဖြင့်သွား၍ အက်ဒစ်ကိုယ်တွေ့ဆုံခဲ့ပြီးနောက် တော်ကီးန်၏ တောင်းဆိုမှုကိုလက်ခံခဲ့သည်။[၃၄] စေ့စပ်အပြီး တော်ကီးန်၏ ဇွတိတရွတ်တောင်းဆိုမှုကြောင့် ရိုမန်ကက်သလစ်သို့ စိတ်မပါ့တပါဖြင့်ပြောင်းခဲ့ရသည်။ ၁၉၁၃ ဇန်နဝါရီ ၌ စေ့စပ်၍ ၁၉၁၆ မတ်လ ၂၂တွင် ဝေါဝစ်မြို့၊ စိန့်မယ်ရီရိုမန်ကက်သလစ်ဘုရားကျောင်း၌(St. Mary Immaculate Roman Catholic Church) လက်ထပ်ခဲ့သည်။[၃၅] ၁၉၄၁ သားဖြစ်သူ မိုက်ကယ်ကိုပေးသောစာ၌ တော်ကီးန်က ၎င်းဇနီးသည်သည် အလုပ်မရှိ၊ ငွေကြေးဆို၍ ဖြူကာပြာကာသာရှိသော၊ စစ်ကြီးတွင် သေချင်သေသွားနိုင်သည်မှတပါး ဘာအလားအလာမှမရှိသော သူ့အားလက်ထပ်လိုစိတ်ရှိပုံကို လေးစားကြောင်း ဖော်ပြခဲ့သည်။[၃၁]

ပထမကမ္ဘာစစ်ပြင်ဆင်

၁၉၁၄ ဩဂုတ်တွင် ဗြိတိန်နိုင်ငံ ပထမကမ္ဘာစစ်ထဲ့သို့ဝင်ရောက်သည်နှင့် တော်ကီးန်သည် ဗြိတိသျှစစ်တပ်အတွက် ချက်ချင်းလက်ငင်း စစ်ထဲမဝင်ရန်ရွေးချယ်လိုက်သောအခါ ဆွေမျိုးတသိုက်က တုန်လှုပ်သွားကြသည်။ ၁၉၄၁-သားထံပေးစာတွင် " အဲဒီနေ့တွေတုန်းက ချာတိတ်တွေစစ်ထဲဝင်ကြတယ် အဲလိုမှမဝင်ပြန်ရင်လည်း လူရှေ့သူရှေ့နှာခေါင်းအရှုံ့ခံရတယ်လေ။ အတွေးတွေတပုံတပင်နဲ့ ကာယသတ္တိကျမရှိသလောက် လူငယ်တစ်ယောက် စစ်ထဲဝင်ဖို့ကျ အတော်ကိုဆိုးရွားတဲ့ကိစ္စကြီးပဲ။"[၃၁] ထိုအစား အများ၏ရှုံချခြင်းကိုသည်းခံကာ[၃၁] ဘွဲ့မရမခြင်းတပ်ထဲဝင်ရန် ရွှေ့ဆိုင်းခဲ့သည်။ ဘွဲ့ရပြီး ၁၉၁၅ ဇူလိုင်တွင် လန်ကရဇီးယား ဖြူဇစ်လီယား၌ ယာယီဒုဗိုလ်အဖြစ်တာဝန်ပေးခြင်းခံရသည်။[၃၆][၃၇] ၁၉၁၆ ဇွန်လ ၂တွငါ တော်ကီးန်ကို ပြင်သစ်သို့ရာထူးပြောင်းရွှေ့ခန့်ထားရန် ဖော့က်စတန်မြို့(Folkestone)သို့ ဆင့်ခေါ်သည့် သံကြိုးရခဲ့သည်။ သူက နောက်ပိုင်း၌ ဤသို့ရေးခဲ့သည်။ "အငယ်တန်းအရာရှိတွေ ကျသွားတာ တစ်မိနစ်ကို တစ်ဒါဇင်ပဲ။ မိန်းမနဲ့ခွဲပြီး...နောက်...... သေရသလိုပါပဲ။"[၃၈]

ပြင်သစ်နိုင်ငံ ခဲလေးမြို့(Calais) (ပြင်သစ်အသံ ခယ်လဲ) သို့ညတွင်းခြင်းပင်လယ်ခရီးစဉ် ပို့ဆောင်သင်္ဘောဖြင့် ၁၉၁၆ ဇွန် ၅၌ သွားခဲ့၍ ဗြိတိသျှစစ်ဆင်ရေးတပ်၏ အက်တာပဲလ်(Étaples)ဆိပ်ကမ်း အခြေစိုက်လေ့ကျင့်ရေးစခန်းသို့ ပို့ဆောင်ခံရသည်။ ဇွန် ၂၇၌ အဲမီယဲ့မြို့(Amiens)အနီး ရီးဘုန်းပေး(Rubempré)ရှိ တပ်ရင်းသို့ ပြောင်းခဲ့သည်။[၃၉] တော်ကီးက တစ်ခါကညည်းညူဖူးသည်။ "တစ်ခြားလူတွေကို ဆရာလုပ်ဩဇာပေးနေရတာ ဘယ်သူတစ်ယောက်အတွက်မှ သင့်တော်တဲ့အလုပ်မဟုတ်ဘူး။ လူတစ်သန်းမှာ အဲဒါပတွက် တစ်ယောက်တောင်အံ့မဝင်ဘူး။ အနည်းဆုံး အဲဒီအခွင့်ရေးရှာနေတဲ့သူတွေလည်း အံ့မဝင်ပါဘူး။ "[၄၀]

​၁၉၁၆ ဇူလိုင်အစောပိုင်း၌ စော(မ်)မြစ်သို့ရောက်ရှိသည်။ ထို၌ တိုက်ပွဲတစ်လျို့တွင်ပါဝင်တိုက်လိုက်ခဲ့၏ ။ ဇနီးသည် အက်ဒစ်အဖို့ ဆိုးဝါးသည့်စိတ်ဖိဆီးမှုရှိခဲ့ရပြီး ခင်ပွန်းဖြစ်သူ ကျဆုံးကြောင်း အကြောင်းလာကြားနိုင်သည့် တံခါးခေါက်သံတိုင်းကို လန့်နေမိခဲ့သည်။

၁၉၁၆ အောက်တိုဘာ ၂၇၊ ၎င်းတပ်ရင်းက ဂျာမန်ကတုတ်ကျင်း Regina Trenchကို တိုက်ခိုက်သောအခါ ကူးစက်ရောဂါဖြစ်သည့် trench feverရခဲ့၏ ။ အင်္ဂလန်သို့ ကျန်းမာရေးကြောင့် နိုဝင်ဘာ ၈တွင်ပြန်ခဲ့လေသည်။[၄၁] ကျောင်းနေဘက် သူငယ်ချင်းအများအပြား စစ်ကြီးတွင် ကျဆုံးခဲ့သည်။ ၎င်းတပ်ရင်းမှာလည်း တော်ကီးန်အင်္ဂလန်သို့ ပြန်ရောက်ပြီးနောက် ချေမှုန်းခြင်းခံခဲ့ရသည်။

