ပျားတူ
ပျားတူ (Hornet) | |
---|---|
ပျားတူ (Vespa orientalis) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်း: | Insecta |
မျိုးစဉ်: | Hymenoptera |
မျိုးရင်း: | Vespidae |
မျိုးရင်းသေး: | Vespinae |
မျိုးစု: | Vespa လင်းနီးယပ်၊ ၁၇၅၈ |
အမျိုးအစား မျိုးစိတ် | |
Vespa crabro လင်းနီးယပ်၊ ၁၇၅၈[၁]
| |
မျိုးစိတ်များ | |
|
ပျားတူ (Hornets) ဆိုသည်မှာ “ဘဒူ” ဟု အသံထွက်ခေါ်ဝေါ်လေ့ရှိသော နကျယ်မျိုး အင်းဆက်ဖြစ်ပြီး အုံဖွဲ့နေထိုင်သော နကျယ်ကောင်မျိုးများထဲတွင် အကြီးဆုံးဖြစ်၏။ ပျားတူတို့၏ အရွယ်အစားအနေဖြင့် ခန္ဓာကိုယ်အရှည်သည် ၂.၂ လက်မ (၅.၅ စင်တီမီတာ) အထိ ကြီးထွားနိုင်သည်။ ပျားတူ အစစ်အမှန်များသည် “ဗက်စပါ (Vespa)” မျိုးစုမှဖြစ်၏။ ပျားတူအစစ်အမှန်များကို ၎င်းတို့၏ ဦးခေါင်းပုံစံနှင့် အခြားအမြှေးပါးများနှင့် ခွဲခြားနိုင်သည်။ ပျားတူများကို ဥရောပ ၊ အာရှ ၊ အာဖရိက နှင့် အမေရိကတိုက် များတွင် တွေ့ရလေ့ရှိသည်။ ၎င်းတို့သည် ပူနွေးစိုစွတ်သော သစ်တောများနှင့် သဲကန္တာရဆန်သော ရာသီဥတုများကို နှစ်သက်ကြပြီး၊ တစ်နှစ်ပတ်လုံး အေးသောရာသီဥတုရှိသည့် ဒေသမျိုးတွင် တွေ့ရှိရခြင်းမရှိပေ။
ဇီဝစက်ဝန်းလည်ပုံ
ပြင်ဆင်ရန်ပထမဆုံးအနေဖြင့် ပျားတူဘုရင်မမှ တစ်ကောင်တည်း ပျားတူအုံအား ဆောက်လုပ်လေ၏။ သို့ရာတွင် ၎င်းလုပ်ဆောင်ချက်သည် ရာသီဥတုပေါ်မူတည်ကာ ဒေသတစ်ခုနှင့် တစ်ခုမတူညီကြပေ။ မြောက်အမေရိကမှ ပျားတူများသည် နွေဦးရာသီတွင် အသိုက်ဆောက်လုပ်ကြသည်။ အသိုက်ကို စတင်တည်ဆောက်သူ ထိုဘုရင်မ သည် ပျားတူအုံ၏ ဒီဇိုင်း ဗိသုကာပညာရှင်ပင် ဖြစ်လေသည်။ ထို့နောက် ၎င်းအုံ၌ အကောင်ပေါက်ရန် ဥ ဥခြင်း စတင်လုပ်လေ၏။ ၎င်းနောက် ပထမဆုံး ဘောက်ဖတ်ကဲ့သို့ သားလောင်းအကောင်ပေါက်လာလေသည်။ ဘုရင်မပျားတူသည် ၎င်းပိုးကောင်လေးများ ပိုးတုံးလုံးဘဝ ပိုးအိမ်မဖြစ်မချင်းအချိန်ထိ ၎င်းပထမဆုံးသားလောင်းများကို အစာကျွေးလေ၏။ ထို့နောက်တွင် ပိုးတုံးလုံးဘဝမှ နောက်ဆုံးဘဝအဆင့် ပျားတူအဖြစ်ရောက်ရှိလာကြပြီး ပထမဆုံး လုပ်သားပျားတူများ ဖြစ်လာကြလေသည်။ ၎င်းနောက်ပိုင်းကာလများတွင် အသိုက်အအုံ၏ လုပ်ငန်းဆောင်တာများကို ထိုလုပ်သားများကသာ ဦးစီးလုပ်ဆောင်ကြလေပြီး၊ ပျားတူ များအတွင်းတွင် ပျားတူ အမျိုးအစားခွဲခြားခြင်း (လုပ်သား၊ ဘုရင်မလောင်း၊ မျိုးပွားမည့် ပျာတူထီး) စသဖြင့် မွေးမြူတည်ဆောက်ကြလေသည်။[၂]
