ပုပ္ပါးတောင် အမျိုးသားဥယျာဉ်
ပုပ္ပါးတောင် အမျိုးသားဥယျာဉ် (Popa Mountain National Park) သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်အနီးတွင် တည်ရှိသည်။ အပူပိုင်းခြောက်သွေ့ ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ပုပ္ပါးတောင်မကြီးတွင်ရှိသော ဆေးဘက်ဝင်သစ်ပင်ပန်းမန်များကို ထိန်းသိမ်းရန်၊ ဒေသခံများ၏ လူမူဘဝအခြေအနေများကို မြှင့်တင်ရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။
တည်နေရာ
ပြင်ဆင်ရန်မြောက်လတ္တီတွဒ်၂၀°၅၃'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၁၄'၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင် (၁၂၉ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။
သဘာဝအရင်းအမြစ်များ
ပြင်ဆင်ရန်အင်းတိုင်းတော၊ သန်းဒဟတ်တော အမျိုးအစားများဖြစ်ပြီး ပုပ္ပါးတောင်မကြီးတွင် မြန်မာနိုင်ငံတဝန်း ကျော်ကြားလှသော ဆေးဘက်ဝင်သစ်ပင်များ ပေါက်ရောက်သည်။ တကမ္ဘာလုံး ခြိမ်းခြောက်ခံရသော မျိုးစိတ်များတွင် ပါဝင်သည့် ရွှေသမင်၊ မျောက်မျက်ကွင်းဖြူ၊ မျောက်ညို (Capped langur)၊ တောခွေးများ ရှိသည့်ဟု မှတ်တမ်းတင်ထားသည်။
ခြိမ်းခြောက်နေသာအန္တရာယ်များ
ပြင်ဆင်ရန်ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် မြေချဲ့ထွင်မှု၊ လက်ဖက်ခင်းများ၊ ငှက်ပျော၊သရက်တို့စိုက်ပျိုးမည်ဟုဆိုကာ စီးပွားရေးလုပ်ငန်းချဲ့ထွင်ရန် တောများခုတ်တွင်ရှင်းလင်းနေမှုတို့ကြောင့် ဒေသခံအဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသည်။ ထင်းအလို့ငှာ သစ်ခုတ်ခြင်းများခံရပြီး ဆေးဘက်ဝင်သစ်ပင်များလည်း တရားမဝင် ခုတ်ယူခြင်းခံနေရသည်။ (အထူးသဖြင့် စကားဝါ(Michelia champaca))
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
ပြင်ဆင်ရန်ကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီချိတ်ဆက်ကာ ကုန်းနေရေနေသတ္တဝါများကို လေ့လာခဲ့ကြပြီး ပါရဂူစာတမ်းအတွက် မျောက်မျက်ကွင်းဖြူတို့၏ ဂေဟစနစ်ကို လေ့လာနေသူများရှိသည်။
ခရီးသွားလုပ်ငန်းများ
ပြင်ဆင်ရန်ပုပ္ပါးတောင်သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကျော်ကြားလှသော နေရာတစ်ခုဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့်လည်း မဝေးလှကာ ဒေသတွင်းနှင့် နိုင်ငံခြားသားခရီးသွားများ များစွာလည်ပါတ်ကြသည်။ ပုပ္ပါးတောင် တွင် နတ်ကွင်းများလည်းတည်ရှိရာ နတ်နန်းတက်ရန် ဒေသတွင်းခရီးသွားများလာရောက်လေ့ရှိသည်။ ပုပ္ပါးတောင်တွင် အဆင့်မီဟော်တယ်ကြီးများ၊စားသောက်ဆိုင်များလည်း ရှိသဖြင့် ညအိပ်ညနေ ခရီးသွားရန်လည်း သင့်လျော်သည်။
လမ်းပမ်းဆက်သွယ်ရေး
ပြင်ဆင်ရန်- ရန်ကုန်-ကျောက်ပန်းတောင်း ကားဖြင့် ၄၁၀ မိုင်
- ရန်ကုန်-ညောင်ဦး လေယာဉ်ဖြင့် ၁ နာရီ
- ညောင်ဦး-ပုပ္ပါး ကားဖြင့် ၃၀ မိုင်
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
ပြင်ဆင်ရန်- မြန်မာနိုင်ငံ အလယ်ပိုင်း သဘာဝတောကျန်များကို လေ့လာနိုင်ခြင်း၊
- ငှက်မျိုးစုံနှင့် အခြားတိရစ္ဆာန်တို့ကို လေ့လာနိုင်ခြင်း၊
- အပူပိုင်းဇုံဒေသအတွင်း အိုအေစစ်သဖွယ် တည်ရှိနေသော သဘာဝ ရေမြေတောတောင်များ၏ ရှုခင်းအလှအပများ ခံစားနိုင်ခြင်း၊
- စန္ဒကူးသစ်မျိုးများ၊ ပရဆေးဖက်ဝင်အပင်နှင့် လေ့လာနိုင်ခြင်း၊ သဘာဝအတိုင်း ပျံ့နှံ့ပေါက်ရောက်မှု အခြေအနေ လေ့လာနိုင်ခြင်း၊
- လွန်ခဲ့သော နှစ်ပေါင်း ၃၂၀,၀၀၀ ခန့် မီးတောင်ဟောင်း၏ သဘာဝ တွင်းထွက်ကျောက်များ လေ့လာနိုင်ခြင်း၊
- ရှားပါး တိရစ္ဆာန်မျိုးဖြစ်သည့် မျောက်မျက်ကွင်းဖြူများအား လေ့လာနိုင်ခြင်း။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ပုပ္ပါးတောင်ဥယျာဉ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)