ပုဏ္ဏကထေရ်
မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာအထက်၌ ရသေ့ဖြစ်ခဲ့၍ ၎င်း၏ သင်္ခမ်းကျောင်းအနီး တောင်ဝှမ်းကို အမှီပြု၍ တောင်ကြား၌ နေတော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးသည် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သဖြင့် မီးသင်္ဂြိုဟ်ခြင်း ပြုခဲ့သည်၊ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီး၍ နံ့သာရေကို ဖျန်းသောအခါ နတ်သားတစ်ပါးသည် ကောင်းကင်၌ တည်လျက် ‘‘ရသေ့...သင်သည် ပစ္စေကဗုဒ္ဓါအား မီးသင်္ဂြိုဟ်ခြင်းကို ပြုဘိ၏၊ ထိုနေ့မှ စ၍ သင်သည် ပုဏ္ဏကဟူသော အမည်ဖြင့် အခါခပ်သိမ်း ထင်ရှားပေလိမ့်မည်’’ဟု ပြောကြားခဲ့ည်။
ထိုဘဝမှ စုတေ၍ နတ်ပြည်ရောက်သော် ပုဏ္ဏကနတ်သားဟူသော အမည်ဖြင့် ထင်ရှားခဲ့သည်။ လူ့ဘဝ၊ နတ်ဘဝတို့၌ လည်းကောင်း၊ ဤနောက်ဆုံးဘဝ၌လည်းကောင်း၊ ပုဏ္ဏကဟုသာ ထင်ရှားခဲ့သည်။ ပစ္စေကဗုဒ္ဓါကို မီးသင်္ဂြိုဟ်ခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင် သာသနာတော်၌ ပုဏ္ဏကထေရ်ဟူသော အမည်ဖြင့်ပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၁][၂]