 
Beaumont Hamelအနီး ဆက်သွယ်ရေးကတုတ်ကျဉ်း၊ ဖျူးဇီလီယာ၊ လန်ကရှီးယား ပထမတပ်ရင်းမှ စစ်သားများ၊ ၁၉၁၆။ Ernest Brooksရိုက်ကူးထားသော ဓါတ်ပုံ။

နောက်ပိုင်းနှစ်များတွင် ၎င်းက စိတ်ဆိုးမာန်ဆိုးဖြင့် ဒုတိယကမ္ဘာစစ်နှင့်နှိုင်းယှဉ်ရန် ၎င်း၏စာပေအရေးအသား၌ ရှာဖွေသောသူများသည် လုံးဝအမှားကြီးကျူးလွန်ကြသည်ဟု ပြောဆိုခဲ့၏ ။

လူတစ်ယောက်ဟာ စစ်ရဲ့ဖိစီးမှုကို အပြည့်အဝခံစားဖို့ ကိုယ်တိုင်ကိုယ်ကျ စစ်ရဲ့အရိပ်အောက်ရောက်ရှိရပါတယ်။ ဒါပေမယ့်လည်း နှစ်တွေကြာညောင်းလာတာနဲ့အမျှ ငယ်စဉ် ၁၉၁၄လောက်ကပါဝင်ခဲ့ရတာ ၁၉၃၉နဲ့ အဲဒီနှစ်နောင်းပိုင်းကာလတွေမှာ ပါဝင်ပတ်သတ်တာထက်တော့ ကြောက်စရာကောင်းခြင်းမလျော့ခဲ့ပါဘူးဆိုတာတော့ အခုများမှာ မေ့ချင်သယောင်ယောင်ဖြစ်နေပြီ။ ၁၉၁၈မှာ သူငယ်ချင်းတစ်ဦးကလွဲလို့ အကုန်သေခဲ့ကြရတာပါ။[၄၂]

အားနဲပြီး ပိန်လှီနေသောတော်ကီးသည် ဆေးရုံတက်လိုက်ရ အစောင့်တပ်တာဝန်ထမ်းရ စသဖြင့် တလှည့်စီဖြစ်နေခဲ့သည်။ ကျန်းမာရေးကြောင့် ပုံမှန်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ခဲ့ပါ။[၄၃][၄၄][၄၅] အင်္ဂလန် စတက်ဖရှီးယား၊ လစ်တဲလ် ဟေးဝု(ဒ်)ရှိ တဲအိမ်လေး၌ ကျန်းမာရေးပြန်လည်ကောင်းမွန်လာစဉ်အတွင်း ဂွန်ဒိုလင် ကျဆုံးခြင်း(The Fall of Gondolin)မှစတင်ကာ ပျောက်ဆုံးသွားသော ဇာတ်လမ်းများ(The Book of Lost Tales]) ဟုခေါ်သည့် ရေးသားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။ "ပျောက်ဆုံးသွားသော ဇာတ်လမ်းများ" သည် ပြီးမြောက်ခြင်းမရှိခဲ့ဘဲ ၎င်းစွန့်ပစ်ခဲ့မည့် လုပ်ငန်းဖြစ်သော အင်္ဂလန်အတွက် ဒဏ္ဍာရီတစ်ခုဖန်တီးခြင်းဖြစ်ပါသည်။[၄၆] ၁၉၁၇ နှင့် ၁၉၁၈တွင် ကျန်းမာရေးချူချာခဲ့သည် ထို့နောက်ပြန်လည်ကောင်းမွန်ပြီး အမိမြေ စခန်းများ၌တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်၌ပင် ပထမဆုံးသားကို မွေးဖွားခဲ့လေသည်။

၁၉၁၈ ဇန်နဝါရီ၌ ယာယီဗိုလ်ဖြစ်လာသည်။[၄၇] ၁၉၁၉ ဇူလိုင် ၁၆တွင် တော်ကီးန်ကို ယာယီမသန်စွမ်းပင်စင်ဖြင့် တပ်မှထွက်ခွင့်ပြုခဲ့သည်။ [၄၈]

ပညာရေးရာနှင့် စာရေးသားခြင်းပြင်ဆင်

 
လိဒ်စ်မြို့ ဒါးန်လေလမ်း အနောက်ပန်းခြံအရပ်ရှိ တော်ကီး၏ ယခင်နေအိမ်။
 
အောက်စဖို့ဒ်မြောက်ပိုင်း တော်ကီး၏ ယခင်နေအိမ်။

၁၉၀၂ နိုဝင်ဘာ ၃တွင် တော်ကီးန်ကို စစ်မှုထမ်းခြင်းမှထွက်ခွာခွင့်ပြုပြီး ၎င်း၏ရာထူး 'ဗိုလ်'(lieutenant)ဖြင့် တပ်မှထွက်ခွာသည်။[၄၉] ၎င်း၏ ပထမကမ္ဘာစစ်အပြီး အရပ်ဘက်လုပ်ငန်းအဖြစ် အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓာန်(Oxford English Dictionary)ပြုစုရေးတာဝန်ဖြစ်သည်။ ထိုအဘိဓာန်၌ အင်္ဂလိပ်အက္ခရာ "W"ဖြင့်စသော ဂျာမန်ဇစ်မြစ်ရှိသော စကားလုံးများ၏ ရင်းမြစ်(etymology) နှင့် သမိုင်းကြောင်းကို အဓိကထားလုပ်ကိုင်ခဲ့သည်။[၅၀] ၁၉၂၀၌ လိဒ်စ် တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာစကား ပညာရှင်အဖြစ်ရာထူးရရှိခဲ့သဖြင့် ယင်းတက္ကသိုလ်၌ အငယ်ဆုံး ပါမောက္ခဖြစ်လာသည်။[၅၁] လိဒ်စ်၌ရှိစဉ် အလယ်ခေတ်အင်္ဂလိပ်ဝေါဟာရ စာအုပ်ကို ပြုစု၍ ဆာ ဂဝေးန် နှင့် အစိမ်းရောင်သူရဲကောင်း၏ အကောင်းဆုံးမူကို E. V. Gordonနှင့်အတူ ပြုစုခဲ့သည်။ နှစ်အုပ်စလုံးသည် ဆယ်စုနှစ်အနည်းငယ်ကြာကြာ တက္ကသိုလ်အဆင့်စာအုပ်များဖြစ်လာခဲ့သည်။ ဆာ ဂဝေးန်ပုလဲ(ကဗျာ)ဆာ အော့ဖီယို(Sir Orfeo)တို့ကို ဘာသာပြန်ဆိုခဲ့သည်။ ၁၉၂၅တွင့် အောက်စဖို့ဒ်သို့ပြန်ရောက်၍ ပမ်းဘရုတ်ကောလိပ်(Pembroke College, Oxford)ပညာရေးရာအဖွဲ့ဝင်ရာထူးနှင့်အတူ ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ(အန်ဂလို-ဆက်ခ်ဆွန်ဘာသာစကား)အဖြစ်ထမ်းဆောင်သည်။ ပမ်းဘရုတ်ကောလိပ်၌ တာဝန်ထမ်းဆောင်စဉ် တော်ကီးသည် ဟော့ဘစ် နှင့် လက်စွပ်များ၏ အရှင်သခင် ရှေ့နှစ်တွဲကို ရေးသားခဲ့၏ ။ ၁၉၂၈ ဂလောက်စတာရှီးယားအရပ်(Gloucestershire) လစ်ဒ်နီဥယျာဉ်ရှိ အက်စကက်လ်ပီယန် ဂရိဘုရားကျောင်းကို ဆာ မော့တီမာ ဝီးလာ()၏ တူးဖော်ရှာဖွေပြီး၌ Nodensအမည်ဖြင့် ဝေါဟာရဗေဒဆိုင်ရာ စာတမ်းတစ်ခုကိုရေးသားထုတ်ဝေခဲ့သည်။[၅၂]