ပျားတူများသည် ၎င်းတို့၏ အသိုက်အုံဆောက်လုပ်ထားသော နေရာသည် အလွန်သေးငယ်နေပါက၊ အခြားနေရာသို့ ရွေ့ပြောင်းအခြေချလေ့ရှိကြသည်။ ဆောင်းဦးရာသီတွင် မျိုးဆက်သစ် ပျားတူဘုရင်မလောင်းလေးများ ပေါက်ဖွားလာကြလေသည်။ ငယ်ရွယ်သော အထီးများမှာမူ မျိုးမအောင်သော ဥများမှ ပေါက်ဖွားလာကြခြင်းဖြစ်သည်။ ဘုရင်မလောင်းလေးများသည် မိတ်လိုက်ကာ မျိုးအောင်ပြီးသည်နှင့် ဆောင်းရာသီတတွင်းလုံး နေထိုင်နိုင်မည့် ပိုးအိမ်တစ်ခုကို တည်ဆောက်ကြမည်ဖြစ်သည်။ အခြားပျားတူအားလုံးမှာ ပထမဆုံး နှင်းခဲကျသည့်အချိန်၌ သေဆုံးသွားကြလေသည်။
သားကောင်
ပြင်ဆင်ရန်ပျားတူများနှင့် နကျယ်အဝါအစင်းကြားများသည် ဥယျာဉ်မြေများအတွက် ကောင်းကျိုးဖြစ်စေ၏။ အဘယ်ကြောင့်ဆိုသော် ဥယျာဉ်များအတွင်းရှိ သစ်ပင်၊ ပန်းပင်များအား ဖျက်ဆီးတတ်သောပိုးမွှားအများစုမှာ ၎င်းတို့၏ အစာသားကောင်များဖြစ်သောကြောင့်ဖြစ်၏။ ပျားများသည်လည်း ပျားတူအစာပင်ဖြစ်သော်လည်း ပျားတူအသိုက်အအုံများသည် တစ်နှစ်သာခံပြီး ဆောင်းရာသီတွင် သေဆုံးကြလေ့ရှိသောကြောင့် ရေရှည်အတွက် စိတ်ပူစရာမလိုပေ။ ပျားတူများ စားလေ့ရှိသော ၎င်းတို့အမဲလိုက်သည့် သားကောင်များတွင် ယင်ကောင်၊ အခြား နကျယ်မျိုးများ၊ ပျား၊ ကျိုင်းကောင်၊ ပိုးတောင်မာ၊ ခူကောင်များ၊ ပုစဉ်းများနှင့် ပင့်ကူများ ပါဝင်သည်။
ပျားတူနှင့်တူသော အခြားတိရစ္ဆာန်များ
ပြင်ဆင်ရန်ပျားတူများအား နကျယ်အဝါစင်းများနှင့် မကြာခဏ ရောထွေးတတ်ကြသည်။ နကျယ်အဝါစင်းများမှာ ပျားတူထက် သေးငယ်ပြီး အရောင်မှာလည်း ကွဲပြားသည်။ ပျားတူများ၏ အရောင်အသွေးသည် အဝါရောင်နှင့် အနက်ရောင် ခပ်တောက်တောက်ဖြစ်သည်။
နကျယ်အဝါစင်းများသည် အထူးသဖြင့် ချိုမြိန်မှုရှိသော အစာမျိုးကိုနှစ်သက်ကြပြီး၊ ပျားတူများမှာ အသက်ရှင်သော အင်းဆက်များကို နှစ်သက်သော သားရဲဖြစ်ပြီး ချိုမြိန်မှုသည် သူတို့အား မဆွဲဆောင်နိုင်ပေ။
အဆိပ်ဆူး
ပြင်ဆင်ရန်ပျားတူများသည် အဆိပ်ဆူးရှိပြီး တုပ်တတ်သည်။ ၎င်းတို့သည် သားကောင်ကိုသတ်ရန်နှင့် ခုခံကာကွယ်ရန် ၎င်းကို အသုံးပြုကြသည်။ ပျားတူတုပ်ခြင်းသည် အလွန်နာကျင်နိုင်သော်လည်း အခြား နကျယ် သို့မဟုတ် ပျားတုပ်ခြင်းထက် ပို၍အန္တရာယ်ဖြစ်ခြင်းမျိုး မရှိပေ။ တုပ်ခံရသူတွင် ဓာတ်မတည့်မှုဖြစ်ခြင်း၊ ၎င်းနောက် တုပ်ခံရသောကြောင့် ကြောက်လန့်တုန်လှုပ်သွားခြင်း စသည့် အန္တရာယ်များ ရှိလိမ့်မည်ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ "Checklist of the species in the subfamily Vespinae (Insecta: Hymenoptera: Vespidae)" (1997). Natural History Bulletin of Ibaraki University 1: 51–92.
- ↑ Markle, Sandra. (2008)။ Hornets : incredible insect architects။ Minneapolis, MN: Lerner Publications Company။ ISBN 9780822572978။ OCLC 140103296။