သီရိသုရတနာဒေဝီဘွဲ့ခံ မင်းခင်းမြို့စားစုဖုရားသည် ပဉ္စမသံဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီးနှင့် နှမတော် မကွေး (မြစ်ကွေး) မိဖုရားတို့က မြင်သည့် သမီးတော်ဖြစ်သည်။

မင်းခင်းမြို့စားစုဖုရား
မင်းခင်းမြို့စား မင်းသမီး
နန်းသက်၁၈၆၁ ဧပြီ - ၁၈၈၃ ဧပြီ ၂၂
လယ်ကိုင်းမြို့စား မင်းသမီး
နန်းသက်၁၈၅၈ – ၁၈၆၁ ဧပြီ
ရှေ့မင်းဆက်နောင်တော် လယ်ကိုင်းမင်းသား (၁၈၅၈ခု ဖေဖော်ဝါရီလ ၈ ရက်တွင် ကံကုန်)
ကွယ်လွန်၁၈၈၄ ဧပြီ ၂၆
မန္တလေး
တော်ဝင်ဘွဲ့အမည်
သီရိသုရတနာဒေဝီ
စံအိမ်ကုန်းဘောင်
ခမည်းတော်မင်းတုန်းမင်း
မယ်တော်မကွေးမိဖုရား

မူလက လယ်ကိုင်းမြို့ကို စားရပြီး၊ ခမည်းတော်ဘုရားက ၁၈၆၁ ဧပြီလတွင် မင်းခင်းမြို့ကို လဲလှယ်အသုံးကံကျွေးပေးသည်။ ၁၈၆၈ခု ဖေဖော်ဝါရီလ ၆ရက်တွင် မိုင်းလုံးမင်းသမီးနှင့်အတူ သာယာဝတီမင်းလက်ထက် လှိုင်မင်းသမီ့းနည်း အခါတော်အတိုင်း နားထွင်းမင်္ဂလာဆင်ယင်စေသည်။ သီပေါမင်းနန်းတက်အပြီး၊ ၁၈၇၈ခု နိုဝင်ဘာလ ၁၈ရက်တွင် အခြားသော မင်းသမီးများနှင့်အတူ အနား ပတ္တမြား တစ်ရစ်စီ ရွှေဖလားဖြင့် သစ္စာတော်ရေတိုက်၍ သစ္စာတော်ပေးခံရသည်။

၁၈၈၃ခု ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပထမသမီးတော် ထိပ်စုမြတ်ဖုရားကြီး ဒေါလကရဏခေါ်သော မြဧယင် ပုခက်တင်မင်္ဂလာ ဆင်ယင်သောအခါ မင်းခင်းစုဖုရားနှင့် မိုးမိတ်မင်းသမီးတို့က မင်္ဂလာထမင်းဦးဟင်းဦး ခွံ့ရသည်။

ဘဝနေဝင်ချိန် ပြင်ဆင်ရန်

၁၈၈၃ခု ဧပြီလ ၂၂ ရက်တွင် မင်းခင်းစုဖုရားကို ငတုဆိုသူနှင့် မှားယွင်းသည်ဟုဆိုကာ အကျဉ်းချသည်။ ယင်းသည့် နောက်တစ်နေ့တွင် အသက်မှချမ်းသာပေးပြီး မိသားစုများနှင့်တကွ မာန်အောင်ရတနာ ဝါးခင်းကုန်းဘုရားသို့ ကျွန်သီးတော်အဖြစ် အလှူခံရသည်။ ကုန်းဘောင်ရာဇသွေးပါသူများကို ကျွန်အဖြစ် လှူရန်မသင့်ကြောင်း တံဆိပ်တော်ရ ဆရာတော်များ ရွှေနန်းတော်သို့ ကြွရောက်မိန့်တော်မူမှ ဧပြီ ၂၅ တွင် မယ်တော် မကွေးမိဖုရားနှင့် ခင်ပွန်း ဦးလှော်၊ သမီးငယ်တစ်၊ ညီမတော် ပြင်စည်မြို့စားစုဖုရားနှင့်တကွ မြို့ဝန်ပင်လယ်မြို့စားထံ အပ်ထားခံရသည်။