ဘိုးဝု(ဖ်)ပြင်ဆင်

၁၉၂၀တွင် တော်ကီးန်သည် ဂန္ဓဝင်စာပေတစ်ခုဖြစ်သော ဘိုးဝု(ဖ်) (ကဗျာရှည်)ကို ဘာသာပြန်ဆိုခဲ့ကာ ၁၉၂၆တွင်ပြီးမြောက်ခဲ့၏ ။ ထုတ်ဝေခြင်းမရှိခဲ့ပါ။ နောက်ဆုံး၌ ထိုဘာသာပြန်ခြင်းပြီးနောက် နှစ်ပေါင်း (၉၀)နီးပါး၊ တော်ကီးန်ကွယ်လွန်အပြီး နှစ်လေးဆယ်ကျော် ၂၀၁၄တွင် သားဖြစ်သူက တည်းဖြတ်၍ ထုတ်ဝေခဲ့သည်။ [၅၃] ဘာသာပြန်ပြီးနောက် ဆယ်နှစ်အကြာတွင် ဘိုးဝု(ဖ်) : မိစ္ဆာများနှင့် ဝေဖန်ရေးသမားများစာပေပို့ချချက်တစ်ခုပြုလုပ်၍ ချီးကျူးမှုအများအပြားရခဲ့လေသည်။ ထိုပို့ချချက်သည် ဘိုးဝု(ဖ်)သုတေသနတွင် ကြာရှည်စွာဩဇာညောင်းခဲ့သည်။[၅၄] ထိုစဉ်က ပညာရှင်နယ်ပယ်၏ သဘောဆန္ဒသည် ဘိုးဝု(ဖ်)ဇာတ်လမ်းကား အစစ်အမှန် မျိုးနွယ်စုတိုက်ပွဲများထက် သရဲသဘက်မိစ္ဆာတိုက်ပွဲများကိုသာ ဖော်ကျူးခြင်းကြောင့် ပြစ်တင်ရှုံချကြသည်။ တော်ကီးန်က ဘိုးဝု(ဖ်)ရေးသော စာရေးဆရာသည် လူသားတို့ဘဝကံကြမ္မာကို ယေဘုယျညွှန်းဆိုတင်ပြခြင်းဖြစ်သည်၊ သီးသန့်အနေဖြင့် ဤမျိုးနွယ် ထိုမျိုးနွယ်တို့၏ နိုင်ငံရေးရာများဖြင့်သန့်သတ်ထားသည်မဟုတ်၊ ထို့ကြောင့် ထိုထဲတွင် မိစ္ဆာများပါဝင်ရမည်ဟု တုံ့ပြန်ပြောခဲ့သည်။[၅၅] ဘိုးဝု(ဖ်)၏ ဖင်းစ်ဘာ့ဂ်(Finnsburg)တိုက်ပွဲ၌ သီးသန့်မျိုးနွယ်စုများ၏ တိုက်ပွဲ(အငြင်းပွားမှု) ပါဝင်လေရာ ထိုအခန်းကို မှော်ဇာတ်လမ်းဖတ်ခြင်းမျိုးဖြင့်ဖတ်ရှုကြသည်ကို ပြင်းထန်စွာ ငြင်းခုံပြောဆိုခဲ့၏ ။[၅၆] အက်ဆေးစာတမ်းတစ်ခုတွင် ၎င်းက ဘိုးဝု(ဖ်)ကို မည်မျှတန်ဖိုးထားကြောင်းဆိုသည်နှင့်ပတ်သက်၍ " ဘိုးဝု(ဖ်)သည် ကျွန်တော်တန်ဘိုးအထားဆုံးရင်းမြသ်များထဲကတစ်ခုဖြစ်၍ ထိုလွှမ်းမိုးမှုကိ ၎င်းဧ အလယ်ပိုင်ကမ္ဘာမြေဂန္ဓဝင်ဇာတ်လမ်းများ(Middle-earth legendarium)၌ မြင်တွေ့နိုင်ပါ၏ ။[၅၇]

W. H. Audenက သူ့၏ပါမောက္ခဟောင်း တော်ကီးန်ဆီသို့စာရေးသားဖူး၏ ။ စာမှာ

ဘွဲ့ကြိုကျောင်းသားတစ်ဦးအနေနဲ့ လုံးဝမမေ့နိုင်တဲ့အဖြစ်အပျက်လေးပါ။ ဆရာ့ကို ပြောဖူးသလားတောင်မသိဘူး။ အဲဒီလို ဆရာ ဘိုးဝု(ဖ်)ကဗျာကြီးကိုရွတ်ဆိုသွားတာ အသံက ဂန်ဒက်ဖ်ရဲ့အသံမျိုးနဲ့လေ။ [၅၈]

ဒုတိယကမ္ဘာစစ်ပြင်ဆင်

 
အင်္ဂလိပ်ဘာသာစကားနှင့် စာပေပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သော မာတန်ကောလိပ်။ (၁၉၄၅-၁၉၅၉)

