ဦးပေါ်လွင်စိန် (၁၉၅၈ ဖွား) သည် လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ၏ ဥက္ကဋ္ဌ ဖြစ်သည်။[၁] သူသည် ယင်းမတိုင်ခင်က တပ်မတော်အရာရှိနှင့်သံအမတ်ကြီး အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်သည်။ယင်းအပြင် သမ္မတဦးဝင်းမြင့် အစိုးရအဖွဲ့ လက်ထက် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်တာဝန် အပြင် ယခင်လူ့အခွင့်အရေးကော်မရှင်ဟောင်း တွင်လည်း အဖွဲ့ဝင် ဖြစ်ခဲ့သည်။


ပေါ်လွင်စိန်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ်လ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးလှမြင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်
တာဝန်သက်တမ်း
၁၄ ဇန်နဝါရီ ၂၀၂၀ – ၃ ဩဂုတ်လ ၂၀၂၃
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတဦးဝင်းမြင့်
သမ္မတရုံးအကြံပေးပုဂ္ဂိုလ်
တာဝန်သက်တမ်း
၈ မေ ၂၀၁၉ – ၁၄ ဇန်နဝါရီ ၂၀၂၀
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတဦးဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ခင်မိမိဝင်း
သားသမီးမဉ္ဇူစိန်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူသည် ရန်ကုန်တက္ကသိုလ် မှနေ၍ ၁၉၇၈ ခုနှစ် တွင် ဥပဒေဘွဲ့ ရရှိသည်။ယင်းနောက် OTS အမှတ်စဉ်(၅၈)ကို တက်ရောက်ပြီး တပ်မတော် စစ်ဥပဒေချုပ် ရုံးတွင် တာဝန်ထမ်းသည်။ ဒုလက်ထောက်စစ်ဥပဒေချုပ် အဖြစ် နောက်ဆုံးစစ်မှုထမ်းကာ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့သည်။သူသည် ဖိလစ်ပိုင်အမေရိကန် နှင့် ရုရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး များတွင် သံတမန်တာဝန် များ ထမ်းဆောင်ခဲ့သည်။[၂] ၂၀၀၇ ခုနှစ် အရောက် တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က သူ့အား နိုင်ငံခြားရေးဝန်ကြီးဌာန လေ့ကျင့်ရေး၊သုတေသနနှင့်နိုင်ငံခြားဘာသာစကားဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အစမ်းခန့်ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အတည်ခန့်သည်။[၃]

သံအမတ်ကြီးဘဝ ပြင်ဆင်ရန်

သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၂၆ ရက် နေ့တွင် ဩစတြေးလျနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းသည်။[၄] ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက် တွင် ဘယ်လ်ဂျီယံနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း စသည်ဖြင့် ပူးတွဲယူသည်။[၅] ထို့နောက် ၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မစ်ရှင်အဖွဲ့ အကြီးအကဲ ဖြစ်လာသည်။[၆] [၇] ၂၀၁၈ခုနှစ် ဇူလိုင်လ တွင် သံအမတ်ကြီး အဖြစ်မှ အငြိမ်းစားယူသည်။[၈]

သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ပြင်ဆင်ရန်

သူသည် ၂၀၁၉ ခုနှစ် မေလ ၈ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ [၉] အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဥပဒေရေးရာကိစ္စရပ်များအား အကြံပြုတင်ပြရပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တိုက်ရိုက် အစီရင်ခံရသည်။

လူ့အခွင့်အရေးကော်မရှင် ပြင်ဆင်ရန်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက် တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် အဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၎င်းအား တာဝန်ပေးသည်။[၁၀] ထိုတာဝန်ကို စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းအချိန်အထိ ဆက်လက်တာဝန်ထမ်းဆောင်ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်သည်။[၁၁] သူသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၏ တတိယမြောက်ဥက္ကဋ္ဌ ဖြစ်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး သမီး တစ်ဦး ရှိသည်။

ရရှိခဲ့သည့် ဆုတံဆိပ် ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ ရက် တွင် ဝဏ္ဏကျော်ထင် ဘွဲ့ အပ်နှင်းသည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃ ဩဂုတ် ၂၀၂၃)။ ၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. News and updates CredentialsNew Zealand Royal Honours and Investitures (3 Dec 2010)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  3. MYANMAR GAZETTEThe New Light of Myanmar Friday, 31 October, 2008 Page2 (30 October 2008)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  4. Credentials Ceremony for the Ambassador of the Union of Myanmar, the Ambassador of Japan, the Ambass...The Governor-General of the Commonwealth of Australia (26 August 2010)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  5. [https://uzo.sakura.ne.jp/burma/nlm/nlm_data/nlm_2012/nlm_09_2012/nlm_16_09_2012.pdf U Paw Lwin Sein appointed as Myanmar Ambassador to Kingdom of Belgium]။ The New Light of MyanmarSunday, 16 September, 2012 Page2 (16 September 2012)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  6. MD Miozzo for the EEAS and Ambassador U Paw Lwin Sein for Myanmar signed a joint statementEuropean External Action Service (5 March 2013)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  7. Ambassador Zhang Ming Meets with Myanmar's Ambassador Paw Lwin SeinHead of the Chinese Mission to the European Union (10 November 2017)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  8. COMMUNICATIONCouncil of the European UnionGeneral Secretariat (11 July 2018)။ 9 Dec 2023 တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော်သမ္မတရုံး၏အကြံပေးပုဂ္ဂိုလ်ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၈ မေ ၂၀၁၉)။ ၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းအမိန့်အမှတ်၊ ၃/၂၀၂၀မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ် (၁၄ ဇန်နဝါရီ ၂၀၂၀)။ ၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. သြဂုတ် ၃ ရက် ထိပ်တန်းသတင်းများBBC Burmese (၃ ဩဂုတ် ၂၀၂၃)။ ၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၉ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။