သုပဘာဝတီဘွဲ့ခံ ပြင်စည်မြို့စားစုဖုရားသည် မန္တလေးမြို့တည်နန်းတည် ဘဝရှင် မင်းတုန်းမင်းတရားကြီးနှင့် နှမတော် မကွေး (မြစ်ကွေး) မိဖုရားတို့တွင် မြင်သည့် သမီးတော်ဖြစ်သည်။

ပြင်စည်စုဖုရား
ပြင်စည်မြို့စားစုဖုရား
နန်းသက်၁၈၆၆ – ၂၂ ဧပြီ ၁၈၈၃
ရှေ့မင်းဆက်ပြင်စည်မြို့စားမင်းသား သတိုးမင်းရဲ
​တောင်တွင်းချောင်မြို့စားမင်းသမီး
နန်းသက်၁၈၆၁ – ၁၈၆၆
ရှေ့မင်းဆက်မိုင်းလုံမင်းသမီး
နောက်မင်းဆက်တောင်တွင်းချောင်ထိပ်ခေါင်တင်
မွေးဖွား၁၈၆၁
ကွယ်လွန်1915 (1916) (အသက် ၅၄)
မန္တလေး
အိမ်ထောင်ဖက်ဦးဖေ
သားသမီးများပြင်စည်သမီးတော်ကြီး
ပြင်စည်သမီးတော်လတ်
ပြင်စည်ကိုယ်တော်လေး
တော်ဝင်ဘွဲ့အမည်
သုပဘာဝတီ
စံအိမ်ကုန်းဘောင်
ခမည်းတော်မင်းတုန်းမင်း
မယ်တော်မကွေးမိဖုရား

၁၈၆၁ ခုနှစ်တွင် မန္တလေးရွှေနန်းထက်၌ ဖွားမြင်သည်။ မူလက တောင်တွင်းချောင်မြို့ကို စားရပြီး၊ နောင် မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းအတွင်း ပြင်စည်မင်းသား သတိုးမင်းရဲ ကံကုန်သောအခါ ပြင်စည်မြို့ကို လဲလှယ်စားရသည်။

အစ်မတော် မင်းခင်းစုဖုရား လုပ်ကြံစွပ်စွဲခံရပြီး နောက်တစ်နေ့၊ ၁၈၈၃ခု ဧပြီလ ၂၃ ရက်၌ မယ်တော်နှင့်တကွ မာန်အောင်ရတနာ ဝါးခင်းကုန်းဘုရားသို့ ကျွန်သီးတော်အဖြစ် အလှူခံရပြီး၊ ထိုမှတစ်ဖန် ဧပြီ ၂၅တွင် မြို့ဝန်ပင်လယ်မြို့စားထံ အပ်ထားခံရသည်မှာ ၁၈၈၅ခု သီပေါမင်း ပါတော်မူသည်အထိ ဖြစ်သည်။

အင်္ဂလိပ်ခေတ်တွင် ဒုတိယတန်းဝင် မင်းသမီးအဖြစ် သတ်မှတ်ခံရပြီး ၁၈၈၆ခု မတ်လ ၂၁ရက်မှ စတင်ကာ ပင်စင်လစာ ၁၀၀ ကျပ်နှင့် အိမ်လခ ၆၀ ကျပ် ရရှိခံစားရသည်။

ဦးဖေဆိုသူနှင့် အိမ်ထောင်ကျကာ ပြင်စည်သမီးတော်ကြီး၊ ပြင်စည်သမီးတော်လတ်၊ ပြင်စည်ကိုယ်တော်လေး (ငယ်ကလွန်) တို့ကို ဖွားမြင်သည်။ အင်္ဂလိပ်အစိုးရက သမီးတော်နှစ်ပါးအတွက် ပညာသင်စရိတ် ၁၅ ရူပီးကျစီ ထောက်ပံ့ပေးသည်။

၁၉၁၅ခု မေလ ၁၈ရက်၊ သက်တော် ၅၄နှစ် အရွယ်တွင် အနိစ္စရောက်ပြီး၊ မန္တလေး ဆွေတော်မျိုးတော်များ သင်္ချိုင်းအတွင်း မြှုပ်နှံသင်္ဂြိုဟ်ထားသည်။

ကျမ်းကိုး ပြင်ဆင်ရန်

  • မောင်မောင်တင်၊ ဦး (အောက်တိုဘာ ၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ()။ စတုတ္ထအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန၊ ရန်ကုန်တက္ကသိုလ်။
  • သန်းဆွေ၊ မောင် (ထားဝယ်)။ ကုန်းဘောင်ရှင်းတမ်း။ နှာ ၁၈၇–၁၉၃။