ဒုတိယကမ္ဘာစစ်မဖြစ်ခင် တော်ကီးန်အား ကုတ်(လျှို့ဝှက်စာ)ဖြေသူ(codebreaker)အဖြစ်လျာထားသတ်မှတ်၏ ။[၅၉][၆၀] ၁၉၃၉ ဇန်နဝါရီတွင် နိုင်ငံ၏ အရေးကြီးကာလများ၌ နိုင်ငံခြားရေးရုံး လျှို့ဝှက်စာဌာန၌အမှုထမ်းရန် အဆင်သင့်ဖြစ်နိုင်သလားဟု မေးမြန်းရာ[၅၉][၆၀] သဘောတူ၍ အစိုးရ၏လျှို့ဝှက်စာသင်တန်းကျောင်း လန်ဒန်ရုံးချုပ်တွင် လမ်းညွှန်သင်တန်းတက်ရောက်ခဲ့သည်။[၅၉][၆၀] အောက်တိုဘာတွင် တာဝန်ထမ်းဆောင်ခြင်းမလိုအပ်ဟု ၎င်းအားအကြောင်းကြားခဲ့သည်။[၅၉][၆၀]

၁၉၄၅၌ အောက်စဖို့ဒ်၊ မာတန်ကောလိပ်သို့ပြောင်းရွှေ့၍ ထိုကျောင်း၌ အင်္ဂလိပ်ဘာသာစကားနှင့် စာပေပါမောက္ခဖြစ်လာခဲ့သည်။[၆၁] ယင်းနေရာ၌ပင် အငြိမ်းစားယူသောနှစ် ၁၉၅၉ထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ဒဘလန်တက္ကသိုလ်ကောလိပ် (University College, Dublin)၌လည်း ပြင်ပစာစစ်သူအဖြစ် နှစ်အတော်ကြာလုပ်ကိုင်ခဲ့၏ ။ ၁၉၅၄ အိုင်ယာလန်အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည်။ ၁၉၄၈တွင် ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ရသော လက်စွပ်များ၏ အရှင်သခင်ဝတ္ထုပြီးမြောက်သည်။ Book of Jonahကို ဂျေရုစလင် သမ္မာကျမ်းစာအတွက်ဘာသာပြန်ခဲ့ပြီး ၁၉၆၆၌ ထုတ်ဝေခဲ့သည်။[၆၂]

မိသားစုပြင်ဆင်

သားသမီးလေးဦးရှိသည်။ ၎င်းတို့မှာ John Francis Reuel Tolkien (17 November 1917 – 22 January 2003)၊ Michael Hilary Reuel Tolkien (22 October 1920 – 27 February 1984)၊ Christopher John Reuel Tolkien(21 November 1924 – 15 January 2020)၊ Priscilla Mary Anne Reuel Tolkien (born 18 June 1929)တို့ဖြစ်ကြသည်။ သားသမီးများကို လွန်စွာချစ်မြတ်နိုးပြီး ၎င်းတို့ငယ်စဉ်အချိန်တွင် letters from Father Christmasကို သရုပ်ဖော်ပုံများနှင့်အတူပို့ပေးခဲ့၏ ။ နှစ်စဉ် ဇာတ်ကောင်အသစ်များထပ်တိုးထည့်ပေးခဲ့သည်။[၆၃]

အငြိမ်းစားယူခြင်းနှင့် နောက်ပိုင်းနှစ်များပြင်ဆင်

 
အောက်စဖို့ဒ်၊ အက်ခ်စဒါကောလိပ်၏ ဝတ်ပြကျောင်းတွင် တော်ကီးန်၏ ကိုယ်တစ်ပိုင်းရုပ်တု

အငြိမ်းစားယူခြင်း (၁၉၅၉)မှ ကွယ်လွန်(၁၉၇၃)ထိ တော်ကီးန်သည် များစွာသောစာပေဆိုင်ရာကျော်ကြားမှုနှင့် လူထုအကြားအာရုံစိုက်မှုခံရလေသည်။ ၁၉၆၁၌ မိတ်ဆွေဖြစ်သူ စီ အက် လူးဝစ်က နိုဘဲလ်စာပေဆု (Nobel Prize in Literature )အတွက် ၎င်းကို ဆန်ခါတင်ပေးခဲ့၏ ။[၆၄] မြေးဖြစ်သူ ဆိုင်မွန်တော်ကီးန်းပြောချက်အရ ၁၉၇၃ နိုဝင်ဘာ ၂၉ ရက် အသက် ၈၂ အရွယ်တွင်ကွယ်လွန်သည်။

 
ဂျေ အာ အာ တော်ကီးန် နှင့် ဇနီးတို့၏ အုတ်ဂူ၊ အောက်စဖို့ဒ်၊ ဝိုလ်ဗာကို့တ် သင်္ချိုင်း

အဲလိဇဘတ်ဘုရင်မမှ တော်ကီးန်ကို ၁၉၇၂၌ Commander of the Order of the British Empire ဖြင့်သူကောင်းပြုခဲ့သည်။[၆၅] ထိုနှစ်၌ပင် အောက်စဖို့ဒ် တက္ကသိုလ်က ၎င်းအား စာပေဂုဏ်ထူးဆောင်ဆု(Doctorate of Letters)ကို ချီးမြှင့်ခဲ့သည်။[၃၀][၆၆] တော်ကီးန်သည် ဝိုလ်ဗာကို့တ်ရှိ ဇနီးသည်အုတ်ဂူ၌ လူးသီယန်(Lúthien)အမည်[မှတ်စု ၂]ကို ထွင်းထုစေခဲ့သည်။ ၎င်းသည်လည်း ၁၉၇၃ စက်တင်ဘာ ၂တွင် bleeding ulcer နှင့် chest infectionဖြင့်ကွယ်လွန်ခဲ့သည်။[၆၈][၆၉] ၎င်းကိုဇနီးဖြစ်သူနှင့် အတူတူမြှုပ်နှံ၍ ဘဲရန်(Beren)ဆိုသည့်အမည် [မှတ်စု ၃] ကိုထပ်ပေါင်းထည့်ခဲ့သည်။

တော်ကီး၏ အလယ်ပိုင်းကမ္ဘာမြေဇာတ်လမ်း (Middle-earth )များထဲတွင် လူးသီယန်(Lúthien)သည် ဘုရားသခင် Ilúvatar ၏ သားသမီးများထဲ၌ အလှပဆုံးဖြစ်၍ လူသားမျိုးနွယ် ဘဲရန်(Beren)ကို ချစ်ကြိုက်မိသည့်အတွက် သူမ၏ ထာဝရရှင်သန်ခြင်းဘဝကို စွန်လွှတ်ခဲ့သည်။

အမြင်များပြင်ဆင်

 
စာပေရေးရာအလွတ်သဘောအဖွဲ့ဖြစ်သည့် Inklingsအဖွဲ့ဝင်များတွေ့ဆုံရာ the Eagle and Childယမကာဆိုင်၏ ထောင့်တစ်နေရာ(1930–1950)