ငတုကို မိုးကောင်းမြို့သို့ စေလွှတ်ရာ မင်းကွန်းရွာအနီး ဧရာဝတီမြစ်အတွင်း မြို့ဝန် ပင်လယ်မြို့စားက ကွပ်မျက်၍ ရေသို့ချသည်။

၁၈၈၄ခု ဧပြီလ ၂၆ ရက်၊ ညနေ လေးချက်တီး (စက်နာရီ ညနေ ခြောက်နာရီ) အချိန်တွင် မင်းခင်းစုဖုရားကို ထောင်ဝင်းအတွင်း သုတ်သင်စီရင်သည်။

စုဖုရားလတ်၏ အမျက် ပြင်ဆင်ရန်

ငတု ဆိုတာက မကွေးဘုရားရဲ့ အကြီးတော်အိမ်က ခိုင်းတဲ့ ကောင်ကလေးပါ။ ထားထားဘုရားဟာ ဒီလောက်လည်း အရှက်တော် မနည်းပါဘူး။

— ကျောက်ဆောက်ထိပ်ခေါင်တင်က ညောင်ရမ်းထိပ်တင်ခေါင်ကြီးကို ပြောပြခဲ့ဖူးသောစကား

မင်းခင်းစုဖုရား၏ မယ်တော် မကွေးမိဖုရားသည် စကြာဒေဝီ မိဖုရားခေါင်ကြီးနှင့် အဖေတူအမေကွဲ ညီအစ်မတော်ပြီး လောင်းရှည်မိဖုရားနှင့်လည်း ညီအစ်မ တစ်ဝမ်းကွဲတော်သဖြင့် အချင်းချင်း ရင်းရင်းနှီးနှီး ရှိကြလေသည်။ လောင်းရှည်မိဖုရား၏ သားတော် သီပေါမင်းသားနှင့် မင်းခင်းစုဖုရားတို့မှာလည်း သက်တူရွယ်တူများ ဖြစ်ကြ၏။ ၎င်း သားတော်နှင့် သမီးတော်တို့ကို အရွယ်ရောက်သောအခါ စုံမက်လက်ထပ်ပေးကြရန် ညီအစ်မတော်နှစ်ပါး ကတိကဝတ် ထားခဲ့ကြသည်ဟု ဆိုသည်။ နောင်အခါ ချစ်သဝန်ကြောင် စုဖုရားလတ် သိလေသဖြင့် မင်းခင်းစုဖုရားကို အမျက်တော်ရှလေသည်ဟူ၏။ မလိုရင်းစွဲရှိသူ စုဖုရားလတ်၏ အကြိုက်ဆောင်သူ နောက်လိုက်တို့က မင်းသမီးနှင့် ငတုအရေး ပုံကြီးချဲ့ ဖန်တီးခြင်းပင် ဖြစ်သည်။ (အိမ်ရှေ့မင့်းသမီးတော် မင်းပြင်မင်းသမီးကိုလည်း နောက်ပိုင်းတွင် ဤသို့ စွပ်စွဲခဲ့ဖူးသေးသည်။)

ကျမ်းကိုး ပြင်ဆင်ရန်

  • မောင်မောင်တင်၊ ဦး (အောက်တိုဘာ ၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ()။ စတုတ္ထအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန၊ ရန်ကုန်တက္ကသိုလ်။
  • သန်းဆွေ၊ မောင် (ထားဝယ်) (ဧပြီ ၁၉၉၈)။ မင်းခင်းမင်းသမီးရှင်းတမ်း။ ရနံ့သစ်မဂ္ဂဇင်း။