ရိုမန်ကက်သလစ်ဘာသာအပေါ် ယုံကြည်ကိုင်းရှိုင်းသောတစ်ဦးဖြစ်သည်။ လွတ်လပ်စွာတွေးခေါ်လုပ်ကိုင်ခြင်းဝါဒ(Libertarianism)၊ ကုန်ထုတ်လုပ်မှုတန်ဖိုးများကို တစ်စုတစ်ဖွဲ့ပိုင်ဆိုင်သည်ထက် အများပြည်သူများ ကျယ်ပြန့်စွာပိုင်ဆိုင်မှုကိုနှစ်သက်သောဝါဒ(Distributism)၊ ဘုရင်စနစ်ကိုလိုလားထောက်ခံသည့်ဝါဒ(monarchism)စသည့် တိမ်းညွတ်မှုများနှင့်အတူ အလယ်လတ်သဘော ရိုးရာအစဉ်ဆက်ထိန်းသိမ်းသော(traditionalist) နိုင်ငံရေးအမြင်၊ ဘာသာရေးအမြင်များရှိသည်။ တစ်ဖက်တွင် အစိုးရ၏ တင်းကျပ်သည့်အုပ်ချုပ်ရေးစနစ်(bureaucracy)ကို ပြင်းထန်စွာဝေဖန်ကာ တစ်ဖက်တွင်လည်း တီထွင်ဖန်တီးမှုများ၊ ခေတ်ပေါ်တိုးတက်ပြောင်လဲလာမှုအပေါ်၌ ခိုင်မာစွာရှိနေသောသမားရိုးကျအစဉ်ဆက်သဘောများကို နှစ်သက်သဘောကျသော ပုံစံမျိုးရှိသည်။[၇၁] တော်ကီးန်သည် စက်မှုဖွံ့ဖြိုးတိုးတက်လာခြင်း၏ ဆိုးကျိုးများကိုကား ပြင်းထန်စွာမုန်းတီး၏ ။ အင်္ဂလိပ်ကျေးလက်ဒေသနှင့် ရိုးရှင်းစွာနေထိုင်သည့် ဘဝများကို ဝါးမျိုခြင်းဟုယူဆသည်။ ကားများကို မနှစ်မြို့ စက်ဘီးစီးခြင်းကိုသာခုံမင်သည်။[၇၂] အမှန်တရား၏ အံ့မခန်းပဲ့တင်ရိုက်ခတ်မှုသည် ဒဏ္ဍာရီများဟု၎င်း၏ခိုင်မာမြဲမြံစွာယုံကြည်ခြင်းအတွင်း၌ ပါဝင်နေသည်မှာ ထိုဒဏ္ဍာရီများကို မြတ်နိုးခြင်းနှင့် ယုံကြည်ကိုးကွယ်သည့်ဘာသာတရားပင်ဖြစ်ပါသည်။[၇၃] ထိုအမြင်ကို "ဒဏ္ဍာရီ"တည်ဆောက်ခြင်း(Mythopoeia)အမည်ရသည့် ၎င်း၏အက်ဆေးနှင့် ကဗျာထဲ၌ ဖော်ထုတ်တင်ပြထားလေသည်။[၇၄]

တော်ကီးန်၏ ရိုမန်ကက်သလစ်အပေါ် သက်ဝင်ယုံကြည်မှုသည် စီ အက် လူးဝစ်အား ဘာသာမဲ့မှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းသွားစေသည့် အဓိကအချက်ဖြစ်သည်။ သို့သော်မနှစ်မြို့မိသည်မှာ လူးဝစ်က အင်္ဂလန်ဘုရားရှိခိုးကျောင်း(ပရိုတက်စတင့်)သို့ ဝင်ရောက်မှုပင်ဖြစ်လေသည်။ [၇၅]

စပိန်တွင် ကွန်မြူနစ်များက ဘုရားကျောင်းများဖျက်စီးခြင်း၊ ဘုန်းကြီး၊ သီလရှင်များအပေါ်သတ်ဖြတ်ခြင်းအပေါ်တွင် ဖြစ်ပွားသော စပိန်ပြည်တွင်းစစ်အတွင် ဖရန်ကိုဦးဆောင်သည့် အမျိုးသားရေးဝါဒီအပေါ် ထောက်ခံကြောင်းဖွင့်ဟပြောဆိုဖူးသည်။[၇၆] ဂျိုးဇတ် စတာလင်ကို စက်ဆုပ်သည်။ စတာလင်အား အဲဒီသွေးဆာသောလူသတ်ကောင်ကြီး (bloodthirsty old murderer)ဟု ရည်ညွှန်းခဲ့သည်။[၇၇] ၁၉၆၁၌ ဆွီဒင်သုံးသပ်ဝေဖန်သူက လက်စွပ်များ၏ အရှင်သခင်သည် ကွန်မြူနစ်ဆန့်ကျင်သည့် ပညာပေးဝတ္ထု(ဇာတကကဲ့သို့)ဖြစ်၍ ဆော်ရွန်သည် စတာလင်ဖြစ်သည်ဟုဖော်ပြသုံးသပ်ရာ တော်ကီးန်က ငြင်းဆိုပြီး ဝတ္ထုဇာတ်လမ်းစိတ်ကူးက အောက်တိုဘာတော်လှန်ရေးမတိုင်ခင်ကတည်းက စိတ်ကူးအကြံဖြစ်သည်။ ထိုသို့ ရူပကတင်စားချက်မှာ ၎င်း၏အတွေးများအဖို့ လုံးဝအစိမ်းသက်သက်ဖြစ်သည်ဟုပြောဆိုခဲ့သည်။[၇၈]

တော်ကီးန်သည် အဒေါ့ဖ် ဟစ်တလာ နှင့် နာဇီပါတီကို ဒုတိယကမ္ဘာစစ်မတိုင်ခင်ကပင် ဆန့်ကျင်ကြောင်းပြောဆိုခဲ့သည်။ အထူးအားဖြင့် နာဇီလူမျိုးရေးခွဲခြားမှုနှင့် အာရပ်၊ ဂျူးဆန့်ကျင်သည့် (anti-semitic) အတွေးအမြင်စနစ်ကို ရွံ့မုန်းသည်။

မဟာမိတ်တို့၏ အကန့်သတ်မဲ့စစ်ပွဲဆိုင်ရာနည်းဗျူဟာများ(total war tatics)အား နာဇီဂျာမနီပြည်သူများနှင့် ဂျပန်အင်ပါယာအပေါ်အသုံးပြုခြင်းကို ပြင်းထန်စွာဝေဖန်သည်။ ထို့ပြင် လိုသည်ထက်ပိုသော ဂျာမန်ဆန့်ကျင်ရေးဝါဒဖြန့်မှုကိုလည်း ဒေါသတကြီးဖြင့်တုံ့ပြန်သည်။[၇၉]}} ၁၉၄၅၌ ဟီရိုရှီးမားနှင့် နာဂါစာကီမြို့များကို အနုမြူဗုံးကြဲလိုက်သောအခါ တုန်လှုပ်ခဲ့ရသည်။[၈၀]

သက်တမ်းတစ်လျှောက် ကွန်ဆာဗေးတစ်ဝါဒသည် ၎င်း၏နိုင်ငံရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်မလာခဲ့ပါ။ ကိုယ်ပိုင်သီးသန့်ပေးစာများမှတပါး ကွန်ဆာဗေးတစ်အမြင်များကိုတိုက်ရိုက် ဖော်ပြခြင်းမရှိခဲ့ပေ။ ထိုစာများ၌ သစ်တောများကိုနှစ်သက်ပုံ၊ သစ်ပင်ခုတ်လှဲခြင်းများကို ဝမ်းနည်းပုံစသဖြင့်ပြောပြထားခဲ့သည်။ နောက်ပိုင်းနှစ်များ၌ တော်ကီးန်နှင့်ပတ်သက်သော အတ္ထုပ္ပတ္တိနှင့် စာပေရေးရာသုံးသပ်ချက်အများအပြား၌ ဤသို့အကျဉ်းချုပ်ဖော်ပြထားသည်။ လက်စွပ်များ၏ အရှင်သခင်ရေးသားစဉ် တော်ကီးန်သည် အရိုင်းသဘာဝပတ်ဝန်းကျင်၏ တန်ဖိုးများအား အကြီးအကျယ်စိတ်ဝင်စားခဲ့ပြီး ဖွံ့ဖြိုးပြီးကမ္ဘာများတွင် ကျန်ရှိနေသေးသော သဘာဝတောရိုင်းကို ကာကွယ်ရန်လည်း စိတ်ဝင်စားခဲ့သည်။[၈၁][၈၂]

ရေးသားခဲ့သောစာအုပ်များပြင်ဆင်

တော်လ်ကီးန်ရေးသားခဲ့သော Middle-Earth ဇာတ်လမ်းပုံပြင်ဝတ္ထုများကို High Fantasy အမျိုးအစားတွင် ထည့်သွင်းသတ်မှတ်ကြသည်။ တော်လ်ကီးန်ကိုယ်တိုင်က အထက်ပါ ဝတ္ထုဇာတ်လမ်းများအတွက် LEGENDARIUM ဟူသော Latin စကားလုံးကို ယူငင်သုံးဆွဲသည်။ Tolkien's legendarium ဟုနောက်တမျိုးခေါ်နိုင်ပါသည်။

ဟော့ဘစ် or The Hobbitပြင်ဆင်

The Hobbit, or There and Back Again ဝတ္ထုမှာ ကလေးများအတွက် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပြီး ၁၉၃၇ စက်တင်ဘာတွင် ထုတ်ဝေသည်။ Shire ရှိုင်းယားဒေသက ဘီလ်ဘိုဘက်ဂင်ဆိုသည့် ဟော့ဘစ်တစ်ယောက်၏ အံ့မခန်းစွန့်စားခန်းဖြစ်ပြီး The Lord of the Rings ၏ ရှေ့ပြေးဇာတ်လမ်းဖြစ်၏ ။ ကလေးစာပေပုံစံ၏ ဂန္ဓဝင်စာအုပ်တစ်အုပ်အဖြစ်သတ်မှတ်ထားသည်။

လက်စွပ်များ၏ အရှင်သခင် သို့ The Lord of the Ringsပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လက်စွပ်များ၏ အရှင်သခင်

ဘီဘိုလ်ဘက်ဂင်၏ တူဖြစ်သူ ဖရိုဒိုဘက်ဂင်နှင့် ၎င်း၏ အပေါင်းအဖော်တသိုက်တို့ အမှောင်သခင်ဆော်ရွန်၏ အငြှိုး၊၊ရက်စက်မှု၊ ကြောက်စရာကောင်းသောမှော်စွမ်းအားများထည့်သွင်းထုလုပ်ထားသည့် တစ်ကွင်းတည်းသော လက်စွပ်ကို Shireဒေသ မှအစပြု၍ Mordorနယ်မြေထိ မည်သို့သယ်ဆောင်ပုံ၊ ကြုံတွေ့ရသောအခက်အခဲများ၊ ထူးဆန်းဖွယ်ရာများ၊ တိုက်ပွဲများစသည့် အကြောင်းအရာပေါင်းစုံလင်စွာဖြင့် စိတ်ကူးကွန့်မြူးထားသော ဝတ္ထုတစ်ပုဒ်ဖြစ်လေသည်။ The Hobbit ဝတ္ထုကျယ်ကျယ်ပြန့်ပြန့်အောင်မြင်လာမှုကြောင့် "လက်စွပ်များ၏ အရှင်သခင်" ဝတ္ထုကို ဆက်လက်ရေးသားသည်။ ဟော့ဘစ်ရေးဖွဲ့စဉ်ကလို မဟုတ်ပဲ ဇာတ်လမ်း၏ နက်နဲကျယ်ပြန့်မှု၊ အတိုင်းအတာ၊ ရသ၊ ရှုထောင့်၊ ဇာတ်ကောင်စရိုက်၊ စိတ်ကူးကွန့်မြူးမှု၊ အကြောင်းအရာကိုသူမတူအောင် ပြန်လည်ပြောပြသော အတတ်ပညာ စသည်တို့မှာ ကြီးမားကြယ်ပြန့်လှပေသည်။ ရောင်းအားအကောင်းဆုံးစာအုပ်များအနက် တစ်အုပ်ဖြစ်လာခဲ့သည်။ ၂၀၀၃ ခုနှစ် BBC ၏ The Big Headစာရင်းကောက်လေ့လာမှုအရ ဗြိတိန်နိုင်ငံ၏ အကောင်ဆုံးဝတ္ထုများစာရင်းတွင် နံပါတ်တစ်နေရာ၌ရပ်တည်ခဲ့သည်။

တခြား ထင်ရှားသော Middle-Earth ဇာတ်လမ်းဝတ္ထုများမှာပြင်ဆင်

    • The Adventures of Tom Bombadil
    • Unfinished Tales
    • The Silmarillion
    • The Children of Húrin
    • The Fall of Gondolin
    • The History of Middle-earth ( ၁၂ တွဲ) နှင့်

တခြားစာအုပ် များစွာတို့ဖြစ်ကြသည်။

တခြားလုပ်ဆောင်မှုများပြင်ဆင်

တော်လ်ကီးန်၏ နောက်ထပ်ထူးခြားသော လုပ်ဆောင်မှုမှာ ဘာသာစကားအမြောက်အများကို တီထွင်ခြင်းပင်ဖြစ်သည်။ အက္ခရာပုံစံများကိုပါ တည်ထွင်သည်။ ထိုတီထွင်ထားသောဘာသာစကားများအနက် Quenya နှင့် Sindarin မှာ အထူးထင်ရှားပြီး သူ့၏ ဒဏ္ဍာရီအဝန်းအဝိုင်းဖြစ်သည့် အလယ်ပိုင်းကမ္ဘာမြေ middle-earth ဇာတ်လမ်းများမှ elf များပြောသော ဘာသာစကား အဖြစ်သုံးဆွဲခဲ့သည်။ middle-earthဇာတ်လမ်းများအပြင် ဘာသာပြန်စာပေများနှင့် တခြား ပညာရပ်ဆိုင်ရာ စာအုပ်များကိုလည်းရေးသား ထုတ်ဝေခဲ့သည်။ သူရေးသားခဲ့သော ဝတ္ထု၊ ကဗျာ၊ ပညာရပ်ဆိုင်ရာနှင့် တခြားအကြောင်းအရာများကို အောက်ပါ လိပ်စာတွင်ကြည့်ရှုနိုင်ပါသည်။ https://en.m.wikipedia.org/wiki/J._R._R._Tolkien_bibliography

ဆုတံဆိပ်၊ ဂုဏ်ပုဒ်များ၊ ဂုဏ်ပြုမှုများပြင်ဆင်

၁၉၅၄တွင် ဂုဏ်ထူးဆောင်ဘွဲ့ကို အိုင်ယာလန် နေရှင်နယ်တက္ကသိုလ်မှ ရရိှခဲ့သည်။ ၁၉၇၂ တွင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(ဒုတိယ) က တော်လ်ကီးန်ကို OBEဘွဲ့ချီးမြင့်ခဲ့သည်။ ထိုနှစ်တွင်ပင် အောက်စ်ဖို့ဒ် တက္ကသိုလ်က ၎င်းအား စာပေပါရဂူဘွဲ့ ချီးမြင့်ခဲ့လေသည်။ တော်လ်ကီးန်ကို ဂုဏ်ပြုသောအားဖြင့် The Tolkien Society က ၂၀၀၃ ခုမှစ၍ မတ်လ ၂၅ရက်နေ့ကို Tolkien Reading Day ဟုခေါ်တွင်ကာ ကမ္ဘာအနှံ့ကျောင်းများ၌စီစဉ်ကျင်းပပေးခဲ့ကြသည်။ တော်လ်ကီးန်ကို အမှတ်ရသောအားဖြင့် ၎င်းနာမည်၊၎င်းဇာတ်ကောင်များ၊ ၎င်းဝတ္ထုထဲ၌ပါဝင်သောနေရာများစသည်တို့ကိုလည်း နိုင်ငံအတော်များများတွင် လမ်းနာမည်၊တောင်နာမည်၊တိရစ္ဆာန်နှင့် အပင်မျိုးစိတ်၊ တခြားအထင်ကရ ပစ္စည်းများအတွက် ပေးထားကြသည်။ ဥပမာ ကနေဒါနိုင်ငံ ကတ်ဝေါလဒါတောင်တန်းရှိတောင်သုံးလုံးအမည်ကို Mount Shadowfax, Mount Gandalf and Mount Aragorn အဖြစ်ခေါ်တွင်စေသည်။

ဘဝနိဂုံးပြင်ဆင်

၁၉၇၃ စက်တင်ဘာ ၂ ရက် အသက် ၈၁ အရွယ်တွင်ကွယ်လွန်သည်။

မှတ်စုပြင်ဆင်

  1. "Middle-earth" is derived via Middle English middel-erthe, middel-erd from middangeard, an Anglo-Saxon cognate of Old Norse Miðgarðr, the land inhabited by humans in Norse mythology.
  2. Lúthien Tinúviel ['lu:θiɛ̯n ti'nu:viɛ̯l] Y.T. 1200–Y.S. 503; died aged 3377) is a fictional character in the fantasy-world Middle-earth of the English author J. R. R. Tolkien. She is an elf, daughter of Thingol and Melian. She appears in The Silmarillion, the epic poem The Lay of Leithian, the Grey Annals section of The War of the Jewels, and in other texts in Tolkien's legendarium. Her story is told to Frodo by Aragorn in The Lord of the Rings. [၆၇]
  3. Beren (also known as Beren Erchamion, "the One-handed", and Beren Camlost, "the Empty-handed") is a fictional character in J. R. R. Tolkien's Middle-earth legendarium. He appears in The Silmarillion. He is a human, and his love for the elf maiden Lúthien is central to the Tolkien legendarium. [၇၀]

ကိုးကားပြင်ဆင်

ယေဘုယျ ကိုးကားချက်များပြင်ဆင်

  • Carpenter, Humphrey (1977). Tolkien: A Biography. New York: Ballantine Books. ISBN 978-0-04-928037-3  (Cited as Biography.)
  • Grotta, Daniel (2002). J. R. R. Tolkien: Architect of Middle Earth: A Biography. Running Press. ISBN 978-0-7624-1337-9  - Total pages: 197
  • (1981) The Letters of J. R. R. Tolkien. London: George Allen & Unwin. ISBN 978-0-04-826005-5  (Cited as Letters.)

အညွှန်းများပြင်ဆင်

  1. Biography, pp. 111, 200, 266.
  2. Letters, nos. 131, 153, 154, 163.
  3. de Camp, L. Sprague (1976). Literary Swordsmen and Sorcerers: The Makers of Heroic Fantasy. Arkham House]. ISBN 978-0-87054-076-9  The author emphasizes the impact not only of Tolkien but also of William Morris, George MacDonald, Robert E. Howard, andE. R. Eddison.
  4. Mitchell၊ Christopher။ J. R. R. Tolkien: Father of Modern Fantasy Literature။ Veritas Forum။
  5. The Oxford companion to English Literature calls him "the greatest influence within the fantasy genre. (Sixth edition, 2000, page 352. Ed. Margaret Drabble.)
  6. (1999) The Encyclopedia of Fantasy. St. Martin's Press. ISBN 978-0-312-19869-5 
  7. "The 50 greatest British writers since 1945"၊ The Times၊ 5 January 2008။ 
  8. Miller၊ Matthew။ "Top-Earning Dead Celebrities"၊ Forbes၊ 27 October 2009။ 
  9. Biography, p. 14.
  10. Biography, p. 24.
  11. Biography, Ch I, "Bloemfontein". At 9 Ashfield Road, King's Heath.
  12. Biography, p. 27.
  13. Biography, p. 113.
  14. Biography, p. 29.
  15. Doughan၊ David (2002)။ JRR Tolkien Biography
  16. Biography, p. 22.
  17. Biography, p. 30.
  18. Biography, pp. 24–51.
  19. Biography, p. 31.
  20. J. R. R. Tolkien Archived 29 April 2011 at the Wayback Machine., Birmingham Heritage Forum. Retrieved 27 April 2009.
  21. J. R. R. Tolkien Archived 18 May 2008 at the Wayback Machine., Archives and Heritage Service, Birmingham City Council. Updated 7 January 2009. Retrieved 28 April 2009.
  22. Saler, Michael T. (2012) As If: Modern Enchantment and the Literary Pre-History of Virtual Reality, Oxford University Press, ISBN 978-0-19-534316-8, p. 181
  23. Tolkien's Not-So-Secret Vice
  24. Tolkien's Languages
  25. Bramlett, Perry C. (2002). I Am in Fact a Hobbit: An Introduction to the Life and Works of J. R. R. Tolkien. Mercer University Press, 136. ISBN 978-0-86554-894-7  See also: Book of the Foxrook Archived 2 February 2017 at the Wayback Machine.
  26. Smith, Arden R. (2006). "Esperanto", J. R. R. Tolkien Encyclopedia: Scholarship and Critical Assessment. Routledge, 172။  and Book of the Foxrook Archived 2 February 2017 at the Wayback Machine.; transcription on Tolkien i Esperanto Archived 19 October 2016 at the Wayback Machine.; the text begins with "PRIVATA KODO SKAŬTA" (Private Scout Code)
  27. Biography, pp. 53–54.
  28. Tolkien and the Great War, p. 6.
  29. Letters, no. 306.
  30. ၃၀.၀ ၃၀.၁ Hammond, Wayne G. (26 February 2004). The Lord of the Rings JRR Tolkien Author and Illustrator. Royal Mail Group plc (commemorative postage stamp pack)။ 
  31. ၃၁.၀ ၃၁.၁ ၃၁.၂ ၃၁.၃ ၃၁.၄ Letters, No. 43.
  32. Doughan၊ David (2002)။ War, Lost Tales and Academia
  33. Biography, p. 43.
  34. Biography, pp. 67–69.
  35. Biography, p. 86.
  36. Biography, pp. 77–85.
  37. London Gazette|issue=29232|page=6968|date=16 July 1915
  38. Quoted in John Garth, Tolkien and the Great War, p. 138.
  39. Garth (2003), pages 147–148.
  40. Garth (2003), p. 149.
  41. Biography, p. 93.
  42. The Lord of the Rings. Preface to the Second Edition.
  43. Garth (2003), pp. 207 et seq.
  44. Tolkien's Webley .455 service revolver was put on display in 2006 as part of a Battle of the Somme exhibition in the Imperial War Museum, London. (See SECOND LIEUTENANT J R R TOLKIEN။ Imperial War Museum။ and WEBLEY .455 MARK 6 (VI MILITARY)Imperial War Museum Collection Search။ Imperial War Museum။ 25 November 2018 တွင် ပြန်စစ်ပြီး။)
  45. Several of his service records, mostly dealing with his health problems, can be seen at the National Archives. (Officer's service record: J R R Tolkien။ National Archives။)
  46. Biography, p. 98 Archived 16 November 2016 at the Wayback Machine.
  47. "London Gazette|issue=30588 |supp=y|page=3561|date=19 March 1918"
  48. Grotta 2002, p. 58
  49. London Gazette|issue=32110 |supp=y|page=10711|date=2 November 1920
  50. Gilliver, Peter (2006). The Ring of Words: Tolkien and the OED. OUP။ 
  51. Grotta, Daniel (28 March 2001). J. R. R. Tolkien Architect of Middle Earth. Running Press, 64–. ISBN 978-0-7624-0956-3 
  52. See The Name Nodens (1932) in the bibliographical listing. For the etymology, see Nodens#Etymology.
  53. Acocella, Joan (2 June 2014). Slaying Monsters: Tolkien's 'Beowulf'. The New Yorker. Archived from the original on 30 May 2014. Retrieved 2 June 2014.  Unknown parameter |url-status= ignored (help)
  54. Biography, p. 143.
  55. Tolkien: Finn and Hengest. Chiefly, p.4 in the Introduction by Alan Bliss.
  56. Tolkien: Finn and Hengest, the discussion of Eotena, passim.
  57. Kennedy၊ Michael (2001)။ Tolkien and Beowulf – Warriors of Middle-earth
  58. Biography, p. 133.
  59. ၅၉.၀ ၅၉.၁ ၅၉.၂ ၅၉.၃ Letters, no. 35 (see also editorial note).
  60. ၆၀.၀ ၆၀.၁ ၆၀.၂ ၆၀.၃ Hammond, Wayne G. (2006). The J. R. R. Tolkien Companion and Guide 2. HarperCollins, 224, 226, 232. ISBN 978-0-618-39113-4 
  61. Grotta, Daniel (28 March 2001). J. R. R. Tolkien Architect of Middle Earth. Running Press, 110–. ISBN 978-0-7624-0956-3 
  62. Rogerson, John. The Oxford Illustrated History of the Bible, 2001.
  63. J. R. R. Tolkien, The Father Christmas Letters (1976)
  64. Nomination Database။ Nobel Foundation။
  65. London Gazette|issue=45554 |date=1 January 1972 |page=9 |supp=y
  66. Shropshire County Council (2002)။ J. R. R. Tolkien
  67. https://en.wikipedia.org/wiki/Lúthien
  68. Birzer, Bradley J. (13 May 2014). J. R. R. Tolkien's Sanctifying Myth: Understanding Middle-earth. Open Road Media. ISBN 978-1-4976-4891-3 
  69. "J. R. R. Tolkien Dead at 81; Wrote 'The Lord of the Rings'"၊ The New York Times၊ 3 September 1973။ "J. R. R. Tolkien, linguist, scholar and author of 'The Lord of the Rings', died today in Bournemouth. He was 81 years old. ..." 
  70. https://en.wikipedia.org/wiki/Beren
  71. Letters, no. 52, to Christopher Tolkien, 29 November 1943
  72. Letters, nos. 64, 131, etc.
  73. Wood, Ralph C. Biography of J. R. R. Tolkien (1892–1973). Addison, Texas; Leadership University. Updated 13 July 2002. Retrieved 28 April 2009.
  74. Tolkien, Mythopoeia (the poem), c. 1931.
  75. Carpenter, Humphrey (1978). The Inklings. Allen & Unwin. ISBN 978-0-00-774869-3  Lewis was brought up in the Church of Ireland.
  76. Letters, no. 83.
  77. Letters, no. 53.
  78. Letters, no. 229.
  79. Letters, no. 81.
  80. Letters, no. 102.
  81. Saguaro, Shelley (2013). "Tolkien and Trees", J. R. R. Tolkien: New Casebook. Palgrave Macmillan. ISBN 978-1-137-26399-5 
  82. Dickerson, Matthew (2006). Ents, Elves, and Eriador: The Environmental Vision of J. R. R. Tolkien. University of Kentucky Press. ISBN 978-0-8131-2418-6